ခမ္းသားေငါဝ္း ဂ်ာနယ္၏ အယ္ဒီတာခ်ဳပ္ႏွင့္ အယ္ဒီတာအေပၚ ခ်မွတ္လိုက္သည့္ အသေရဖ်က္မႈ စီရင္ခ်က္ကို ဆက္လက္အယူခံဝင္မည္

ခမ္းသားေငါဝ္း ဂ်ာနယ္၏ အယ္ဒီတာခ်ဳပ္ႏွင့္ အယ္ဒီတာအေပၚ ခ်မွတ္လိုက္သည့္ အသေရဖ်က္မႈ စီရင္ခ်က္ကို ဆက္လက္အယူခံဝင္မည္
အောက်တိုဘာ 11, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ ့အေျခစိုက္ ပအို၀့္ဘာသာျဖင့္ ေရးသားထုတ္ေဝသည့္ ခမ္းသာေငါ၀္း ဂ်ာနယ္၏ အယ္ဒီတာခ်ဳပ္ႏွင့္ အယ္ဒီတာတို႔အား အသေရဖ်က္မႈျဖင့္ စီရင္ခ်က္ခ်လိုက္သျဖင့္ အယူခံဝင္သြားမည္ျဖစ္ေၾကာင္း အဆိုပါဂ်ာနယ္ အယ္ဒီတာခ်ဳပ္ထံမွ သိရသည္။

ပင္ေလာင္းၿမိဳ႕နယ္တရားရံုးက ေအာက္တိုဘာလ (၁၁) ရက္တြင္ ေထာင္ဒဏ္တစ္လ (သို႔မဟုတ္) ေငြဒဏ္သံုးေသာင္း ခ်မွတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ့္ အေနနဲ႔ကေတာ့ ဒီလိုအမိန္႔ခ်သြားတာဟာ မတရားဘူးလုိ ့ ျမင္တယ္။ ဒါေၾကာင့္ ကၽြန္ေတာ့္အေနနဲ ့ ကိုယ့္အလုပ္ကိုကိုယ္ ယုံၾကည္တဲ့အတြက္ ေငြဒဏ္(၃)ေသာင္းမေျပာနဲ ့ (၅၀၀)ေတာင္ မတရားတာေၾကာင့္ အယူခံ၀င္သြားမွာပါ။"ဟု ခမ္းသာေငါ၀္းဂ်ာနယ္မွ အယ္ဒီတာခ်ဳပ္ျဖစ္သည့္ ဦးခြန္သန္းေအာင္က ေျပာသည္။

၂၀၁၅ ခုႏွစ္ ဇူလိုင္လက ခမ္းသားေငါဝ္းဂ်ာနယ္တြင္ ေဖာ္ျပသည့္ ေဆာင္းပါးႏွင့္ ပတ္သက္၍  ပအို၀္းအမ်ိဳးသား အဖြဲ ့ခ်ဳပ္(PNO) ေနာင္တရားၿမိဳ႕ ဒုတိယဥကၠဌ ဦးခြန္ေသာင္းတင္က ပင္ေလာင္းၿမိဳ႕နယ္ တရားရံုးတြင္ အသေရဖ်က္မႈ (ပုဒ္မ ၅၀၀ )ျဖင့္ ဂ်ာနယ္ အယ္ဒီတာခ်ဳပ္ ဦးခြန္သန္းေအာင္ႏွင့္ အယ္ဒီတာ ဦးခြန္ရာဇာတို႔ကို တရားစြဲဆိုခဲ့ျခင္းျဖစ္သည္။

အဆိုပါ ေဆာင္းပါးတြင္ တရားလိုျဖစ္သူ ဦးခြန္ေသာင္းတင္ကို ေ၀ဖန္ေရးသားေသာ စကားလုံး မပါ၀င္သည့္ အတြက္ အသေရဖ်က္မႈေျမာက္ရန္အေၾကာင္းမရိွသည့္ အျပင္ တရားလိုဘက္မွ စြဲခ်က္တင္ရာတြင္ မည္သည့္ အေရးအသားက အသေရပ်က္ေစေၾကာင္း မေဖာ္ျပႏို္င္ခဲ့ဘဲ ယခုလို စီရင္ခ်က္ ခ်ခဲ့ျခင္းျဖစ္ေၾကာင္း ဦးခြန္သန္းေအာင္က ေျပာသည္။

"ပုဒ္မ(၅၀၀)နဲ ့ပတ္သက္ၿပီးေတာ့ ျပင္ဖို႔သင့္တယ္ဆိုတာကို ၿပီးခဲ့တဲ့ အစိုးရ လက္ထက္ကတည္းက ေျပာလာခဲ့ၾကတယ္။ ဒါေပမဲ့ ခမ္းသာေငါ၀္းဂ်ာနယ္အေနနဲ႔ အခုလို အမိန္႔ခ်မွတ္ခံလိုက္ရေတာ့ ပိုၿပီးေတာ့ ျမန္ထက္တဲ့ ျပင္ဆင္မႈလုပ္ဖို ့လိုၿပီဆိုတဲ့ဟာကို ျပတာေပါ့ေနာ္။ ဒီပုဒ္မဟာ သတင္းမီဒီယာေတြအေနနဲ ့ လြတ္လပ္စြာ ေရးသားထုတ္ေဖာ္ခြင့္နဲ ့ ပတ္သက္တဲ့ ကိစၥေတြမွာ ပိုၿပီးေတာ့ ၿခိမ္းေျခာက္လာတယ္ ဆိုတာကို ပိုၿပီးထင္ရွားလာၿပီးေတာ့ လႊတ္ေတာ္မွာတင္ျပၿပီးေတာ့ ျပဳျပင္ႏိုင္ဖို႔အတြက္ သတင္းမီဒီယာနဲ ့ သက္ဆိုင္တဲ့လူေတြ အားလုံးလုပ္ဖို ့ လိုလာၿပီလို ့ထင္ပါတယ္။"ဟု ျမန္မာဂ်ာနယ္လစ္ကြန္ရက္ ( MJN )မွ လုပ္ငန္းေကာ္မတီ၀င္ ဦးျမင့္ေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ တရားစြဲဆိုမႈမွာ ရုံးခ်ိန္းေပါင္း (၃၈)ႀကိမ္ထိရိွခဲ့ၿပီး အၿပီးသတ္ ေလွ်ာက္လဲခ်က္တင္ၿပီး (၂၂) ရက္ အၾကာတြင္ ပင္ေလာင္းၿမိဳ ့နယ္တရားရုံးမွ တရားသူႀကီး ဦးေအာင္ေက်ာ္ဆန္းက စီရင္ခ်က္ ခ်လိုက္ျခင္းျဖစ္ကာ ယခုအစိုးရသစ္ လက္ထက္တြင္လည္း သတင္းမီဒီယာမ်ားအေပၚ အသေရဖ်က္မႈႏွင့္ တရားစြဲဆိုခံထားရမႈ (၃)မႈရိွေနၿပီျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ ခမ္းသားေငါဝ္းဂ်ာနယ္မွ အယ္ဒီတာခ်ဳပ္ႏွင့္ အယ္ဒီတာအား ခ်မွတ္လိုက္သည့္ျပစ္ဒဏ္အတြက္ ဒဏ္ေငြကို တရားရံုးစီရင္ခ်က္ခ်ရာသို႔ လာေရာက္သည့္ စာဖတ္ပရိတ္သတ္နဲ ့ အရပ္ဖက္အဖြဲ ့ အစည္းတို႔က ေပးေဆာင္လိုက္ေၾကာင္း သိရသည္။

ပအို၀့္အမ်ိဳးသားအဖြဲ ့ခ်ဳပ္၏ ေခါင္းေဆာင္ ဦးေအာင္ခမ္းထီး၏ (၇၉)ႏွစ္ျပည့္ေမြးေန ့ကို အေၾကာင္းျပဳကာ PNO က ပအို၀္းေဒသမ်ားတြင္ အလွဴေငြနဲ ့လဖက္ေျခာက္မ်ားကို PNO ၏ တရား၀င္ တံဆိပ္တံုး အမွတ္အသားပါသည့္ စာထုတ္ကာ လိုက္လံေကာက္ခံမႈအေပၚ အဆိုပါ ဂ်ာနယ္မွ ေဆာင္းပါး ေရးသားထုတ္ေ၀ခဲ့ျခင္းျဖစ္သည္။

သတင္း - ဇြဲျမတ္
ဓာတ္ပံု - John Zaw


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့အခြေစိုက် ပအိုဝ့်ဘာသာဖြင့် ရေးသားထုတ်ဝေသည့် ခမ်းသာငေါဝ်း ဂျာနယ်၏ အယ်ဒီတာချုပ်နှင့် အယ်ဒီတာတို့အား အသရေဖျက်မှုဖြင့် စီရင်ချက်ချလိုက်သဖြင့် အယူခံဝင်သွားမည်ဖြစ်ကြောင်း အဆိုပါဂျာနယ် အယ်ဒီတာချုပ်ထံမှ သိရသည်။

ပင်လောင်းမြို့နယ်တရားရုံးက အောက်တိုဘာလ (၁၁) ရက်တွင် ထောင်ဒဏ်တစ်လ (သို့မဟုတ်) ငွေဒဏ်သုံးသောင်း ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော့် အနေနဲ့ကတော့ ဒီလိုအမိန့်ချသွားတာဟာ မတရားဘူးလို့ မြင်တယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ကိုယ့်အလုပ်ကိုကိုယ် ယုံကြည်တဲ့အတွက် ငွေဒဏ်(၃)သောင်းမပြောနဲ့ (၅၀၀)တောင် မတရားတာကြောင့် အယူခံဝင်သွားမှာပါ။"ဟု ခမ်းသာငေါဝ်းဂျာနယ်မှ အယ်ဒီတာချုပ်ဖြစ်သည့် ဦးခွန်သန်းအောင်က ပြောသည်။

၂၀၁၅ ခုနှစ် ဇူလိုင်လက ခမ်းသားငေါဝ်းဂျာနယ်တွင် ဖော်ပြသည့် ဆောင်းပါးနှင့် ပတ်သက်၍ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO) နောင်တရားမြို့ ဒုတိယဥက္ကဌ ဦးခွန်သောင်းတင်က ပင်လောင်းမြို့နယ် တရားရုံးတွင် အသရေဖျက်မှု (ပုဒ်မ ၅၀၀ )ဖြင့် ဂျာနယ် အယ်ဒီတာချုပ် ဦးခွန်သန်းအောင်နှင့် အယ်ဒီတာ ဦးခွန်ရာဇာတို့ကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆောင်းပါးတွင် တရားလိုဖြစ်သူ ဦးခွန်သောင်းတင်ကိုေဝဖန်ရေးသားသော စကားလုံး မပါဝင်သည့် အတွက် အသရေဖျက်မှုမြောက်ရန်အကြောင်းမရှိသည့် အပြင် တရားလိုဘက်မှ စွဲချက်တင်ရာတွင် မည်သည့် အရေးအသားက အသရေပျက်စေကြောင်း မဖော်ပြနို်င်ခဲ့ဘဲ ယခုလို စီရင်ချက် ချခဲ့ခြင်းဖြစ်ကြောင်း ဦးခွန်သန်းအောင်က ပြောသည်။

"ပုဒ်မ(၅၀၀)နဲ့ပတ်သက်ပြီးတော့ ပြင်ဖို့သင့်တယ်ဆိုတာကို ပြီးခဲ့တဲ့ အစိုးရ လက်ထက်ကတည်းက ပြောလာခဲ့ကြတယ်။ ဒါပေမဲ့ ခမ်းသာငေါဝ်းဂျာနယ်အနေနဲ့ အခုလို အမိန့်ချမှတ်ခံလိုက်ရတော့ ပိုပြီးတော့ မြန်ထက်တဲ့ ပြင်ဆင်မှုလုပ်ဖို့လိုပြီဆိုတဲ့ဟာကို ပြတာပေါ့နော်။ ဒီပုဒ်မဟာ သတင်းမီဒီယာတွေအနေနဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ပိုပြီးတော့ ခြိမ်းခြောက်လာတယ် ဆိုတာကို ပိုပြီးထင်ရှားလာပြီးတော့ လွှတ်တော်မှာတင်ပြပြီးတော့ ပြုပြင်နိုင်ဖို့အတွက် သတင်းမီဒီယာနဲ့ သက်ဆိုင်တဲ့လူတွေ အားလုံးလုပ်ဖို့ လိုလာပြီလို့ထင်ပါတယ်။"ဟု မြန်မာဂျာနယ်လစ်ကွန်ရက် ( MJN )မှ လုပ်ငန်းကော်မတီဝင် ဦးမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ တရားစွဲဆိုမှုမှာ ရုံးချိန်းပေါင်း (၃၈)ကြိမ်ထိရှိခဲ့ပြီး အပြီးသတ် လျှောက်လဲချက်တင်ပြီး (၂၂) ရက် အကြာတွင် ပင်လောင်းမြို့နယ်တရားရုံးမှ တရားသူကြီး ဦးအောင်ကျော်ဆန်းက စီရင်ချက် ချလိုက်ခြင်းဖြစ်ကာ ယခုအစိုးရသစ် လက်ထက်တွင်လည်း သတင်းမီဒီယာများအပေါ် အသရေဖျက်မှုနှင့် တရားစွဲဆိုခံထားရမှု (၃)မှုရှိနပြေီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ခမ်းသားငေါဝ်းဂျာနယ်မှ အယ်ဒီတာချုပ်နှင့် အယ်ဒီတာအား ချမှတ်လိုက်သည့်ပြစ်ဒဏ်အတွက် ဒဏ်ငွေကို တရားရုံးစီရင်ချက်ချရာသို့ လာရောက်သည့် စာဖတ်ပရိတ်သတ်နဲ့ အရပ်ဖက်အဖွဲ့ အစည်းတို့က ပေးဆောင်လိုက်ကြောင်း သိရသည်။

ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်၏ ခေါင်းဆောင် ဦးအောင်ခမ်းထီး၏ (၇၉)နှစ်ပြည့်မွေးနေ့ကို အကြောင်းပြုကာ PNO က ပအိုဝ်းဒေသများတွင် အလှူငွေနဲ့လဖက်ခြောက်များကို PNO၏ တရားဝင် တံဆိပ်တုံး အမှတ်အသားပါသည့် စာထုတ်ကာ လိုက်လံကောက်ခံမှုအပေါ် အဆိုပါ ဂျာနယ်မှ ဆောင်းပါး ရေးသားထုတေ်ဝခဲ့ခြင်းဖြစ်သည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ - John Zaw

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~