ပြန္ေခ်ာင္းေရကာတာ စမ္းသပ္တိုင္းတာေနမႈႏွင့္ စီမံကိန္းအၿပီးသတ္ ရပ္ဆိုင္းေပးရန္ေတာင္းဆို

ပြန္ေခ်ာင္းေရကာတာ စမ္းသပ္တိုင္းတာေနမႈႏွင့္ စီမံကိန္းအၿပီးသတ္ ရပ္ဆိုင္းေပးရန္ေတာင္းဆို
အောက်တိုဘာ 16, 2016
By Tachileik News Agency

ကယားျပည္နယ္ ၊ ေဘာလခဲၿမိဳ႕နယ္ ၊ ေစာလုံေက်းရြာအုပ္စုရွိ ပြန္ေခ်ာင္းေပၚတြင္ တည္ေဆာက္ရန္ လ်ာထားသည့္ ေရကာတာစီမံကိန္းစမ္းသပ္တိုင္းတာမႈႏွင့္ ပတ္သက္၍ ေဒသခံမ်ားအား အသိေပး ရွင္းလင္းျခင္းမရိွဘဲ ေဆာင္ရြက္ေနသျဖင့္ ရပ္ဆိုင္းရန္ ေဒသခံမ်ားက ေတာင္းဆိုလိုက္သည္။

"ကၽြန္ေတာ္တို႔အတြက္ ပြင့္လင္းျမင္သာမႈရွိရွိ လာခ်ျပတာမရွိဘူး။ စမ္းသပ္ဖို႔ လုပ္ဖို႔ခြင့္ျပဳလိုက္တဲ့သူ ေတြကလည္း ဒီကေဒသခံေတြ မဟုတ္ဘဲ ဝန္ထမ္းေတြျဖစ္ေနတယ္။ အဲဒါကိုလည္း ကန္႔ကြက္တယ္။ ကၽြန္ေတာ္တို႔ ျပည္သူအတြက္ အက်ိဳးထိခိုက္ေစမယ့္ ဒီေရကာတာတည္ေဆာက္မႈကို ရပ္တန္႔ေပးဖို႔ ေတာင္းဆိုတယ္"ဟု ေဘာလခဲေဒသခံ ဦးဝင္းဦး က ေျပာသည္။

အဆိုပါ လ်ာထားစီမံကိန္းအတြက္ တုိင္းတာမႈမ်ား လုပ္ေဆာင္ေနသည့္ ေရႊေတာင္ကုမၸဏီလီမိတက္၊ GTS Co.Ltd., ၏ လုပ္ေဆာင္ခ်က္မ်ားႏွင့္ စီမံကိန္းအားဖ်က္သိမ္းေပးရန္ ေဘာလခဲၿမိဳ႕တြင္ လူထုတစ္ေထာင္ေက်ာ္က ပထမဆုံးအႀကိမ္အျဖစ္ ေအာက္တိုဘာလ (၁၁)ရက္က ဆႏၵထုတ္ေဖာ္ ေတာင္းဆိုခဲ့ၾကျခင္းျဖစ္သည္။

ေရကာတာတည္ေဆာက္ျခင္းအားျဖင့္ သမိုင္းအေမြအႏွစ္မ်ား၊ ေဒသခံမ်ား၏ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ား ပ်က္စီးဆုံးရႈံးရမည္ကိုလည္း ေဒသခံမ်ား အေနျဖင့္ စိုးရိမ္ျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

"ကၽြန္မတို႔ ေဘာလခဲက ေတာင္ေပၚေဒသျဖစ္ေပမဲ့ အညာလိုပူတယ္။ ေျမေအာက္ေရမရိွဘူး။ ေရတြင္းတူးလို႔မရဘူး။ ဒီပြန္ေခ်ာင္းေရကို မွီခိုရတာျဖစ္လို႔ ေရကာတာလုပ္ဖို႔လုံးဝ ခြင့္မျပဳႏိုင္ဘူး။ သူတို႔ ကလည္း ခုစမ္းသပ္ေနတဲ့ ကာလမွာေတာင္ ပြင့္လင္းျမင္သာမႈရွိရွိ ဘာတစ္ခုမွမခ်ျပဘူးဆိုေတာ့ ေတာင္းဆိုဖို႔ တစ္ခုတည္းပဲ ဒီစီမံကိန္းကို ဖ်က္သိမ္းေပးပါလို႔ပဲ ေတာင္းဆိုခ်င္တယ္"ဟု ထာဝရပြန္ေခ်ာင္း ရွင္သန္ေရးအဖြဲ႕မွ မလိႈင္မ်ိဳးခိုင္က ေျပာသည္။

နမ့္ပြန္ေခ်ာင္းေရအား လ်ွပ္စစ္စီမံကိန္းအား စမ္းသပ္ခြင့္ျပဳရန္ ယခင္အစိုးရလက္ထက္၂၀၁၄ ခုႏွစ္ကတည္းက အစိုးရႏွင့္ နားလည္မႈ စာခၽြန္လႊာေရးထိုးထားခဲ့ျခင္းျဖစ္ၿပီး ကရင္နီ အမ်ိဳးသား တိုးတတ္ေရးပါတီ KNPP ကလည္း ၂၀၁၆ ခုႏွစ္ ဇူလိုင္လမွစ၍ စမ္းသပ္တိုင္းတာရန္ ခြင့္ျပဳထားျခင္းျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔က တူးၿပီးေတာ့ ေက်ာက္သားနမူနာေတြ ယူတယ္။ ၿပီးရင္ ပညာ႐ွင္ေတြက ဒါကို ၾကည့္ၿပီး သူတို႔ပဲဆံုးျဖတ္ပါလိမ့္မယ္။" ဟု စမ္းသပ္မႈလုပ္ေဆာင္ေနသည့္ တာဝန္ရိွသူတစ္ဦးက ဆိုသည္။

ေရကာတာတည္ေဆာက္ရန္ စမ္းသပ္တိုင္းတာေနသည့္ ေစာလုံေက်းရြာသည္ ကယားျပည္နယ္၏ သမိုင္းဝင္ ေစာ္ဘြားေစာလေဖာ္ ေဟာ္နန္းစိုက္ခဲ့သည့္ ေနရာျဖစ္ရာ ယဥ္ေက်းမႈအေမြႏွစ္မ်ားႏွင့္ သမိုင္းဝင္ေက်းရြာ တစ္ခုေပ်ာက္ကြယ္သြားမည္ကိုလည္း ေဒသခံမ်ားက စိုုးရိမ္ေနျခင္းျဖစ္သည္။

"ဒီရြာက ေစာဖ်ားေတြ ေဟာ္နန္းစိုက္ခဲ့တဲ့ေနရာ။ အခုဆို သမိုင္းေတြက ေပ်ာက္ကြယ္လုနီးနီး ျဖစ္ေနၿပီ။ ဒါေတြ ဝိုုင္းထိန္းသိမ္းေပးရမယ့္ဟာ အခုလိုေရကာတာ စီမံကိန္းလုပ္မယ္ဆိုေတာ့ မျဖစ္သင့္ဘူးေပ့ါေလ။ အစိုးရအေနနဲ႔လည္း ဒီေရကာတာ စီမံကိန္း ဖ်က္သိမ္းေပးဖို႕ ကူညီေပးပါလို႕ပဲ ေျပာခ်င္ပါတယ္။ အခုလိုေရကာတာ တည္ေဆာက္မႈကို ဖ်က္သိမ္းေပးပါ”ဟု ေစာလုံေက်းရြာတြင္ဆယ္စုႏွစ္ၾကာ ဥကၠဌတာဝန္ထမ္းေဆာင္ခဲ့သည့္ ဦးဘိုးရယ္ ကေျပာသည္။

ေဘာလခဲၿမိဳ႕ ေစာလုံေက်းရြာ ပြန္ေခ်ာင္းေပၚတြင္ တည္ေဆာက္မည့္ အထက္ေဟာ္ခမ္း ေရကာတာမွာ အျမင့္ေပ(၄၉)မီတာျမင့္မည္ျဖစ္ၿပီး လွ်ပ္စစ္ဓာတ္အား (၁၃၉)မဂၢါဝပ္ထုတ္လုပ္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဆန္းၿဖဳိးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ စောလုံကျေးရွာအုပ်စုရှိ ပွန်ချောင်းပေါ်တွင် တည်ဆောက်ရန် လျာထားသည့် ရေကာတာစီမံကိန်းစမ်းသပ်တိုင်းတာမှုနှင့် ပတ်သက်၍ ဒေသခံများအား အသိပေး ရှင်းလင်းခြင်းမရှိဘဲ ဆောင်ရွက်နေသဖြင့် ရပ်ဆိုင်းရန် ဒေသခံများက တောင်းဆိုလိုက်သည်။

"ကျွန်တော်တို့အတွက် ပွင့်လင်းမြင်သာမှုရှိရှိ လာချပြတာမရှိဘူး။ စမ်းသပ်ဖို့ လုပ်ဖို့ခွင့်ပြုလိုက်တဲ့သူ တွေကလည်း ဒီကဒေသခံတွေ မဟုတ်ဘဲ ဝန်ထမ်းတွဖြေစ်နေတယ်။ အဲဒါကိုလည်း ကန့်ကွက်တယ်။ ကျွန်တော်တို့ ပြည်သူအတွက် အကျိုးထိခိုက်စေမယ့် ဒီရေကာတာတည်ဆောက်မှုကို ရပ်တန့်ပေးဖို့ တောင်းဆိုတယ်"ဟု ဘောလခဲဒေသခံ ဦးဝင်းဦး က ပြောသည်။

အဆိုပါ လျာထားစီမံကိန်းအတွက် တိုင်းတာမှုများ လုပ်ဆောင်နေသည့် ရွှေတောင်ကုမ္ပဏီလီမိတက်၊ GTS Co.Ltd.,၏ လုပ်ဆောင်ချက်များနှင့် စီမံကိန်းအားဖျက်သိမ်းပေးရန် ဘောလခဲမြို့တွင် လူထုတစ်ထောင်ကျော်က ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာလ (၁၁)ရက်က ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ရေကာတာတည်ဆောက်ခြင်းအားဖြင့် သမိုင်းအမွေအနှစ်များ၊ ဒေသခံများ၏ စိုက်ပျိုးရေးလုပ်ငန်းများ ပျက်စီးဆုံးရှုံးရမည်ကိုလည်း ဒေသခံများ အနဖြေင့် စိုးရိမ်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

"ကျွန်မတို့ ဘောလခဲက တောင်ပေါ်ဒေသဖြစ်ပေမဲ့ အညာလိုပူတယ်။ မြေအောက်ရေမရှိဘူး။ ရေတွင်းတူးလို့မရဘူး။ ဒီပွန်ချောင်းရေကို မှီခိုရတာဖြစ်လို့ ရေကာတာလုပ်ဖို့လုံးဝ ခွင့်မပြုနိုင်ဘူး။ သူတို့ ကလည်း ခုစမ်းသပ်နေတဲ့ ကာလမှာတောင် ပွင့်လင်းမြင်သာမှုရှိရှိ ဘာတစ်ခုမှမချပြဘူးဆိုတော့ တောင်းဆိုဖို့ တစ်ခုတည်းပဲ ဒီစီမံကိန်းကို ဖျက်သိမ်းပေးပါလို့ပဲ တောင်းဆိုချင်တယ်"ဟု ထာဝရပွန်ချောင်း ရှင်သန်ရေးအဖွဲ့မှ မလှိုင်မျိုးခိုင်က ပြောသည်။

နမ့်ပွန်ချောင်းရေအား လျှပ်စစ်စီမံကိန်းအား စမ်းသပ်ခွင့်ပြုရန် ယခင်အစိုးရလက်ထက်၂၀၁၄ ခုနှစ်ကတည်းက အစိုးရနှင့် နားလည်မှု စာချွန်လွှာရေးထိုးထားခဲ့ခြင်းဖြစ်ပြီး ကရင်နီ အမျိုးသား တိုးတတ်ရေးပါတီ KNPP ကလည်း ၂၀၁၆ ခုနှစ် ဇူလိုင်လမှစ၍ စမ်းသပ်တိုင်းတာရန် ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့က တူးပြီးတော့ ကျောက်သားနမူနာတွေ ယူတယ်။ ပြီးရင် ပညာရှင်တွေက ဒါကို ကြည့်ပြီး သူတို့ပဲဆုံးဖြတ်ပါလိမ့်မယ်။" ဟု စမ်းသပ်မှုလုပ်ဆောင်နေသည့် တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရေကာတာတည်ဆောက်ရန် စမ်းသပ်တိုင်းတာနေသည့် စောလုံကျေးရွာသည် ကယားပြည်နယ်၏ သမိုင်းဝင် စော်ဘွားစောလဖော် ဟော်နန်းစိုက်ခဲ့သည့် နေရာဖြစ်ရာ ယဉ်ကျေးမှုအမွေနှစ်များနှင့် သမိုင်းဝင်ကျေးရွာ တစ်ခုပျောက်ကွယ်သွားမည်ကိုလည်း ဒေသခံများက စိုးရိမ်နခြေင်းဖြစ်သည်။

"ဒီရွာက စောဖျားတွေ ဟော်နန်းစိုက်ခဲ့တဲ့နေရာ။ အခုဆို သမိုင်းတွေက ပျောက်ကွယ်လုနီးနီး ဖြစ်နပြေီ။ ဒါတွေ ဝိုင်းထိန်းသိမ်းပေးရမယ့်ဟာ အခုလိုရေကာတာ စီမံကိန်းလုပ်မယ်ဆိုတော့ မဖြစ်သင့်ဘူးပေါ့လေ။ အစိုးရအနေနဲ့လည်း ဒီရေကာတာ စီမံကိန်း ဖျက်သိမ်းပေးဖို့ ကူညီပေးပါလို့ပဲ ပြောချင်ပါတယ်။ အခုလိုရေကာတာ တည်ဆောက်မှုကို ဖျက်သိမ်းပေးပါ”ဟု စောလုံကျေးရွာတွင်ဆယ်စုနှစ်ကြာ ဥက္ကဌတာဝန်ထမ်းဆောင်ခဲ့သည့် ဦးဘိုးရယ် ကပြောသည်။

ဘောလခဲမြို့ စောလုံကျေးရွာ ပွန်ချောင်းပေါ်တွင် တည်ဆောက်မည့် အထက်ဟော်ခမ်း ရေကာတာမှာ အမြင့်ပေ(၄၉)မီတာမြင့်မည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား (၁၃၉)မဂ္ဂါဝပ်ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~