လားရိႈးၿမိဳ႕တြင္ ေသာက္သံုးေရဖူလံုေရး လိုအပ္သည့္ ဆည္မ်ားအတြက္ အလွဴရွင္ရွာေဖြေန

လားရိႈးၿမိဳ႕တြင္ ေသာက္သံုးေရဖူလံုေရး လိုအပ္သည့္ ဆည္မ်ားအတြက္ အလွဴရွင္ရွာေဖြေန
အောက်တိုဘာ 15, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လားရႈိးၿမိဳ႕တြင္ သန္႔ရွင္းေသာ ေသာက္သံုးေရ ဖူလံုစြာရရိွေရးအတြက္ UN Habitat နွင့္ ပူးေပါင္းတည္ေဆာက္မည့္ဆည္အတြက္ လုပ္ငန္းစီမံကိန္းကိုေရးဆြဲၿပီးျဖစ္ေသာ္လည္း အလွဴရွင္ လိုအပ္ေနသျဖင့္ ရွာေဖြေနရဆဲျဖစ္ေၾကာင္း လားရိႈးၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနခြဲမွ သိရသည္။

"ဒီၿမိဳ႕နယ္မွာပဲ ဌာနဆိုင္ရာ(၁၂)ခုနဲ႔ေပါင္းၿပီးေတာ့မွ အဖြဲ႔ေလးတစ္ဖြဲ႕ ဖြဲ႔စည္းလိုက္တယ္။ UN Habitat  က ပညာရွင္တစ္ေယာက္ပါတယ္။ ပူးေပါင္းၿပီး စီမံကိန္းဆြဲတာ ၿပီးသြားၿပီေပါ့။ ဒီစီမံကိန္းကို တင္ျပလိုက္ပါၿပီ။ ၿပီးေတာ့ ျပည္နယ္အစိုးရအဖြဲ႕ ဌာနဆိုင္ရာကိုလည္း တင္ျပရဦးမယ္။ ငါတို႔ရဲ႕ စီမံခ်က္က စီမံကိန္း ဆြဲမယ့္ အဆင့္မွာပဲ ရပ္သြားၿပီ။ က်န္တာက အလွဴရွင္ရွာရမွာေပါ့။ UN Habitat နဲ႔ေပါင္းၿပီးေတာ့မွ သူတို႔က အလွဴရွင္ရွာရမွာေပါ့။ ေနာက္တစ္ခါ အစိုးရအဖြဲ႕ဌာနဆိုင္ရာေတြဆီမွာလည္း ရွိနိုင္တာေပါ့"ဟု လားရိႈးၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနခြဲမွ ဒုတိယအင္ဂ်င္နီယာမွဴးႀကီး ဦးတင္ေမာင္စိုးက ေျပာသည္။

လက္ရိွတြင္ လားရိႈးၿမိဳ႕၏ (၆၀)ရာခုိင္ႏႈန္းကိုသာ ေရျဖန္႔ေဝေပးႏုိင္ေနျခင္းျဖစ္ၿပီး ေရအလံုအေလာက္ ေပးေဝႏုိင္ရန္မွာ ဆည္တည္ေဆာက္ၿပီးစီးရန္လိုအပ္ေၾကာင္း သိရသည္။

"ခုျဖစ္ေနတာက မိုးရာသီမွာ ေရက လံုးဝသံုးလို႔မရဘူး။ ေတာင္က်ေရေတြနဲ႔ ေရာေနတာ။ ကြက္သစ္ဘက္ဆို ေရမရေသးဘူး။ ေရကို ခက္ခက္ခဲခဲနဲ႔ ကိုယ္ပိုင္တြင္းရွိတဲ့အိမ္ေတြကေန သြားသယ္ေနရတယ္။ ေရရတဲ႔ ရပ္ကြက္ေတြက်ေတာ့လည္း ေရေတြကေနာက္ေနတယ္။ အဆင္မေျပဘူးေပါ့။ ဆည္အသစ္ၿပီးတဲ့ အထိပဲ ဒုကၡခံေစာင့္ၾကည့္ရမွာေပါ့။"ဟု လားရိႈးၿမိဳ႕မွ ေဒၚၾကည္ေကြးက ေျပာသည္။

အသစ္ထပ္မံတည္ေဆာက္မည့္ဆည္မွာ လားရႈိးၿမိဳ႕မွ (၂)မိုင္ခန္႔အကြာ နတ္ေမာ္ဆံုေက်းရြာ၏ ေျမဧက(၂၀)ခန္႔တြင္ အေကာင္အထည္ေဖာ္သြားရန္ လ်ာထားေၾကာင္း သိရသည္။

အဆိုပါဆည္စီမံကိန္းအတြက္ လုပ္ငန္းစီမံကိန္းကို စက္တင္ဘာလ (၂၉) ရက္က UN Habital ရံုးတြင္ အတည္ျပဳလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ေအာင္ျပည့္

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် UN Habitat နှင့် ပူးပေါင်းတည်ဆောက်မည့်ဆည်အတွက် လုပ်ငန်းစီမံကိန်းကိုရေးဆွဲပြီးဖြစ်သော်လည်း အလှူရှင် လိုအပ်နေသဖြင့် ရှာဖွေနေရဆဲဖြစ်ကြောင်း လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနခွဲမှ သိရသည်။

"ဒီမြို့နယ်မှာပဲ ဌာနဆိုင်ရာ(၁၂)ခုနဲ့ပေါင်းပြီးတော့မှ အဖွဲ့လေးတစ်ဖွဲ့ ဖွဲ့စည်းလိုက်တယ်။ UN Habitat က ပညာရှင်တစ်ယောက်ပါတယ်။ ပူးပေါင်းပြီး စီမံကိန်းဆွဲတာ ပြီးသွားပြီပေါ့။ ဒီစီမံကိန်းကို တင်ပြလိုက်ပါပြီ။ ပြီးတော့ ပြည်နယ်အစိုးရအဖွဲ့ ဌာနဆိုင်ရာကိုလည်း တင်ပြရဦးမယ်။ ငါတို့ရဲ့ စီမံချက်က စီမံကိန်း ဆွဲမယ့် အဆင့်မှာပဲ ရပ်သွားပြီ။ ကျန်တာက အလှူရှင်ရှာရမှာပေါ့။ UN Habitat နဲ့ပေါင်းပြီးတော့မှ သူတို့က အလှူရှင်ရှာရမှာပေါ့။ နောက်တစ်ခါ အစိုးရအဖွဲ့ဌာနဆိုင်ရာတွေဆီမှာလည်း ရှိနိုင်တာပေါ့"ဟု လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနခွဲမှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးတင်မောင်စိုးက ပြောသည်။

လက်ရှိတွင် လားရှိုးမြို့၏ (၆၀)ရာခိုင်နှုန်းကိုသာ ရဖြေန့်ဝေပေးနိုင်နခြေင်းဖြစ်ပြီး ရေအလုံအလောက် ပေးဝေနိုင်ရန်မှာ ဆည်တည်ဆောက်ပြီးစီးရန်လိုအပ်ကြောင်း သိရသည်။

"ခုဖြစ်နေတာက မိုးရာသီမှာ ရေက လုံးဝသုံးလို့မရဘူး။ တောင်ကျရေတွေနဲ့ ရောနေတာ။ ကွက်သစ်ဘက်ဆို ရေမရသေးဘူး။ ရေကို ခက်ခက်ခဲခဲနဲ့ ကိုယ်ပိုင်တွင်းရှိတဲ့အိမ်တွေကနေ သွားသယ်နေရတယ်။ ရေရတဲ့ ရပ်ကွက်တွေကျတော့လည်း ရေတွေကနောက်နေတယ်။ အဆင်မပြေဘူးပေါ့။ ဆည်အသစ်ပြီးတဲ့ အထိပဲ ဒုက္ခခံစောင့်ကြည့်ရမှာပေါ့။"ဟု လားရှိုးမြို့မှ ဒေါ်ကြည်ကွေးက ပြောသည်။

အသစ်ထပ်မံတည်ဆောက်မည့်ဆည်မှာ လားရှိုးမြို့မှ (၂)မိုင်ခန့်အကွာ နတ်မော်ဆုံကျေးရွာ၏ မြေဧက(၂၀)ခန့်တွင် အကောင်အထည်ဖော်သွားရန် လျာထားကြောင်း သိရသည်။

အဆိုပါဆည်စီမံကိန်းအတွက် လုပ်ငန်းစီမံကိန်းကို စက်တင်ဘာလ (၂၉) ရက်က UN Habital ရုံးတွင် အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - အောင်ပြည့် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~