တရားမ၀င် အရက်၊ဘီယာ မရောင်းချရေး နမ့်စန်မြို့၌ စစ်ဆေးကာ အသိပညာပေး

တရားမ၀င် အရက်၊ဘီယာ မရောင်းချရေး နမ့်စန်မြို့၌ စစ်ဆေးကာ အသိပညာပေး
အောကျတိုဘာ 8, 2016
By Tachileik News Agency


"ယခုကဲ့သို့ စစ်ဆေး အသိပညာပေးလုပ်ငန်းများကို အခါအားလျော်စွာ ဆောင်ရွက်သွားခြင်းအားဖြင့် ပြည်သူများ အနေဖြင့် ဥပဒေကို ပိုမိုသိရှိနားလည် သဘောပေါက် လိုက်နာဆောင်ရွက်လာကြမှာ ဖြစ်ပြီးတော့ တာဝန်သိပြည်သူများ ဖြစ်လာကာ မှုခင်းကျဆင်းမှုကိုလည်း တစ်ဖက်တစ်လမ်းက ကူညီရာ ရောက်ပါတယ်"ဟု နမ့်စန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်က ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းဒေသ နမ့်စန်မြို့တွင် ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးစိုးနိုင်ဦးစီး၍ နယ်ထိန်း တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်နှင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ၊ မြို့နယ်အခွန်ဦးစီးမှူး၊၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် ပူးပေါင်းအဖွဲ့က အောက်တိုဘာလ(၇)ရက်နေ့က စစ်ဆေးကာ အသိပညာပေးနေခြင်း ဖြစ်သည်။


တရားမ၀င် နိုင်ငံခြားအရက်နှင့် ဘီယာများကို တရားမ၀င်ရောင်းချခြင်းများ မရှိစေရန်နှင့် အကယ်၍ တရားမ၀င်ရောင်းချမှုများ ရှိနေပါက နောက်ထပ်ရောင်းချမှုများ မပြုလုပ်ရန် လိုက်လံ၍ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်ကာ အသိပညာပေးမှုများကို အဆိုပါ ပူးပေါင်းအဖွဲ့မှ ပြုလုပ်နေကြခြင်း ဖြစ်သည်။



~~~~~~~~⊰❂ unicode ~~~~~~~~

တရားမဝင် နိုင်ငံခြားအရက်မျိုးစုံနှင့်ဘီယာများ တရားမဝင်ရောင်းချခြင်း မပြုလုပ်ရန် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် စစ်ဆေးကာ အသိပညာပေးသည့်စနစ်ဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသ နမ့်စန်မြို့တွင် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

"ယခုကဲ့သို့ စစ်ဆေး အသိပညာပေးလုပ်ငန်းများကို အခါအားလျော်စွာ ဆောင်ရွက်သွားခြင်းအားဖြင့် ပြည်သူများ အနဖြေင့် ဥပဒေကို ပိုမိုသိရှိနားလည် သဘောပေါက် လိုက်နာဆောင်ရွက်လာကြမှာ ဖြစ်ပြီးတော့ တာဝန်သိပြည်သူများ ဖြစ်လာကာ မှုခင်းကျဆင်းမှုကိုလည်း တစ်ဖက်တစ်လမ်းက ကူညီရာ ရောက်ပါတယ်"ဟု နမ့်စန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်က ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းဒေသ နမ့်စန်မြို့တွင် ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးစိုးနိုင်ဦးစီး၍ နယ်ထိန်း တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်နှင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ၊ မြို့နယ်အခွန်ဦးစီးမှူး၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် ပူးပေါင်းအဖွဲ့က အောက်တိုဘာလ(၇)ရက်နေ့က စစ်ဆေးကာ အသိပညာပေးနခြေင်း ဖြစ်သည်။

"ပထမဆုံးအကြိမ် အသိပေးမှုတွေ ပြုလုပ်ပေးတယ်၊ ဒါကိုမလိုက်နာဘဲ တရားမဝင် ရောင်းချမှုများ ကို ထပ်ပြီးတွေ့ရှိရပါက ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမှာဖြစ်ပါတယ်"ဟု ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးစိုးနိုင်က ပြောသည်။

တရားမဝင် နိုင်ငံခြားအရက်နှင့် ဘီယာများကို တရားမဝင်ရောင်းချခြင်းများ မရှိစေရန်နှင့် အကယ်၍ တရားမဝင်ရောင်းချမှုများ ရှိနေပါက နောက်ထပ်ရောင်းချမှုများ မပြုလုပ်ရန် လိုက်လံ၍ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်ကာ အသိပညာပေးမှုများကို အဆိုပါ ပူးပေါင်းအဖွဲ့မှ ပြုလုပ်နကြခြေင်း ဖြစ်သည်။

"အခုလို စစ်ဆေးမှုများကို ပြုလုပ်ပေးတာဟာ ကောင်းပါတယ်၊ အသိပညာအရင်ပေးတယ်၊ ဒါကိုကျွန်တော်တို့ ပြည်သူတွေကလည်း လိုက်နာဖို့လိုတယ်"ဟု မြို့ခံတစ်ဦးဖြစ်သူ ကိုဇင်အောင်ဦးက ဆိုသည်။

သတင်း/ဓာတ်ပုံ - #သန်းစိုးအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~