ရခိုင္ေဒသႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္သမၼတရံုးမွ သတင္းထုတ္ျပန္

ရခိုင္ေဒသႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္သမၼတရံုးမွ သတင္းထုတ္ျပန္
အောက်တိုဘာ 14, 2016
By Tachileik News Agency
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္
ႏိုင္ငံေတာ္သမၼတ႐ုံး
သတင္းထုတ္ျပန္ခ်က္အမွတ္ (၁/၂၀၁၆)
(၁၃၇၈ ခုႏွစ္၊ သီတင္းကၽြတ္လဆန္း ၁၃ ရက္)
(၂၀၁၆ ခုႏွစ္၊ ေအာက္တိုဘာလ ၁၄ ရက္)
ေမာင္ေတာၿမိဳ႕နယ္အတြင္းရွိ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕စခန္းမ်ားအား အၾကမ္းဖက္ တိုက္ခိုက္မႈ အေျခအေနဆိုင္ရာ သတင္းထုတ္ျပန္ခ်က္

၁။ ၂ဝ၁၆ ခုႏွစ္ ေအာက္တိုဘာလ ၉ ရက္ေန႔ နံနက္ပိုင္းတြင္ ရခိုင္ျပည္နယ္၊ ေမာင္ေတာ ၿမိဳ႕နယ္အတြင္းရွိ အမွတ္(၁) နယ္ျခားေစာင့္ရဲကြပ္ကဲမႈ ဌာနခ်ဳပ္(က်ီးကန္းျပင္)၊ ကိုးတန္ေကာက္ ရဲကင္း စခန္းႏွင့္ ငါးခူရနယ္ေျမ႐ုံးမ်ားသို႔ အၾကမ္းဖက္သမားမ်ားက အလစ္အငိုက္ ရယူ၍ အၾကမ္းဖက္ စီးနင္း တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့ပါသည္။

အၾကမ္းဖက္သမားမ်ား၏ တိုက္ခိုက္မႈ ေၾကာင့္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ဝင္ စုစုေပါင္း ၉ ဦး က်ဆုံးခဲ့ၿပီး လက္နက္မ်ိဳးစုံ ၄၈ လက္၊ က်ည္မ်ိဳးစုံ ၆၆၂၄ ေတာင့္၊ လွံစြပ္ ၄၇ ေခ်ာင္း၊ က်ည္အိမ္ ၁၆၄ ခု ဆုံး႐ႈံးခဲ့ရပါသည္။ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၏ ျပန္လည္ခုခံမႈေၾကာင့္ အၾကမ္းဖက္သမား ၈ ဦး၏အေလာင္းမ်ား ရရွိခဲ့ၿပီး ၂ ဦးအား အရွင္ ဖမ္းမိခဲ့ပါသည္။ ၄င္းတို႔ထံမွ လုပ္ေသနတ္ပစၥတို ၁ လက္၊ ၎က်ည္ ၂ ေတာင့္ႏွင့္ က်ည္အိမ္ ၁ ခု သိမ္းဆည္းရမိခဲ့ပါသည္။

၂။ ယူေဆာင္သြားေသာ လက္နက္ခဲယမ္းမ်ားႏွင့္ အၾကမ္းဖက္သမားမ်ားသည္ ေမာင္ေတာခ႐ိုင္ အတြင္း လွည့္လည္သြားလာ၍ အၾကမ္းဖက္မႈမ်ားဆက္လက္လုပ္ေဆာင္လာခဲ့ရာ တပ္မေတာ္ တပ္ရင္း တပ္ဖြဲ႕မ်ားႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားက ပူးေပါင္း၍ အၾကမ္းဖက္တိုက္ဖ်က္ေရး လုပ္ငန္းမ်ားကို လုပ္ေဆာင္ခဲ့ပါသည္။ တပ္မေတာ္၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ပူးေပါင္းစစ္ေၾကာင္းမ်ားက အၾကမ္းဖက္ သမားမ်ား ခိုေအာင္းေနထိုင္ရာေဒသမ်ားတြင္ နယ္ေျမရွင္းလင္းမႈဆိုင္ရာ စစ္ဆင္ေရးမ်ားဆင္ႏြဲခဲ့ရာ အၾကမ္းဖက္ သမားမ်ားႏွင့္ မၾကာခဏထိေတြ႕မႈမ်ား ျဖစ္ပြားခဲ့ၿပီး လက္ရွိအခ်ိန္အထိ တပ္မေတာ္သား ၅ ဦး အသက္ေပးလွဴခဲ့ရပါသည္။

၃။ ဖမ္းဆီးရမိေသာ အၾကမ္းဖက္သမား ၂ ဦးႏွင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံက ျပန္လည္ လႊဲေျပာင္း ေပးခဲ့သည့္ အၾကမ္းဖက္သမား ၂ ဦးတို႔ကို ပဏာမစစ္ေဆးေဖာ္ထုတ္ခ်က္အရ ေမာင္ေတာၿမိဳ႕နယ္ အတြင္း ျဖစ္ပြားလ်က္ရွိေသာ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားသည္ ျပည္ပမွ ေငြေၾကးေထာက္ပံ့မႈ၊ ျပည္ပ အၾကမ္းဖက္ အဖြဲ႕အစည္းဝင္မ်ား၏ ပံ့ပိုးမႈကူညီမႈတို႔ျဖင့္ အခ်ိန္ယူကာ စနစ္တက် ႀကိဳတင္ ေဆာင္႐ြက္ ခဲ့ေသာ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားျဖစ္ေၾကာင္း ေတြ႕ရွိရပါသည္။

၄။ ေမာင္ေတာေဒသ အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္စဥ္သည္ ၄င္းေဒသတြင္ အမ်ားစု ေရာက္ရွိ ေနထိုင္ လ်က္ရွိေသာ အစၥလာမ္ဘာသာဝင္မ်ားအတြင္း အစြန္းေရာက္အၾကမ္းဖက္ဝါဒ တိုးျမင့္လာေစ ရန္ အခ်ိန္ယူ၍ စည္း႐ုံးသိမ္းသြင္းေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေဖာ္ထုတ္ ရရွိခဲ့ပါသည္။ ေမာင္ေတာ ေဒသကို ေျခကုတ္ယူ၍ ဘူးသီးေတာင္၊ ေမာင္ေတာေဒသကို သိမ္းပိုက္ႏိုင္ရန္ ႀကိဳးပမ္း အားထုတ္ခဲ့ျခင္း ျဖစ္ၿပီး အေရွ႕အလယ္ပိုင္းႏိုင္ငံအခ်ိဳ႕ရွိ အစြန္းေရာက္ပုဂၢိဳလ္မ်ား၏ ေငြေၾကးပံ့ပိုးမႈ အလုံးအရင္း ရယူခဲ့ျခင္းျဖစ္ပါသည္။ ေငြေၾကးမ်ား ေထာက္ပံ့မႈျပဳရာတြင္ အဖြဲ႕အစည္းအလိုက္ ေဆာင္႐ြက္ျခင္း မျပဳဘဲ လူပုဂၢိဳလ္တစ္ဦးခ်င္းဆက္သြယ္မႈျဖင့္ လွ်ိဳ႕၀ွက္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း ေဖာ္ထုတ္ရရွိခဲ့ပါသည္။

၅။ ေမာင္ေတာေဒသ အၾကမ္းဖက္ တိုက္ခိုက္မႈျဖစ္စဥ္သည္ RSO အၾကမ္းဖက္အဖြဲ႕ႏွင့္ ဆက္ႏြယ္ ေသာ ေမာင္ေတာေဒသတြင္ လႈပ္ရွားသည့္ Aqa Mul Mujahidin (အကာလ္မူလ္ မူဂ်ာဟီဒင္န္) အဖြဲ႕၏ ေဆာင္႐ြက္ခ်က္ျဖစ္ေၾကာင္း စစ္ေဆးေဖာ္ထုတ္ရရွိခဲ့ပါသည္။ ၎အဖြဲ႕ကို ဦးေဆာင္သူမွာ ေမာင္ေတာၿမိဳ႕နယ္၊ ေက်ာက္ျပင္ဆိပ္ေက်း႐ြာေန ဘာသာေရး၊ လူမ်ိဳးေရး အစြန္းေရာက္ တစ္ဦးျဖစ္သည့္ ဟာဗစ္တူဟာရ္ ျဖစ္ေၾကာင္း၊ အသက္ ၄၅ ႏွစ္ခန္႔ရွိသည့္ ဟာဗစ္တူဟာရ္သည္ ပါကစၥတန္ႏိုင္ငံရွိ တာလီဘန္မ်ားထံ ၆ လ သင္တန္းတက္ေရာက္ခဲ့သူျဖစ္ၿပီး ၄င္း၏အစ္မ ၄ ဦးႏွင့္ အစ္ကို ၁ ဦးတို႔မွာ ေဆာ္ဒီအာေရးဗီးယားႏိုင္ငံတြင္ ေနထိုင္လ်က္ရွိေၾကာင္း၊ ဟာဗစ္တူဟာရ္သည္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ တကၠနာ႔ဖ္အနီးရွိ ေက်း႐ြာတစ္႐ြာတြင္လည္း သြားေရာက္ ေနထိုင္ေလ့ရွိၿပီး ဒုကၡသည္အမည္ခံ၍ အေရွ႕အလယ္ပိုင္းႏိုင္ငံမ်ားရွိ အဖြဲ႕အစည္းမ်ားထံမွ ေငြေၾကး ေထာက္ပံ့မႈမ်ား ရယူလ်က္ရွိေၾကာင္း၊ ၄င္းႏွင့္အတူ ပူးေပါင္းေဆာင္႐ြက္ေနသူမ်ားမွာ ဘဂၤလားေဒ့ရွ္ ႏိုင္ငံေန ငါးခူရေက်း႐ြာတြင္ ေရာက္ရွိေနေသာ ပါကစၥတန္ႏိုင္ငံသား ခါလစ္ႏွင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံရွိ ကူတာပါေလာင္ ဒုကၡသည္ စခန္းတြင္ေနထိုင္ေသာ အီဗရာဟိန္း၊ အဇာ၊ အာရပ္တူလာ၊ နီလာဒုကၡသည္ စခန္းတြင္ ေနထိုင္ေသာ ဇူဘိုင္၊ အစၥလာမ္ဆိုသူအပါအဝင္(၁၂)ဦးျဖစ္ေၾကာင္း၊ ခါလစ္သည္ ပါကစၥတန္ ႏိုင္ငံတြင္ အၾကမ္းဖက္ သင္တန္းတက္ေရာက္ထားသူ တစ္ဦးျဖစ္ၿပီး ျမန္မာ၊ ဘဂၤလီ၊ ရခိုင္၊ မေလး၊ ပါကစၥတန္ႏွင့္ အဂၤလိပ္ဘာသာစကားမ်ား ကၽြမ္းက်င္စြာေျပာဆိုႏိုင္ေၾကာင္း၊ ၎တို႔သည္ လြန္ခဲ့ေသာ (၅) လခန္႔မွစ၍ ဟာဗစ္တူဟာရ္၏ အစီအစဥ္ျဖင့္ ေမာင္ေတာေဒသသို႔ ဝင္ေရာက္လာၿပီး ဟာဗစ္ တူဟာရ္ စည္း႐ုံး ထားေသာ ေဒသေနအစြန္းေရာက္လူငယ္မ်ားကို အၾကမ္းဖက္ သင္တန္းမ်ား ေပးခဲ့ျခင္း ျဖစ္ေၾကာင္း ေဖာ္ထုတ္ရရွိပါသည္။

၆။ ငါးခူရအလယ္႐ြာတြင္ အဓိက စည္း႐ုံးလႈပ္ရွားခဲ့သူမ်ားျဖစ္ေသာ ငါးခူရေက်း႐ြာေနအဒူရာမန္၊ မူနက္၊ ကာဖိုက္တူလာ၊ အာကစ္တို႔(၄) ဦး သည္လည္း RSO စစ္သင္တန္းတက္ေရာက္ၿပီးသူမ်ားျဖစ္ ေၾကာင္း၊ ဟာဗစ္တူဟာရ္၊ ခါလစ္ႏွင့္က်ီးကန္းျပင္စခန္းအား တိုက္ခိုက္ရာတြင္ ဦးေဆာင္သူ ေမာင္ႏွမ ေက်း႐ြာေန မာဘူယာတို႔သည္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ဒုကၡသည္စခန္းမွ ဝင္ေရာက္လာသည့္ အၾကမ္းဖက္ အဖြဲ႕ဝင္ ၁၂ ဦးႏွင့္ေပါင္း၍ ေမာင္ေတာၿမိဳ႕နယ္၊ ဖားဝပ္ေခ်ာင္းေက်း႐ြာ၊ အလယ္ သံေက်ာ္ေက်း႐ြာႏွင့္ ငန္းေခ်ာင္းေက်း႐ြာတို႔တြင္ ဓါးျပတိုက္ခဲ့ဘူးေၾကာင္း စစ္ေဆးေဖာ္ထုတ္ရရွိခဲ့ပါသည္။

၇။ ဟာဗစ္တူဟာရ္ႏွင့္ အဖြဲ႕သည္ ေမာင္ေတာေဒသအတြင္းရွိ အစြန္းေရာက္လူငယ္မ်ားကို စည္း႐ုံး သိမ္းသြင္း ကာ ေတာတြင္းႏွင့္ ေတာင္ေပၚလူသူအေရာက္အေပါက္နည္းသည့္ ေနရာမ်ားတြင္ လည္းေကာင္း၊ ငါးခူရအလယ္ေက်း႐ြာရွိ အဒူရာမန္၏ ေနအိမ္ၿခံဝင္းအတြင္းတြင္ လည္းေကာင္း၊ ေက်ာက္ျပင္ ဆိပ္ေက်း႐ြာအနီး ေတာတြင္းတြင္လည္းေကာင္း ေသနတ္ပစ္သင္တန္းႏွင့္ ကိုယ္ခံပညာ သင္တန္းမ်ားကို တိတ္တဆိတ္သင္ၾကားေပးခဲ့ေၾကာင္း၊ ၄င္းေနာက္ အၾကမ္းဖက္ တိုက္ခိုက္မႈမ်ား ေဆာင္႐ြက္ရန္ စီစဥ္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေဖာ္ထုတ္ရရွိခဲ့ပါသည္။

၈။ ဟာဗစ္တူဟာရ္သည္ အမွတ္(၁)နယ္ျခားေစာင့္ရဲကြပ္ကဲမႈ ဌာနခ်ဳပ္(က်ီးကန္းျပင္)ကို မာဘူယာ ဦးေဆာင္၍ အၾကမ္းဖက္သမားအင္အား ၁ဝဝ ဦးခန္႔ျဖင့္လည္းေကာင္း၊ ငါးခူရနယ္ေျမစခန္းကို ခါလစ္ႏွင့္ အဒူရာမန္ ဦးေဆာင္၍ အၾကမ္းဖက္သမား အင္အား ၁ဝဝ ဦးခန္႔ျဖင့္လည္းေကာင္း၊ ႀကိမ္ေခ်ာင္း နယ္ေျမစခန္းကို ဝါကဒ္စ္ ဦးေဆာင္၍ အၾကမ္းဖက္သမား အင္အား ၅ဝ ဦးခန္႔ျဖင့္ လည္းေကာင္း၊ ေက်ာက္ေလွကားနယ္ေျမစခန္းကို အာဇာ ဦးေဆာင္၍ အၾကမ္းဖက္သမား အင္အား ၅ဝ ဦးခန္႔ျဖင့္လည္းေကာင္း၊ ႐ြက္ၫိုေတာင္နယ္ေျမစခန္းကို ေရာ္ပိုင္ ဦးေဆာင္၍ အၾကမ္းဖက္သမား အင္အား ၅ဝ ဦးခန္႔ျဖင့္လည္းေကာင္း၊ ကိုးတန္ေကာက္ရဲကင္းစခန္းကို အဘူကူးမား ဦးေဆာင္၍ အၾကမ္းဖက္ သမားအင္အား ၁၂ ဦးခန္႔ျဖင့္လည္းေကာင္း၊ အၾကမ္းဖက္သမား အင္အား ၄ဝဝ နီးပါးျဖင့္ ေနရာ ၆ ေနရာကို တစ္ခ်ိန္တည္း တစ္ၿပိဳင္တည္း အၾကမ္းဖက္ တိုက္ခိုက္ရန္ စီစဥ္ခဲ့ေသာ္လည္း က်ီးကန္းျပင္ ဌာနခ်ဳပ္၊ ငါးခူရနယ္ေျမစခန္းႏွင့္ ကိုးတန္ေကာက္ရဲကင္းစခန္း စုစုေပါင္း(၃)ေနရာ ကိုသာ ေအာက္တိုဘာလ ၉ ရက္ေန႔တြင္ တိုက္ခိုက္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း၊ စခန္းမ်ားကို တိုက္ခိုက္ ၿပီးေနာက္ ရဲတပ္ဖြဲ႕ဝင္မ်ားကို သတ္ျဖတ္ၿပီး လက္နက္မ်ားႏွင့္ ပစၥည္းမ်ားရယူရန္၊ ရရွိသည့္ လက္နက္မ်ားျဖင့္ အနီးပတ္ဝန္းက်င္ရွိ တပ္မေတာ္ႏွင့္ ရဲတပ္ဖြဲ႕စခန္းမ်ားအား ဆက္လက္တိုက္ခိုက္ရန္ ဟာဗစ္တူဟာရ္ က ၫြန္ၾကားထားေၾကာင္း၊ ဝင္ေရာက္တိုက္ခိုက္မႈမျပဳလုပ္မီ အဖြဲ႕ေခါင္းေဆာင္မ်ားမွ အၾကမ္းဖက္အဖြဲ႕ဝင္ မ်ားကို တိုက္ခိုက္မည့္ အစီအမံအား စနစ္တက်ရွင္းလင္းခဲ့ေၾကာင္းသိရွိရပါသည္။

၉။ Aqa Mul Mujahidin (အကာလ္မူလ္ မူဂ်ာဟီဒင္န္) အဖြဲ႕သည္ ကမၻာအႏွံ႔ရွိ အၾကမ္းဖက္ တိုက္ခိုက္မႈမ်ားတြင္ ေဆာင္႐ြက္ေလ့ရွိသည့္ နည္းဗ်ဴဟာမ်ားအတိုင္း ျပည္ပေငြေၾကး ေထာက္ပံ့မႈ (အေရွ႕အလယ္ပိုင္းရွိေမာင္ေတာေဒသအႏြယ္)၊ အၾကမ္းဖက္ တိုက္ခိုက္မႈ စစ္သင္တန္း (ပါကစၥတန္-တာလီဘန္၊ ဘဂၤလားေဒ့ရွ္-RSO) စသည္တို႔ျဖင့္စတင္၍ ပဋိပကၡျဖစ္ပြားခဲ့ေသာ ေမာင္ေတာေဒသ အတြင္းရွိ အစြန္းေရာက္လူငယ္မ်ားကို ဘာသာေရးအရ စည္း႐ုံးေဆာင္႐ြက္ေသာနည္းဗ်ဴဟာကို က်င့္သုံးေဖာ္ေဆာင္ခဲ့ျခင္း ျဖစ္ေၾကာင္း၊ အစၥလာမ္ဘာသာဝင္ အမ်ားစုေနထိုင္ရာ ဘူးသီးေတာင္၊ ေမာင္ေတာေဒသကို သိမ္းပိုက္ရယူၿပီးေနာက္ ျပည္ပေထာက္ခံမႈ၊ ေငြေၾကးပံ့ပိုးမႈမ်ား ျမင့္တက္ လာေစရန္၊ ျပည္တြင္း၊ ျပည္ပမွဘာသာေရးအစြန္းေရာက္မ်ား ပူးေပါင္းပါဝင္လာေစရန္အတြက္ တာလီဘန္၊ အယ္လ္ကိုင္းဒါး၊ ISIS စသည့္ အၾကမ္းဖက္ အဖြဲ႕အစည္းမ်ား၏ နည္းနာအတိုင္း အင္တာနက္ႏွင့္ လူမႈ ကြန္ရက္မ်ားတြင္ ဗီဒီယိုဖိုင္မ်ားလႊင့္တင္ကာ ဝါဒျဖန္႔ခ်ိလ်က္ရွိေၾကာင္း စစ္ေဆး ေဖာ္ထုတ္ရရွိခဲ့ပါသည္။

၁၀။ လက္ရွိအခ်ိန္တြင္ ဟာဗစ္တူဟာရ္ ဦးေဆာင္ေသာ အၾကမ္းဖက္အဖြဲ႕ငယ္သည္ အစြန္းေရာက္ အၾကမ္းဖက္သမား ၄ဝဝ နီးပါးခန္႔ျဖင့္ ေမာင္ေတာေဒသအတြင္း အၾကမ္းဖက္ တိုက္ခိုက္မႈမ်ား ဆက္လက္ ေဆာင္႐ြက္ႏိုင္ရန္ ႀကိဳးပမ္းလ်က္ရွိပါသည္။ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားက လုံၿခဳံေရးႏွင့္ တရားဥပေဒ စိုးမိုးေရးတာဝန္၊ တပ္မေတာ္စစ္ေၾကာင္းမ်ားက နယ္ေျမရွင္းလင္းေရးတာဝန္မ်ားကို အင္အား အျပည့္အဝျဖင့္ ေဆာင္႐ြက္လ်က္ရွိရာ မၾကာခဏဆိုသလို ထိေတြ႕မႈမ်ားျဖစ္ပြားလ်က္ ရွိပါသည္။

တစ္ခ်ိန္တည္းမွာပင္ ျပည္တြင္း၊ ျပည္ပရွိ အၾကမ္းဖက္အဆက္အသြယ္မ်ား၊ အၾကမ္းဖက္ အားေပးသူ မ်ားကို ဆက္လက္စုံစမ္းစစ္ေဆးလ်က္ရွိၿပီး ထပ္မံရရွိသည့္ သတင္းအခ်က္အလက္မ်ားကို ျပည္သူအမ်ား သိရွိေစရန္ ဆက္လက္ ထုတ္ျပန္ေပးသြားမည္ ျဖစ္ပါသည္။

၁၁။ ေမာင္ေတာေဒသ အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္စဥ္သည္ ျပည္ပရွိ အၾကမ္းဖက္အဖြဲ႕စည္းမ်ား၊ အၾကမ္းဖက္အားေပး လူပုဂၢိဳလ္မ်ား၏ ပံ့ပိုးကူညီမႈမ်ားရယူကာ အခ်ိန္ယူျပင္ဆင္ၿပီး စနစ္တက် စီစဥ္ ေဆာင္႐ြက္ခဲ့ေသာအၾကမ္းဖက္မႈျဖစ္ပါသည္။ ထိုအၾကမ္းဖက္တိုက္ခိုက္မႈမ်ားသည္ ႏိုင္ငံေတာ္၏ အမ်ိဳးသား လုံၿခဳံေရး၊ ႏိုင္ငံသူ ႏိုင္ငံသားမ်ား၏ အသက္၊ အိုးအိမ္၊ စည္းစိမ္ႏွင့္ လုံၿခဳံေရးတို႔ကို ထိခိုက္ဖ်က္ဆီးရန္ ႀကိဳးပမ္း ေဆာင္႐ြက္လာျခင္း ျဖစ္ပါသည္။

အၾကမ္းဖက္တိုက္ခိုက္မႈမ်ား၊ အၾကမ္းဖက္ တိုက္ခိုက္ရန္ ႀကိဳးပမ္းေဆာင္႐ြက္မႈမ်ား စသည္တို႔ အားလုံးကို ဖြဲ႕စည္းပုံအေျခခံဥပေဒ၊ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒႏွင့္ အျခားလုံၿခဳံေရးႏွင့္ ကာကြယ္ေရးဆိုင္ရာ တည္ဆဲဥပေဒမ်ားႏွင့္အညီ ထိထိ ေရာက္ေရာက္ ကာကြယ္၊ တုံ႔ျပန္ေခ်မႈန္း တိုက္ဖ်က္ သြားမည္ျဖစ္ပါသည္။

ေမာင္ေတာေဒသ အၾကမ္းဖက္ တိုက္ခိုက္မႈသာမက မည္သို႔ေသာ အၾကမ္းဖက္တိုက္ခိုက္ျခင္း၊ အၾကမ္းဖက္တိုက္ခိုက္ရန္ ႀကိဳးပမ္း အားထုတ္ျခင္းမွန္သမွ်ကို ထိထိေရာက္ေရာက္ တုံ႔ျပန္ေခ်မႈန္း သြားမည္ ျဖစ္ပါသည္။ အၾကမ္းဖက္ သမားမ်ား၏ ေနာက္ကြယ္မွႀကိဳးကိုင္စီစဥ္သူမ်ား၊ တိတ္တဆိတ္ ပံ့ပိုးကူညီသူမ်ား၊ အၾကမ္းဖက္ အားေပးေသာ အဖြဲ႕အစည္း၊ လူပုဂၢိဳလ္မ်ားအားလုံးကိုလည္း ဆက္လက္ စုံစမ္း ေဖာ္ထုတ္၍ ထိထိ ေရာက္ေရာက္ အေရးယူေဆာင္႐ြက္သြားမည္ ျဖစ္ပါသည္။

၄င္းအျပင္ ျဖစ္ပြားေနေသာ အၾကမ္းဖက္ တိုက္ခိုက္မႈမ်ားကို အခြင့္ေကာင္းယူ၍ ျပည္သူမ်ားအၾကား ဘာသာေရး၊ လူမ်ိဳးေရး ပဋိပကၡႏွင့္ မတည္မၿငိမ္မႈမ်ား ျဖစ္ေပၚလာေစရန္ ေသြးထိုးလႈံ႔ေဆာ္သူမ်ား၊ ေသြးထိုး လႈံ႔ေဆာ္ရန္ ႀကိဳးပမ္းသူမ်ား ကိုလည္း ဥပေဒႏွင့္အညီ ျပင္းျပင္းထန္ထန္ အေရးယူသြားမည္ ျဖစ္ပါသည္။

၁၂။ သို႔ပါ၍ ႏိုင္ငံသူႏိုင္ငံသားမ်ားအေနျဖင့္ လက္ရွိႏိုင္ငံေတာ္အစိုးရက ေဆာင္႐ြက္ေနသည့္ အေျခအေနမ်ားကို သိရွိနားလည္ၿပီး အၾကမ္းဖက္အႏၲရာယ္ကို သတိျဖင့္ ဂ႐ုျပဳၾကရန္၊ မိမိတို႔ လူ႕အဖြဲ႕အစည္း အတြင္း ဘာသာေရး၊ လူမ်ိဳးေရး ေသြးထိုးလႈံ႔ေဆာ္မႈမ်ား ျပဳလုပ္ျခင္းမျပဳၾကရန္၊ အျခား ေဒသမ်ားသို႔ ပဋိပကၡမ်ား ကူးစက္ျဖစ္ပြားျခင္း မရွိေစေရး တာဝန္ရွိသူမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ ေပးၾကရန္၊ ဘာသာေရး၊ လူမႈေရးေခါင္းေဆာင္မ်ား အေနျဖင့္လည္း ပဋိပကၡမ်ား မျဖစ္ေပၚေစေရး တတ္ႏိုင္သမၽွ ဝိုင္းဝန္းထိန္းသိမ္းကူညီၾကရန္၊ အမ်ိဳးသားလုံၿခဳံေရးႏွင့္ ႏိုင္ငံေတာ္ကာကြယ္ေရးအတြက္ ႏိုင္ငံေတာ္အစိုးရႏွင့္အတူ ပူးေပါင္းပါဝင္ေဆာင္႐ြက္ေပးၾကပါရန္ ေမတၱာရပ္ခံလ်က္ သတင္း ထုတ္ျပန္ အပ္ပါသည္။

Source: Myanmar President Office

~~~~~~~~⊰❂ unicode ~~~~~~~~
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
သတင်းထုတ်ပြန်ချက်အမှတ် (၁/၂၀၁၆)
(၁၃၇၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက်)
(၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်)
မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများအား အကြမ်းဖက် တိုက်ခိုက်မှု အခြေအနေဆိုင်ရာ သတင်းထုတ်ပြန်ချက်

၁။ ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်အတွင်းရှိ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှု ဌာနချုပ်(ကျီးကန်းပြင်)၊ ကိုးတန်ကောက် ရဲကင်း စခန်းနှင့် ငါးခူရနယ်မြေရုံးများသို့ အကြမ်းဖက်သမားများက အလစ်အငိုက် ရယူ၍ အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပါသည်။

အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု ကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၉ ဦး ကျဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၄၈ လက်၊ ကျည်မျိုးစုံ ၆၆၂၄ တောင့်၊ လှံစွပ် ၄၇ ချောင်း၊ ကျည်အိမ် ၁၆၄ ခု ဆုံးရှုံးခဲ့ရပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည်ခုခံမှုကြောင့် အကြမ်းဖက်သမား ၈ ဦး၏အလောင်းများ ရရှိခဲ့ပြီး ၂ ဦးအား အရှင် ဖမ်းမိခဲ့ပါသည်။ ၄င်းတို့ထံမှ လုပ်သေနတ်ပစ္စတို ၁ လက်၊၎င်းကျည် ၂ တောင့်နှင့် ကျည်အိမ် ၁ ခု သိမ်းဆည်းရမိခဲ့ပါသည်။

၂။ ယူဆောင်သွားသော လက်နက်ခဲယမ်းများနှင့် အကြမ်းဖက်သမားများသည် မောင်တောခရိုင် အတွင်း လှည့်လည်သွားလာ၍ အကြမ်းဖက်မှုများဆက်လက်လုပ်ဆောင်လာခဲ့ရာ တပ်မတော် တပ်ရင်း တပ်ဖွဲ့များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ပူးပေါင်း၍ အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါသည်။ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပူးပေါင်းစစ်ကြောင်းများက အကြမ်းဖက် သမားများ ခိုအောင်းနေထိုင်ရာဒေသများတွင် နယ်မြေရှင်းလင်းမှုဆိုင်ရာ စစ်ဆင်ရေးများဆင်နွဲခဲ့ရာ အကြမ်းဖက် သမားများနှင့် မကြာခဏထိတွေ့မှုများ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ တပ်မတော်သား ၅ ဦး အသက်ပေးလှူခဲ့ရပါသည်။

၃။ ဖမ်းဆီးရမိသော အကြမ်းဖက်သမား ၂ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည် လွှဲပြောင်း ပေးခဲ့သည့် အကြမ်းဖက်သမား ၂ ဦးတို့ကို ပဏာမစစ်ဆေးဖော်ထုတ်ချက်အရ မောင်တောမြို့နယ် အတွင်း ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်တိုက်ခိုက်မှုများသည် ပြည်ပမှ ငွေကြေးထောက်ပံ့မှု၊ ပြည်ပ အကြမ်းဖက် အဖွဲ့အစည်းဝင်များ၏ ပံ့ပိုးမှုကူညီမှုတို့ဖြင့် အချိန်ယူကာ စနစ်တကျ ကြိုတင် ဆောင်ရွက် ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ကြောင်း တွေ့ရှိရပါသည်။

၄။ မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်သည် ၄င်းဒေသတွင် အများစု ရောက်ရှိ နေထိုင် လျက်ရှိသော အစ္စလာမ်ဘာသာဝင်များအတွင်း အစွန်းရောက်အကြမ်းဖက်ဝါဒ တိုးမြင့်လာစေ ရန် အချိန်ယူ၍ စည်းရုံးသိမ်းသွင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးဖော်ထုတ် ရရှိခဲ့ပါသည်။ မောင်တော ဒေသကို ခြေကုတ်ယူ၍ ဘူးသီးတောင်၊ မောင်တောဒေသကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်း အားထုတ်ခဲ့ခြင်း ဖြစ်ပြီး အရှေ့အလယ်ပိုင်းနိုင်ငံအချို့ရှိ အစွန်းရောက်ပုဂ္ဂိုလ်များ၏ ငွေကြေးပံ့ပိုးမှု အလုံးအရင်း ရယူခဲ့ခြင်းဖြစ်ပါသည်။ ငွေကြေးများ ထောက်ပံ့မှုပြုရာတွင် အဖွဲ့အစည်းအလိုက် ဆောင်ရွက်ခြင်း မပြုဘဲ လူပုဂ္ဂိုလ်တစ်ဦးချင်းဆက်သွယ်မှုဖြင့် လျှို့ဝှက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်ရရှိခဲ့ပါသည်။

၅။ မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်သည် RSO အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ် သော မောင်တောဒေသတွင် လှုပ်ရှားသည့် Aqa Mul Mujahidin (အကာလ်မူလ် မူဂျာဟီဒင်န်) အဖွဲ့၏ ဆောင်ရွက်ချက်ဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်ရရှိခဲ့ပါသည်။၎င်းအဖွဲ့ကို ဦးဆောင်သူမှာ မောင်တောမြို့နယ်၊ ကျောက်ပြင်ဆိပ်ကျေးရွာနေ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက် တစ်ဦးဖြစ်သည့် ဟာဗစ်တူဟာရ် ဖြစ်ကြောင်း၊ အသက် ၄၅ နှစ်ခန့်ရှိသည့် ဟာဗစ်တူဟာရ်သည် ပါကစ္စတန်နိုင်ငံရှိ တာလီဘန်များထံ ၆ လ သင်တန်းတက်ရောက်ခဲ့သူဖြစ်ပြီး ၄င်း၏အစ်မ ၄ ဦးနှင့် အစ်ကို ၁ ဦးတို့မှာ ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် နေထိုင်လျက်ရှိကြောင်း၊ ဟာဗစ်တူဟာရ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ့ဖ်အနီးရှိ ကျေးရွာတစ်ရွာတွင်လည်း သွားရောက် နေထိုင်လေ့ရှိပြီး ဒုက္ခသည်အမည်ခံ၍ အရှေ့အလယ်ပိုင်းနိုင်ငံများရှိ အဖွဲ့အစည်းများထံမှ ငွေကြေး ထောက်ပံ့မှုများ ရယူလျက်ရှိကြောင်း၊ ၄င်းနှင့်အတူ ပူးပေါင်းဆောင်ရွက်နေသူများမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံနေ ငါးခူရကျေးရွာတွင် ရောက်ရှိနေသော ပါကစ္စတန်နိုင်ငံသား ခါလစ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကူတာပါလောင် ဒုက္ခသည် စခန်းတွင်နေထိုင်သော အီဗရာဟိန်း၊ အဇာ၊ အာရပ်တူလာ၊ နီလာဒုက္ခသည် စခန်းတွင် နေထိုင်သော ဇူဘိုင်၊ အစ္စလာမ်ဆိုသူအပါအဝင်(၁၂)ဦးဖြစ်ကြောင်း၊ ခါလစ်သည် ပါကစ္စတန် နိုင်ငံတွင် အကြမ်းဖက် သင်တန်းတက်ရောက်ထားသူ တစ်ဦးဖြစ်ပြီး မြန်မာ၊ ဘင်္ဂလီ၊ ရခိုင်၊ မလေး၊ ပါကစ္စတန်နှင့် အင်္ဂလိပ်ဘာသာစကားများ ကျွမ်းကျင်စွာပြောဆိုနိုင်ကြောင်း၊၎င်းတို့သည် လွန်ခဲ့သော (၅) လခန့်မှစ၍ ဟာဗစ်တူဟာရ်၏ အစီအစဉ်ဖြင့် မောင်တောဒေသသို့ ဝင်ရောက်လာပြီး ဟာဗစ် တူဟာရ် စည်းရုံး ထားသော ဒေသနေအစွန်းရောက်လူငယ်များကို အကြမ်းဖက် သင်တန်းများ ပေးခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ်ရရှိပါသည်။

၆။ ငါးခူရအလယ်ရွာတွင် အဓိက စည်းရုံးလှုပ်ရှားခဲ့သူများဖြစ်သော ငါးခူရကျေးရွာနေအဒူရာမန်၊ မူနက်၊ ကာဖိုက်တူလာ၊ အာကစ်တို့(၄) ဦး သည်လည်း RSO စစ်သင်တန်းတက်ရောက်ပြီးသူများဖြစ် ကြောင်း၊ ဟာဗစ်တူဟာရ်၊ ခါလစ်နှင့်ကျီးကန်းပြင်စခန်းအား တိုက်ခိုက်ရာတွင် ဦးဆောင်သူ မောင်နှမ ကျေးရွာနေ မာဘူယာတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းမှ ဝင်ရောက်လာသည့် အကြမ်းဖက် အဖွဲ့ဝင် ၁၂ ဦးနှင့်ပေါင်း၍ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာ၊ အလယ် သံကျော်ကျေးရွာနှင့် ငန်းချောင်းကျေးရွာတို့တွင် ဓားပြတိုက်ခဲ့ဘူးကြောင်း စစ်ဆေးဖော်ထုတ်ရရှိခဲ့ပါသည်။

၇။ ဟာဗစ်တူဟာရ်နှင့် အဖွဲ့သည် မောင်တောဒေသအတွင်းရှိ အစွန်းရောက်လူငယ်များကို စည်းရုံး သိမ်းသွင်း ကာ တောတွင်းနှင့် တောင်ပေါ်လူသူအရောက်အပေါက်နည်းသည့် နေရာများတွင် လည်းကောင်း၊ ငါးခူရအလယ်ကျေးရွာရှိ အဒူရာမန်၏ နေအိမ်ခြံဝင်းအတွင်းတွင် လည်းကောင်း၊ ကျောက်ပြင် ဆိပ်ကျေးရွာအနီး တောတွင်းတွင်လည်းကောင်း သေနတ်ပစ်သင်တန်းနှင့် ကိုယ်ခံပညာ သင်တန်းများကို တိတ်တဆိတ်သင်ကြားပေးခဲ့ကြောင်း၊ ၄င်းနောက် အကြမ်းဖက် တိုက်ခိုက်မှုများ ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်ရရှိခဲ့ပါသည်။

၈။ ဟာဗစ်တူဟာရ်သည် အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှု ဌာနချုပ်(ကျီးကန်းပြင်)ကို မာဘူယာ ဦးဆောင်၍ အကြမ်းဖက်သမားအင်အား ၁ဝဝ ဦးခန့်ဖြင့်လည်းကောင်း၊ ငါးခူရနယ်မြေစခန်းကို ခါလစ်နှင့် အဒူရာမန် ဦးဆောင်၍ အကြမ်းဖက်သမား အင်အား ၁ဝဝ ဦးခန့်ဖြင့်လည်းကောင်း၊ ကြိမ်ချောင်း နယ်မြေစခန်းကို ဝါကဒ်စ် ဦးဆောင်၍ အကြမ်းဖက်သမား အင်အား ၅ဝ ဦးခန့်ဖြင့် လည်းကောင်း၊ ကျောက်လှေကားနယ်မြေစခန်းကို အာဇာ ဦးဆောင်၍ အကြမ်းဖက်သမား အင်အား ၅ဝ ဦးခန့်ဖြင့်လည်းကောင်း၊ ရွက်ညိုတောင်နယ်မြေစခန်းကို ရော်ပိုင် ဦးဆောင်၍ အကြမ်းဖက်သမား အင်အား ၅ဝ ဦးခန့်ဖြင့်လည်းကောင်း၊ ကိုးတန်ကောက်ရဲကင်းစခန်းကို အဘူကူးမား ဦးဆောင်၍ အကြမ်းဖက် သမားအင်အား ၁၂ ဦးခန့်ဖြင့်လည်းကောင်း၊ အကြမ်းဖက်သမား အင်အား ၄ဝဝ နီးပါးဖြင့် နေရာ ၆ နေရာကို တစ်ချိန်တည်း တစ်ပြိုင်တည်း အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်ခဲ့သော်လည်း ကျီးကန်းပြင် ဌာနချုပ်၊ ငါးခူရနယ်မြေစခန်းနှင့် ကိုးတန်ကောက်ရဲကင်းစခန်း စုစုပေါင်း(၃)နေရာ ကိုသာ အောက်တိုဘာလ ၉ ရက်နေ့တွင် တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ စခန်းများကို တိုက်ခိုက် ပြီးနောက် ရဲတပ်ဖွဲ့ဝင်များကို သတ်ဖြတ်ပြီး လက်နက်များနှင့် ပစ္စည်းများရယူရန်၊ ရရှိသည့် လက်နက်များဖြင့် အနီးပတ်ဝန်းကျင်ရှိ တပ်မတော်နှင့် ရဲတပ်ဖွဲ့စခန်းများအား ဆက်လက်တိုက်ခိုက်ရန် ဟာဗစ်တူဟာရ် က ညွန်ကြားထားကြောင်း၊ ဝင်ရောက်တိုက်ခိုက်မှုမပြုလုပ်မီ အဖွဲ့ခေါင်းဆောင်များမှ အကြမ်းဖက်အဖွဲ့ဝင် များကို တိုက်ခိုက်မည့် အစီအမံအား စနစ်တကျရှင်းလင်းခဲ့ကြောင်းသိရှိရပါသည်။

၉။ Aqa Mul Mujahidin (အကာလ်မူလ် မူဂျာဟီဒင်န်) အဖွဲ့သည် ကမ္ဘာအနှံ့ရှိ အကြမ်းဖက် တိုက်ခိုက်မှုများတွင် ဆောင်ရွက်လေ့ရှိသည့် နည်းဗျူဟာများအတိုင်း ပြည်ပငွေကြေး ထောက်ပံ့မှု (အရှေ့အလယ်ပိုင်းရှိမောင်တောဒေသအနွယ်)၊ အကြမ်းဖက် တိုက်ခိုက်မှု စစ်သင်တန်း (ပါကစ္စတန်-တာလီဘန်၊ ဘင်္ဂလားဒေ့ရှ်-RSO) စသည်တို့ဖြင့်စတင်၍ ပဋိပက္ခဖြစ်ပွားခဲ့သော မောင်တောဒေသ အတွင်းရှိ အစွန်းရောက်လူငယ်များကို ဘာသာရေးအရ စည်းရုံးဆောင်ရွက်သောနည်းဗျူဟာကို ကျင့်သုံးဖော်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ အစ္စလာမ်ဘာသာဝင် အများစုနေထိုင်ရာ ဘူးသီးတောင်၊ မောင်တောဒေသကို သိမ်းပိုက်ရယူပြီးနောက် ပြည်ပထောက်ခံမှု၊ ငွေကြေးပံ့ပိုးမှုများ မြင့်တက် လာစေရန်၊ ပြည်တွင်း၊ ပြည်ပမှဘာသာရေးအစွန်းရောက်များ ပူးပေါင်းပါဝင်လာစေရန်အတွက် တာလီဘန်၊ အယ်လ်ကိုင်းဒါး၊ ISIS စသည့် အကြမ်းဖက် အဖွဲ့အစည်းများ၏ နည်းနာအတိုင်း အင်တာနက်နှင့် လူမှု ကွန်ရက်များတွင် ဗီဒီယိုဖိုင်များလွှင့်တင်ကာ ဝါဒဖြန့်ချိလျက်ရှိကြောင်း စစ်ဆေး ဖော်ထုတ်ရရှိခဲ့ပါသည်။

၁၀။ လက်ရှိအချိန်တွင် ဟာဗစ်တူဟာရ် ဦးဆောင်သော အကြမ်းဖက်အဖွဲ့ငယ်သည် အစွန်းရောက် အကြမ်းဖက်သမား ၄ဝဝ နီးပါးခန့်ဖြင့် မောင်တောဒေသအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်လက် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတာဝန်၊ တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးတာဝန်များကို အင်အား အပြည့်အဝဖြင့် ဆောင်ရွက်လျက်ရှိရာ မကြာခဏဆိုသလို ထိတွေ့မှုများဖြစ်ပွားလျက် ရှိပါသည်။

တစ်ချိန်တည်းမှာပင် ပြည်တွင်း၊ ပြည်ပရှိ အကြမ်းဖက်အဆက်အသွယ်များ၊ အကြမ်းဖက် အားပေးသူ များကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိပြီး ထပ်မံရရှိသည့် သတင်းအချက်အလက်များကို ပြည်သူအများ သိရှိစေရန် ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။

၁၁။ မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်သည် ပြည်ပရှိ အကြမ်းဖက်အဖွဲ့စည်းများ၊ အကြမ်းဖက်အားပေး လူပုဂ္ဂိုလ်များ၏ ပံ့ပိုးကူညီမှုများရယူကာ အချိန်ယူပြင်ဆင်ပြီး စနစ်တကျ စီစဉ် ဆောင်ရွက်ခဲ့သောအကြမ်းဖက်မှုဖြစ်ပါသည်။ ထိုအကြမ်းဖက်တိုက်ခိုက်မှုများသည် နိုင်ငံတော်၏ အမျိုးသား လုံခြုံရေး၊ နိုင်ငံသူ နိုင်ငံသားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် လုံခြုံရေးတို့ကို ထိခိုက်ဖျက်ဆီးရန် ကြိုးပမ်း ဆောင်ရွက်လာခြင်း ဖြစ်ပါသည်။

အကြမ်းဖက်တိုက်ခိုက်မှုများ၊ အကြမ်းဖက် တိုက်ခိုက်ရန် ကြိုးပမ်းဆောင်ရွက်မှုများ စသည်တို့ အားလုံးကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့် အခြားလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ ထိထိ ရောက်ရောက် ကာကွယ်၊ တုံ့ပြန်ချေမှုန်း တိုက်ဖျက် သွားမည်ဖြစ်ပါသည်။

မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုသာမက မည်သို့သော အကြမ်းဖက်တိုက်ခိုက်ခြင်း၊ အကြမ်းဖက်တိုက်ခိုက်ရန် ကြိုးပမ်း အားထုတ်ခြင်းမှန်သမျှကို ထိထိရောက်ရောက် တုံ့ပြန်ချေမှုန်း သွားမည် ဖြစ်ပါသည်။ အကြမ်းဖက် သမားများ၏ နောက်ကွယ်မှကြိုးကိုင်စီစဉ်သူများ၊ တိတ်တဆိတ် ပံ့ပိုးကူညီသူများ၊ အကြမ်းဖက် အားပေးသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအားလုံးကိုလည်း ဆက်လက် စုံစမ်း ဖော်ထုတ်၍ ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၄င်းအပြင် ဖြစ်ပွားနေသော အကြမ်းဖက် တိုက်ခိုက်မှုများကို အခွင့်ကောင်းယူ၍ ပြည်သူများအကြား ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခနှင့် မတည်မငြိမ်မှုများ ဖြစ်ပေါ်လာစေရန် သွေးထိုးလှုံ့ဆော်သူများ၊ သွေးထိုး လှုံ့ဆော်ရန် ကြိုးပမ်းသူများ ကိုလည်း ဥပဒေနှင့်အညီ ပြင်းပြင်းထန်ထန် အရေးယူသွားမည် ဖြစ်ပါသည်။

၁၂။ သို့ပါ၍ နိုင်ငံသူနိုင်ငံသားများအနဖြေင့် လက်ရှိနိုင်ငံတော်အစိုးရက ဆောင်ရွက်နေသည့် အခြေအနေများကို သိရှိနားလည်ပြီး အကြမ်းဖက်အန္တရာယ်ကို သတိဖြင့် ဂရုပြုကြရန်၊ မိမိတို့ လူ့အဖွဲ့အစည်း အတွင်း ဘာသာရေး၊ လူမျိုးရေး သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခြင်းမပြုကြရန်၊ အခြား ဒေသများသို့ ပဋိပက္ခများ ကူးစက်ဖြစ်ပွားခြင်း မရှိစေရေး တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက် ပေးကြရန်၊ ဘာသာရေး၊ လူမှုရေးခေါင်းဆောင်များ အနဖြေင့်လည်း ပဋိပက္ခများ မဖြစ်ပေါ်စေရေး တတ်နိုင်သမျှ ဝိုင်းဝန်းထိန်းသိမ်းကူညီကြရန်၊ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံလျက် သတင်း ထုတ်ပြန် အပ်ပါသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~