ကျပ်သိန်း(၁၂၀၀)ကျော်ဖြင့် မိုင်းဖြတ်မြို့နယ် ထွေ/အုပ်ရုံး၏ အစည်းအဝေးခန်းမ တည်ဆောက်

ကျပ်သိန်း(၁၂၀၀)ကျော်ဖြင့် မိုင်းဖြတ်မြို့နယ် ထွေ/အုပ်ရုံး၏ အစည်းအဝေးခန်းမ တည်ဆောက်
အောကျတိုဘာ 27, 2016
By Tachileik News Agency





အဆိုပါ အစည်းအဝေးခန်းမအား ၂၀၁၆ခုနှစ် အောက်တိုဘာလ(၄)ရက်နေ့ကစတင်၍ ဆောက်လုပ်နေခြင်းဖြစ်ပြီး ယခုအခါမှာ ၅၀%ခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

သတင်း/ဓါတ်ပုံ - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အစိုးရ၏ ခွင့်ပြုငွေ ကျပ်သိန်း(၁,၂၀၀)ကျော်ဖြင့် တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ အစည်းအဝေးခန်းမအား နမ့်ယွန်းတောင်ပေါ် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်လျှက် ရှိကြောင်း သိရသည်။

"ကျွန်တော်တို့ အနေနဲ့ အစည်းအဝေးလုပ်တာတို့ အခမ်းအနားပွဲတွေ လုပ်တာတို့ဆိုရင် လက်ရှိ၊ ရှိနေတဲ့ ဘုရင့်နောင်ခန်းမက သေးတဲ့အတွက် ပြည်နယ်အစိုးရရဲ့ ခွင့်ပြု ရန်ပုံငွေနဲ့ ဒီအစည်းအဝေးခန်းမကို ဆောက်လုပ်တာပါ "ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေး ခန်းမအား ရုံး၏ အနောက်ဖက် ဌာနပိုင်မြေနေရာတွင် ဆောက်လုပ်လျှက်ရှိပြီး အဆိုပါ ခန်းမအား အလျား (၈၀) ပေဆောက်လုပ်ရန် တာဝန်ယူထားခြင်းဖြစ်သော်လည်း (၁၁၅)ပေအထိ တာဝန်ယူထားသည့် ကုမ္ပဏီမှ ဆောက်လုပ်ပေးနေကြောင်း သိရသည်။

“ကျွန်တော့်အနေနဲ့ ကိုယ်နေတဲ့မြို့ဆိုတော့ စေတနာထားပြီး ဆောက်လုပ်ပေးနေပါတယ်။ အလျှား ကို ပေ ၈၀ ဆိုတော့ နည်းနည်းတို မလားဆိုပြီး အလျား ၁၁၅ ပေ အထိ လုပ်ပေးထားပါတယ် " ဟု နမ့်ယွန်းတောင်ပေါ်ဆောက်လုပ်ရေးကုမ္ပဏီမှ ဦးဝင်းဇာနည်မွေက ပြောသည်။

အဆိုပါ အစည်းအေဝးခန်းမအား ၂၀၁၆ခုနှစ် အောက်တိုဘာလ(၄)ရက်နေ့ကစတင်၍ ဆောက်လုပ်နခြေင်းဖြစ်ပြီး ယခုအခါမှာ ၅၀%ခန့် ပြီးစီးနပြေီဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~