မိုင္းတံုၿမိဳ႕နယ္ ပံုပါက်င္ႏွင့္ နားေကာင္းမူး အထက္တန္းေက်ာင္းမ်ား ၿခံစည္းရုိးကာရန္ ခြင့္ျပဳရန္ပံုေငြမေလာက္၍ ေဒသခံမ်ား ထည့္ဝင္လွဴဒါန္း

မိုင္းတံုၿမိဳ႕နယ္ ပံုပါက်င္ႏွင့္ နားေကာင္းမူး အထက္တန္းေက်ာင္းမ်ား ၿခံစည္းရုိးကာရန္ ခြင့္ျပဳရန္ပံုေငြမေလာက္၍ ေဒသခံမ်ား ထည့္ဝင္လွဴဒါန္း
အောက်တိုဘာ 27, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ခ႐ိုင္ မိုင္းတုၿံမိဳ႕နယ္ ပံုပါက်င္ႏွင့္ နားေကာင္းမူးရွိ အထက္တန္း ေက်ာင္းမ်ားအား ေက်ာင္းျခံစည္းရိုးကာရန္ ပညာေရးဝန္ႀကီးဌာနမွ ခြင့္ျပဳေပးထားသည့္ ရန္ပံုေငြျဖင့္ မလံုေလာက္၍ ေဒသခံမ်ား ထည့္ဝင္လႈဒါန္းေငြျဖင့္ ဆက္လက္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

“ခြင့္ျပဳေငြနဲ႔ မေလာက္ႏိုင္လို႔ ေဒသခံေတြက ေက်ာက္၊ သဲ၊ ဘိလပ္ေျမန႔ဲ ေငြထည့္ဝင္လွဴဒါန္းၿပီး သံဇကာၿခံစည္း႐ုိး မလုပ္ေတာ့ဘဲ အုတ္တံတိုင္း ခတ္ခ့ဲတယ္။ ထပ္မံလိုအပ္ရင္လည္း လွဴဒါန္းမဲ့သူေတြ ရိွပါေသးတယ္"ဟု ပံုပါက်င္ၿမိဳ႕အုပ္ခ်ဳပ္ေရးမွဴး ဦးခိုင္ေဝလင္းက ေျပာသည္။

ပညာေရးဝန္ႀကီးဌာနက ပံုပါက်င္ အထက္တန္းေက်ာင္းအတြက္ ရန္ပံုေငြ က်ပ္(၁၉)သိန္းႏွင့္ နားေကာင္းမူး အထက္တန္းေက်ာင္းအတြက္ ရန္ပံုေငြက်ပ္(၁၂၆)သိန္း ခြင့္ျပဳေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ရရိွတ့ဲရန္ပံုေငြနဲ႔ သံဇကာ ၿခံစည္း႐ုိးလုပ္ရမွာပါ။ ဒါေပမဲ့ ေဒသခံေတြရဲ႕ လိုလားခ်က္အရ ေက်ာင္းလံုျခံဳမႈနဲ႔ ေရရွည္ တည္တ့ံခိုင္ၿမဲေရးအတြက္ အလွဴေငြနဲ႔ ပစၥည္းေတြ ထည့္ဝင္လႈဒါန္းမွဳေၾကာင့္ အုတ္တံတိုင္း ခတ္ခ့ဲၾကတာပါ"ဟု နားေကာင္းမူး အေျခခံပညာအထက္တန္းေက်ာင္း၏ အက်ိဳးေတာ္ေဆာင္ ဥကၠဌ ဦးလွေမာင္က ေျပာသည္။

အဆိုပါေက်ာင္းမ်ား ၿခံစည္းရိုးကာရံျခင္းတြင္ ရန္ပံုေငြႏွင့္ အလႈေငြစာရင္းရွင္းတမ္း ေရာေထြးျခင္း မရိွေစဘဲ စနစ္တက် ေဆာင္ရြက္ရန္ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေအာင္ေက်ာ္ဦးႏွင့္ ၿမိဳ႕နယ္ပညာေရးမွဴး ဦးေမာင္ေမာင္တို႔က ၿခံစည္းရိုးကာရံမႈအား လာေရာက္စစ္ေဆးစဥ္ တိုက္တြန္းထားေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေအာင္ေဇယ်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင် မိုင်းတြုံမို့နယ် ပုံပါကျင်နှင့် နားကောင်းမူးရှိ အထက်တန်းကျောင်းများအား ကျောင်းခြံစည်းရိုးကာရန် ပညာရေးဝန်ကြီးဌာနမှ ခွင့်ပြုပေးထားသည့် ရန်ပုံငွဖြေင့် မလုံလောက်၍ ဒေသခံများ ထည့်ဝင်လှုဒါန်းငွဖြေင့် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

“ခွင့်ပြုငွေနဲ့ မလောက်နိုင်လို့ ဒေသခံတွေက ကျောက်၊ သဲ၊ ဘိလပ်မြေနဲ့ ငွေထည့်ဝင်လှူဒါန်းပြီး သံဇကာခြံစည်းရိုး မလုပ်တော့ဘဲ အုတ်တံတိုင်း ခတ်ခဲ့တယ်။ ထပ်မံလိုအပ်ရင်လည်း လှူဒါန်းမဲ့သူတွေ ရှိပါသေးတယ်"ဟု ပုံပါကျင်မြို့အုပ်ချုပ်ရေးမှူး ဦးခိုင်ဝေလင်းက ပြောသည်။

ပညာရေးဝန်ကြီးဌာနက ပုံပါကျင် အထက်တန်းကျောင်းအတွက် ရန်ပုံငွေ ကျပ်(၁၉)သိန်းနှင့် နားကောင်းမူး အထက်တန်းကျောင်းအတွက် ရန်ပုံငွေကျပ်(၁၂၆)သိန်း ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရရှိတဲ့ရန်ပုံငွေနဲ့ သံဇကာ ခြံစည်းရိုးလုပ်ရမှာပါ။ ဒါပေမဲ့ ဒေသခံတွေရဲ့ လိုလားချက်အရ ကျောင်းလုံခြုံမှုနဲ့ ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် အလှူငွေနဲ့ ပစ္စည်းတွေ ထည့်ဝင်လှုဒါန်းမှုကြောင့် အုတ်တံတိုင်း ခတ်ခဲ့ကြတာပါ"ဟု နားကောင်းမူး အခြေခံပညာအထက်တန်းကျောင်း၏ အကျိုးတော်ဆောင် ဥက္ကဌ ဦးလှမောင်က ပြောသည်။

အဆိုပါကျောင်းများ ခြံစည်းရိုးကာရံခြင်းတွင် ရန်ပုံငွေနှင့် အလှုငွေစာရင်းရှင်းတမ်း ရောထွေးခြင်း မရှိစေဘဲ စနစ်တကျ ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဦးနှင့် မြို့နယ်ပညာရေးမှူး ဦးမောင်မောင်တို့က ခြံစည်းရိုးကာရံမှုအား လာရောက်စစ်ဆေးစဉ် တိုက်တွန်းထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - အောင်ဇေယျ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~