မႏၱေလးအလင္း သတင္းစာတိုက္မွ ဝန္ထမ္းမ်ား၏ စာမူခႏွင့္ နစ္နာေၾကးကိစၥ MPC ညိႇႏိႈင္းေပးမည္

မႏၱေလးအလင္း သတင္းစာတိုက္မွ ဝန္ထမ္းမ်ား၏ စာမူခႏွင့္ နစ္နာေၾကးကိစၥ MPC ညိႇႏိႈင္းေပးမည္
အောက်တိုဘာ 27, 2016
By Tachileik News Agency

ရပ္နားလုိက္သည့္ မႏၱေလးအလင္းသတင္းစာမွ ဝန္ထမ္းမ်ား၏ စာမူခႏွင့္ နစ္နာေၾကးေတာင္းခံထားမႈႏွင့္ ပတ္သက္၍ ျမန္မာႏို္င္ငံသတင္းမီဒီယာေကာင္စီအဖြဲ႕(MPC)က မႏၱေလးအလင္းသတင္းစာ ဝန္ထမ္းမ်ားကိုယ္စား တာဝန္ခံအယ္ဒီတာ ႏွစ္ဦးကို ေအာက္တိုဘာလ (၂၇)ရက္က ေတြ႔ဆံုေဆြးေႏြးေၾကာင္း သိရသည္။

“ဒီကိစၥက ကၽြန္ေတာ္တုိ႔ဆီမွာ တင္ျပထားတာဆိုေတာ့ ဒီေန႔ေတာ့ မႏၱေလးအလင္းသတင္းစာက ဝန္ထမ္းေတြဘက္ကို ေခၚၿပီးေတြ႔တယ္။ ၿပီးရင္ေတာ့ တဖက္ကို ေတြ႔သြားဖို႔ စီစဥ္ေနပါတယ္။ လတ္တေလာ ကေတာ့ ဒီေလာက္ပဲ ေျပာလို႔ရပါေသးတယ္”ဟု ျမန္မာႏို္င္ငံသတင္းမီဒီယာေကာင္စီ ဒုတိယဥကၠဌ ဦးေအာင္လွထြန္းက Tachileik News Agency သို႔ ေျပာသည္။

မႏၱေလးၿမိဳ႕တြင္ အေျခစိုက္ထုတ္ေဝခဲ့သည့္ မႏၱေလးအလင္းသတင္းစာသည္ ၂၀၁၆ ခုႏွစ္ ဇူလုိင္လ(၁၄) ရက္ေန႔က ရပ္နားလုိက္ၿပီးေနာက္  ဝန္ထမ္း (၂၃) ဦးအား နစ္နာေၾကးႏွင့္ စာမူခမ်ားကို ေပးေဆာင္ျခင္း မရိွေသးဟုဆိုကာ ၂၀၁၆ ခုနွစ္ ေအာက္တိုဘာလ (၇)ရက္တြင္ မႏၱေလးအလင္းသတင္းစာ၏ ဝန္ထမ္းမ်ားက ရန္ကုန္ၿမိဳ႕ႏွင့္ မႏၱေလးၿမိဳ႕မ်ားတြင္ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

“ကၽြန္ေတာ္တုိ႔ကို ဒီမနက္မွာ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီက ေခၚေတြ႔ပါတယ္။ ကၽြန္ေတာ္ တင္ျပထားတဲ့ အခ်က္အလက္ေတြကလည္း ျပည့္ျပည့္စံုစံုပါပဲ။ သူတို႔က တဖက္ကိုလည္း ေတြ႔ၿပီး ညိႇႏိႈင္းေဆာင္ရြက္ေပးမယ္လို႔ ေျပာပါတယ္။ အခုခ်ိန္ထိေတာ့ သတင္းစာတိုက္ဘက္က ဆက္သြယ္လာတာ မရွိပါဘူး” ဟု မႏၱေလးအလင္းသတင္းစာ၏ တာဝန္ခံအယ္ဒီတာ ကိုသန္႔ဇင္ဦးက ဆိုသည္။

ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီမွ ဦးေအာင္လွထြန္း၊  ဦးေက်ာ္စြာမင္း၊ ခ်စ္ႏုိင္(စိတ္ပညာ)၊ မ်ိဳးကိုမ်ိဳး၊ ေဒါက္တာမ်ိဳးသက္တင္ႏွင့္ မႏၱေလးအလင္းသတင္းစာမွ တာဝန္ခံအယ္ဒီတာႏွစ္ဦးတို႔ ရန္ကုန္ၿမိဳ႕တြင္ ေတြ႔ဆံုညိႇႏိႈင္းျခင္း ျဖစ္ေၾကာင္း သိရသည္။

မႏၱေလးအလင္းသတင္းစာကို The Messenger Media က ၂၀၁၅ ခုႏွစ္ ဇန္နဝါရီလ (၁၇)ရက္တြင္ စတင္ထုတ္ေဝခဲ့ျခင္းျဖစ္သည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရပ်နားလိုက်သည့် မန္တလေးအလင်းသတင်းစာမှ ဝန်ထမ်းများ၏ စာမူခနှင့် နစ်နာကြေးတောင်းခံထားမှုနှင့် ပတ်သက်၍ မြန်မာနို်င်ငံသတင်းမီဒီယာကောင်စီအဖွဲ့(MPC)က မန္တလေးအလင်းသတင်းစာ ဝန်ထမ်းများကိုယ်စား တာဝန်ခံအယ်ဒီတာ နှစ်ဦးကို အောက်တိုဘာလ (၂၇)ရက်က တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။

“ဒီကိစ္စက ကျွန်တော်တို့ဆီမှာ တင်ပြထားတာဆိုတော့ ဒီနေ့တော့ မန္တလေးအလင်းသတင်းစာက ဝန်ထမ်းတွေဘက်ကို ခေါ်ပြီးတွေ့တယ်။ ပြီးရင်တော့ တဖက်ကို တွေ့သွားဖို့ စီစဉ်နေပါတယ်။ လတ်တလော ကတော့ ဒီလောက်ပဲ ပြောလို့ရပါသေးတယ်”ဟု မြန်မာနို်င်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဌ ဦးအောင်လှထွန်းက Tachileik News Agency သို့ ပြောသည်။

မန္တလေးမြို့တွင် အခြေစိုက်ထုတ်ဝေခဲ့သည့် မန္တလေးအလင်းသတင်းစာသည် ၂၀၁၆ ခုနှစ် ဇူလိုင်လ(၁၄) ရက်နေ့က ရပ်နားလိုက်ပြီးနောက် ဝန်ထမ်း (၂၃) ဦးအား နစ်နာကြေးနှင့် စာမူခများကို ပေးဆောင်ခြင်း မရှိသေးဟုဆိုကာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၇)ရက်တွင် မန္တလေးအလင်းသတင်းစာ၏ ဝန်ထမ်းများက ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ကို ဒီမနက်မှာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ခေါ်တွေ့ပါတယ်။ ကျွန်တော် တင်ပြထားတဲ့ အချက်အလက်တွေကလည်း ပြည့်ပြည့်စုံစုံပါပဲ။ သူတို့က တဖက်ကိုလည်း တွေ့ပြီး ညှိနှိုင်းဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။ အခုချိန်ထိတော့ သတင်းစာတိုက်ဘက်က ဆက်သွယ်လာတာ မရှိပါဘူး” ဟု မန္တလေးအလင်းသတင်းစာ၏ တာဝန်ခံအယ်ဒီတာ ကိုသန့်ဇင်ဦးက ဆိုသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ဦးအောင်လှထွန်း၊ ဦးကျော်စွာမင်း၊ ချစ်နိုင်(စိတ်ပညာ)၊ မျိုးကိုမျိုး၊ ဒေါက်တာမျိုးသက်တင်နှင့် မန္တလေးအလင်းသတင်းစာမှ တာဝန်ခံအယ်ဒီတာနှစ်ဦးတို့ ရန်ကုန်မြို့တွင် တွေ့ဆုံညှိနှိုင်းခြင်း ဖြစ်ကြောင်း သိရသည်။

မန္တလေးအလင်းသတင်းစာကို The Messenger Media က ၂၀၁၅ ခုနှစ် ဇန်နဝါရီလ (၁၇)ရက်တွင် စတင်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~