မိုင္းတံုမီးသတ္စခန္း၏ တည္ေဆာက္ေရးကာလတြင္ စံခ်ိန္စံညႊန္း လိုအပ္ခ်က္မ်ားရွိက ေထာက္ျပေပးရန္ လုပ္ကိုင္ခြင့္ရ ကုမၸဏီကဆို

မိုင္းတံုမီးသတ္စခန္း၏ တည္ေဆာက္ေရးကာလတြင္ စံခ်ိန္စံညႊန္း လိုအပ္ခ်က္မ်ားရွိက ေထာက္ျပေပးရန္ လုပ္ကိုင္ခြင့္ရ ကုမၸဏီကဆို
အောက်တိုဘာ 11, 2016
By Tachileik News Agency

မိုင္းဆတ္ခ႐ုိင္ မိုင္းတံုၿမိဳ႕နယ္မီးသတ္ဦးစီးဌာန မီးသတ္စခန္းႏွစ္ထပ္အေဆာက္အဦးအား သတ္မွတ္ စံခ်ိန္စံညႊန္းအညီလုပ္ေဆာင္ရန္ သေဘာတူလက္မွတ္ေရးထုိးထားသည့္အတြက္ စံခ်ိန္စံညႊန္းႏွင့္ မညီပါက ေဆာက္လုပ္စဥ္ အသိေပးရန္ လုပ္ကိုင္ခြင့္ရ ကုမၸဏီက ေျပာသည္။

"မီးသတ္႐ုံး ေဆာက္လုပ္ခြင့္ကုိ ႐ွမ္းျပည္နယ္မီးသတ္ဦးစီးဌာနရဲ႕ သတ္မွတ္စံခ်ိန္စံၫႊန္းန႔ဲအညီ ေဆာက္လုပ္ဖို႔ သေဘာတူ စာခ်ဳပ္ ခ်ဳပ္ခ့ဲပါတယ္။ လုပ္ငန္း ေဆာင္ရြက္ေနတ့ဲ ကာလအတြင္း လိုအပ္ခ်က္ ရိွရင္ ေထာက္ျပေပးပါ။ ခ်က္ခ်င္း ေဆာင္ရြက္ေပးပါ့မယ္။ လုပ္ငန္းၿပီးမွ ျပင္ခိုင္းရင္ အခက္အခဲေတြန႔ဲ ႀကဳံေတြ႕ၾကရမွာပါ"ဟု အိပ္မက္ရြာေဆာက္လုပ္ေရးကုမၸဏီမွ Managing Director ဦးေနမ်ိဳးက ေျပာသည္။

အဆိုပါ မီးသတ္စခန္းေဆာက္လုပ္ခြင့္အား၂၀၁၆ - ၂၀၁၇ ဘဏၰာေရးႏွစ္တြင္ က်ပ္သိန္း(၁,၅၅၄)ျဖင့္ ခြင့္ျပဳေပးခ့ဲၿပီး ( ၆၅×၅၂×၂၆ )ေပ သံကူကြန္ကရစ္ ႏွစ္ထပ္အေဆာက္အဦးကို ၂၀၁၇ ဇန္နဝါရီလ(၃၁)ရက္ေန႔တြင္ လုပ္ငန္း ၿပီးစီးအပ္ႏွံရမည္ျဖစ္ေၾကာင္း သိရသည္။

"အေဆာက္အဦ အတြက္ လိုအပ္တ့ဲ အုတ္၊ သဲ၊ ေက်ာက္၊ သစ္နဲ႔ သံေခ်ာင္းေတြကုိ လြန္ခ့ဲတ့ဲ ႏွစ္လေလာက္ကတည္းက ႀကိဳတင္စုေဆာင္းခ့ဲတယ္။ သတ္မွတ္စံခ်ိန္ စံၫႊန္းန႔ဲအညီေဆာက္လုပ္ဖို႔ေတာ့ ေသခ်ာ ႀကီးၾကပ္သြားမွာပါ"ဟု မိုင္းတံုၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႔စခန္းမွ ဒုဦးစီးမွဴး ဦးေက်ာ္သူလြင္က ေျပာသည္။

အဆိုပါ အေဆာက္အဦး ပႏၷက္႐ုိက္ျခင္းကို ေအာက္တိုဘာလ (၁၁)ရက္က လုပ္ေဆာင္ရာ ဌာနဆိုင္ရာ မ်ားႏွင့္ ႏုိင္ငံေရးပါတီမ်ားမွ တာဝန္ရိွသူမ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ား တက္ေရာက္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေအာင္ေဇယ်

~~~~~~~~⊰❂ unicode ~~~~~~~~

မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်စခန်းနှစ်ထပ်အဆောက်အဦးအား သတ်မှတ် စံချိန်စံညွှန်းအညီလုပ်ဆောင်ရန် သဘောတူလက်မှတ်ရေးထိုးထားသည့်အတွက် စံချိန်စံညွှန်းနှင့် မညီပါက ဆောက်လုပ်စဉ် အသိပေးရန် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီက ပြောသည်။

"မီးသတ်ရုံး ဆောက်လုပ်ခွင့်ကို ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာနရဲ့ သတ်မှတ်စံချိန်စံညွှန်းနဲ့အညီ ဆောက်လုပ်ဖို့ သဘောတူ စာချုပ် ချုပ်ခဲ့ပါတယ်။ လုပ်ငန်း ဆောင်ရွက်နေတဲ့ ကာလအတွင်း လိုအပ်ချက် ရှိရင် ထောက်ပြပေးပါ။ ချက်ချင်း ဆောင်ရွက်ပေးပါ့မယ်။ လုပ်ငန်းပြီးမှ ပြင်ခိုင်းရင် အခက်အခဲတွေနဲ့ ကြုံတွေ့ကြရမှာပါ"ဟု အိပ်မက်ရွာဆောက်လုပ်ရေးကုမ္ပဏီမှ Managing Director ဦးနေမျိုးက ပြောသည်။

အဆိုပါ မီးသတ်စခန်းဆောက်လုပ်ခွင့်အား၂၀၁၆ - ၂၀၁၇ ဘဏ္ဏာရေးနှစ်တွင် ကျပ်သိန်း(၁,၅၅၄)ဖြင့် ခွင့်ပြုပေးခဲ့ပြီး ( ၆၅×၅၂×၂၆ )ပေ သံကူကွန်ကရစ် နှစ်ထပ်အဆောက်အဦးကို ၂၀၁၇ ဇန်နဝါရီလ(၃၁)ရက်နေ့တွင် လုပ်ငန်း ပြီးစီးအပ်နှံရမည်ဖြစ်ကြောင်း သိရသည်။

"အဆောက်အဦ အတွက် လိုအပ်တဲ့ အုတ်၊ သဲ၊ ကျောက်၊ သစ်နဲ့ သံချောင်းတွေကို လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ကြိုတင်စုဆောင်းခဲ့တယ်။ သတ်မှတ်စံချိန် စံညွှန်းနဲ့အညီဆောက်လုပ်ဖို့တော့ သေချာ ကြီးကြပ်သွားမှာပါ"ဟု မိုင်းတုံမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ ဒုဦးစီးမှူး ဦးကျော်သူလွင်က ပြောသည်။

အဆိုပါ အဆောက်အဦး ပန္နက်ရိုက်ခြင်းကို အောက်တိုဘာလ (၁၁)ရက်က လုပ်ဆောင်ရာ ဌာနဆိုင်ရာ များနှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - အောင်ဇေယျ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~