တာခ်ီလိတ္ၿမိဳ႕ ဘိုးဘြားပူေဇာ္ကန္ေတာ့ပြဲသို႔ ဘိုးဘြား (၁၇၇) ဦးတက္ေရာက္

တာခ်ီလိတ္ၿမိဳ႕ ဘိုးဘြားပူေဇာ္ကန္ေတာ့ပြဲသို႔ ဘိုးဘြား (၁၇၇) ဦးတက္ေရာက္
အောက်တိုဘာ 1, 2016
By Tachileik News Agency

အျပည္ျပည္ဆိုင္ရာ သက္ႀကီးရြယ္အိုမ်ားေန ့အထိမ္းအမွတ္အျဖစ္ ရွမ္းျပည္နယ္အေရွ ့ပိုင္းေဒသ၊ တာခ်ီလိတ္ခရိုင္၊ တာခ်ီလိတ္ၿမိဳ႕နယ္တြင္ က်င္းပသည့္ ဘိုးဘြားပူေဇာ္ကန္ေတာ့ပြဲသို႔ သက္ႀကီးရြယ္အို ဘိုးဘြား (၁၇၇) ဦး အပူေဇာ္ခံ တက္ေရာက္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ေပၚ ရပ္ကြက္မ်ားမွ သက္ႀကီးရြယ္အို ဘိုးဘြားမ်ားအား ပူေဇာ္ကန္ေတာ့သည့္ အခမ္းအနားကို ေအာက္တိုဘာလ (၁)ရက္ေန႔ နံနက္ပိုင္းက ၿမိဳ႕နယ္ဓမၼာရံုတြင္ က်င္းပျပဳလုပ္ျခင္းျဖစ္သည္။

အဆိုပါ အခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ ျပည္နယ္ သယံဇာတႏွင့္ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရး၀န္ႀကီး ေဒါက္တာညီညီေအာင္ႏွင့္ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ အပါအ၀င္ ေဒသအုပ္ခ်ဳပ္ေရး ဆိုင္ရာ ခရိုင္/ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား၊ အရပ္ဘက္ အဖြဲ ့အစည္းမ်ား၊ ႏိုင္ငံေရးပါတီမ်ားမွ တာ၀န္ရိွသူမ်ားလည္း တက္ေရာက္ၾကသည္။

သတင္း/ဓာတ္ပံု - ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်တွင် ကျင်းပသည့် ဘိုးဘွားပူဇော်ကန်တော့ပွဲသို့ သက်ကြီးရွယ်အို ဘိုးဘွား (၁၇၇) ဦး အပူဇော်ခံ တက်ရောက်ကြောင်း သိရသည်။

တာချီလိတ်မြို့ပေါ် ရပ်ကွက်များမှ သက်ကြီးရွယ်အို ဘိုးဘွားများအား ပူဇော်ကန်တော့သည့် အခမ်းအနားကို အောက်တိုဘာလ (၁)ရက်နေ့ နံနက်ပိုင်းက မြို့နယ်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်နှင့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ အပါအဝင် ဒေသအုပ်ချုပ်ရေး ဆိုင်ရာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများလည်း တက်ရောက်ကြသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~