ၿမိတ္အေရွ႕ဘက္ကမ္းတြင္ ကုန္တင္ စက္ေလွတစ္စီး ေလွ၀မ္းဗိုက္ေပါက္၍ နစ္ျမႇဳပ္

ၿမိတ္အေရွ႕ဘက္ကမ္းတြင္ ကုန္တင္ စက္ေလွတစ္စီး ေလွ၀မ္းဗိုက္ေပါက္၍ နစ္ျမႇဳပ္
အောက်တိုဘာ 8, 2016
By Tachileik News Agency

ၿမိတ္ၿမိဳ႕ အေရွ႕ဘက္ကမ္းရွိ ကြၽန္းစုၿမိဳ႕နယ္၊ ပထက္ကြၽန္း၊ ေရႊသာေလ်ာင္းဘုရားအနီး ကမ္းေျခတြင္ မီးေသြးအိတ္မ်ားႏွင့္ အျခားကုန္မ်ား တင္ေဆာင္ထားသည့္ ကုန္တင္စက္ေလွတစ္စီး ေအာက္တိုဘာလ (၈) ရက္ေန႔တြင္  ေလွ၀မ္းဗိုက္ေပါက္ကာ နစ္ျမႇဳပ္သြားေၾကာင္း ယင္းကုန္တင္စက္ေလွ အလုပ္သမားမ်ားထံမွ သိရသည္။

“ၿမိတ္ကမ္းနားမွာ စားေသာက္ကုန္ႏွင့္လူသံုးပစၥည္းေတြ စက္ေလွေပၚတင္ၿပီး ျမစ္ထဲေက်ာက္ခ်ထားတုန္း ေလွ၀မ္းေပါက္ၿပီး ေရေတြ၀င္လာလို႔ အခ်ိန္မီ ကမ္းကပ္ခ်ိန္မွာ နစ္သြားတာပါ”ဟု စက္ေလွပဲ့နင္း ဦးမ်ိဳးမင္းညြန္႔က ေျပာသည္။

" ပိုင္သူထြန္း " အမည္ရွိ ကုန္တင္စက္ေလွသည္၊ ၿမိတ္ၿမိဳ႕၊ အိုးလုပ္ျပင္ရပ္ကြက္ ေတာေလွဆိပ္တြင္ မီးေသြးအိတ္မ်ားႏွင့္ အျခားကုန္ပစၥည္းမ်ားကို တင္ေဆာင္ၿပီး ေက်ာက္ခ်ထားစဥ္ ေအာက္တိုဘာလ (၈) ရက္ေန႔ နံနက္ (၂) နာရီအခ်ိန္တြင္ ေလွဝမ္းဗိုက္ေပါက္ကာ ေရဝင္လာသျဖင့္ ကြၽန္းစုၿမိဳ႕နယ္၊ ပထက္ကြၽန္း၊ ေရႊသာေလ်ာင္းဘုရားအနီး ကမ္းေျခသို႔ သြားေရာက္ ထိုးတင္ခဲ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ကုန္တင္ေလွေပၚတြင္ ဦးမ်ိဳးမင္းၫြန္႔ (ပဲ့နင္း)နွင့္ ေလွသား (၉) ဦးပါ႐ွိၿပီး စက္ေလွနစ္ျမႇဳပ္မွဳေၾကာင့္ ထိခိုက္ဒဏ္ရာရသူမရိွေၾကာင္း  သိရသည္။

သတင္း/ဓာတ္ပံု - ေဇာ္ေဇာ္(ၿမိတ္)

~~~~~~~~⊰❂ unicode ~~~~~~~~
မြိတ်မြို့ အရှေ့ဘက်ကမ်းရှိ ကျွန်းစုမြို့နယ်၊ ပထက်ကျွန်း၊ ရွှေသာလျောင်းဘုရားအနီး ကမ်းခြေတွင် မီးသွေးအိတ်များနှင့် အခြားကုန်များ တင်ဆောင်ထားသည့် ကုန်တင်စက်လှေတစ်စီး အောက်တိုဘာလ (၈) ရက်နေ့တွင် လှေဝမ်းဗိုက်ပေါက်ကာ နစ်မြှုပ်သွားကြောင်း ယင်းကုန်တင်စက်လှေ အလုပ်သမားများထံမှ သိရသည်။

“မြိတ်ကမ်းနားမှာ စားသောက်ကုန်နှင့်လူသုံးပစ္စည်းတွေ စက်လှေပေါ်တင်ပြီး မြစ်ထဲကျောက်ချထားတုန်း လှေဝမ်းပေါက်ပြီး ရေတွေဝင်လာလို့ အချိန်မီ ကမ်းကပ်ချိန်မှာ နစ်သွားတာပါ”ဟု စက်လှေပဲ့နင်း ဦးမျိုးမင်းညွန့်က ပြောသည်။

" ပိုင်သူထွန်း " အမည်ရှိ ကုန်တင်စက်လှေသည်၊ မြိတ်မြို့၊ အိုးလုပ်ပြင်ရပ်ကွက် တောလှေဆိပ်တွင် မီးသွေးအိတ်များနှင့် အခြားကုန်ပစ္စည်းများကို တင်ဆောင်ပြီး ကျောက်ချထားစဉ် အောက်တိုဘာလ (၈) ရက်နေ့ နံနက် (၂) နာရီအချိန်တွင် လှေဝမ်းဗိုက်ပေါက်ကာ ရေဝင်လာသဖြင့် ကျွန်းစုမြို့နယ်၊ ပထက်ကျွန်း၊ ရွှေသာလျောင်းဘုရားအနီး ကမ်းခြေသို့ သွားရောက် ထိုးတင်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုန်တင်လှေပေါ်တွင် ဦးမျိုးမင်းညွန့် (ပဲ့နင်း)နှင့် လှေသား (၉) ဦးပါရှိပြီး စက်လှေနစ်မြှုပ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇော်ဇော်(မြိတ်)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~