မိုင္းျဖတ္ၿမိဳ႕နယ္ရိွ ေဘလီတံတားႏွစ္စင္း၏ သစ္သားၾကမ္းခင္း လဲလွယ္ျခင္းအတြက္ က်ပ္ (၁၃) သန္းသံုးစြဲမည္

မိုင္းျဖတ္ၿမိဳ႕နယ္ရိွ ေဘလီတံတားႏွစ္စင္း၏ သစ္သားၾကမ္းခင္း လဲလွယ္ျခင္းအတြက္ က်ပ္ (၁၃) သန္းသံုးစြဲမည္
အောက်တိုဘာ 3, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခ႐ိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္ ဝမ္ပံုေက်းရြာအုပ္စုအတြင္းရွိ ဝမ္ပံုေခ်ာင္းႏွင့္ ဝမ္ယန္းေခ်ာင္း ေဘလီတံတားႏွစ္စင္း၏ သစ္သားၾကမ္းခင္းမ်ား လဲလွယ္ျခင္းအတြက္ ရွမ္းျပည္နယ္ လႊတ္ေတာ္ ရန္ပံုေငြမွ က်ပ္ (၁၃)သန္းကို သံုးစြဲ၍ ျပည္သူ႔ေဆာက္လုပ္ေရးလုပ္ငန္းက လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

"ဒီတံတားႏွစ္စင္းက အဓိက ျပည္သူလူထုအတြက္ အသံုးျပဳေနရတဲ့ တံတားေတြျဖစ္တဲ့အတြက္ (၃)ႏွစ္ တစ္ႀကိမ္ေလာက္ ၾကမ္းခင္းေတြ ျပဳျပင္ေနရတယ္ဆိုေတာ့ ႏွစ္ေတြၾကာလာတာနဲ႔ ေငြသံုးစြဲမႈေတြမ်ားလာမွာ ျဖစ္တဲ့ အတြက္ တန္ (၆၀)ခံႏိုင္ရည္ရွိတဲ့ သံကူကြန္ကရစ္တံတား တည္ေဆာက္ဖို႔အတြက္ ျပည္နယ္အစိုးရဆီ တင္ျပထားပါတယ္" ဟု ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းေက်ာက္က ေျပာသည္။

အဆိုပါ တံတားမ်ားမွတဆင့္ မိုင္းျဖတ္ၿမိဳ႕နယ္အတြင္း ဝမ္ပံုေက်းရြာအုပ္စု၊ ေကာင္းမႈေက်းရြာအုပ္စု၊ မိုင္းဟဲေက်းရြာအုပ္စု၊ ဆားလို႔ေက်းရြာအုပ္စု၊ နမ္႔ယြန္းေက်းရြာအုပ္စု၊ နမ့္ပန္ေက်းရာအုပ္စုမ်ားႏွင့္ မိုင္းျဖတ္ၿမိဳ႕၊ မိုင္းဆတ္ခ႐ိုင္၊ က်ဳိင္းတံုခ႐ိုင္ႏွင့္ တာခ်ီလိတ္ၿမိဳ႕တို႔အၾကား ဆက္သြယ္ႏိုင္ျခင္းျဖစ္သည္။

"ကြ်န္ေတာ္ကေတာ့ ဒီ ဝမ္ပံုေက်းရြာ မွာေနတာၾကာပါၿပီ။ ၿမိဳ႕ထဲသြားမယ္ဆိုရင္ ဒီတံတား ကပဲ ျဖတ္သြားရပါတယ္။ ၾကမ္းခင္းေတြ ပ်က္စီးေနေတာ့ တစ္ခါတစ္ေလ ဆိုင္ကယ္ေမွာက္တာတို႔ ကေလး ေတြ ျဖတ္သြားရင္လည္း ျပဳတ္က်မွာ စိုးရိမ္ရပါတယ္။ ခုလိုျပဳျပင္ေပးေတာ့မယ္ဆိုေတာ့ ခရီးသြားေတြလည္း စိတ္ခ်မ္းသာ တာေပါ့ဗ်ာ" ဟု ဝမ္ပံုေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးအိုက္က်ဳိင္းဝိန္းက ေျပာသည္။

အဆိုပါတံတားၾကမ္းခင္းမ်ားအား ေအာက္တိုဘာလ (၁၅)ရက္ အတြင္း အၿပီးေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ကိုသာ

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ဝမ်ပုံကျေးရွာအုပ်စုအတွင်းရှိ ဝမ်ပုံချောင်းနှင့် ဝမ်ယန်းချောင်း ဘေလီတံတားနှစ်စင်း၏ သစ်သားကြမ်းခင်းများ လဲလှယ်ခြင်းအတွက် ရှမ်းပြည်နယ်လွှတ်တော် ရန်ပုံငွေမှ ကျပ် (၁၃)သန်းကို သုံးစွဲ၍ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

"ဒီတံတားနှစ်စင်းက အဓိက ပြည်သူလူထုအတွက် အသုံးပြုနေရတဲ့ တံတားတွဖြေစ်တဲ့အတွက် (၃)နှစ် တစ်ကြိမ်လောက် ကြမ်းခင်းတွေ ပြုပြင်နေရတယ်ဆိုတော့ နှစ်တွကြောလာတာနဲ့ ငွေသုံးစွဲမှုတွေများလာမှာ ဖြစ်တဲ့ အတွက် တန် (၆၀)ခံနိုင်ရည်ရှိတဲ့ သံကူကွန်ကရစ်တံတား တည်ဆောက်ဖို့အတွက် ပြည်နယ်အစိုးရဆီ တင်ပြထားပါတယ်" ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်က ပြောသည်။

အဆိုပါ တံတားများမှတဆင့် မိုင်းဖြတ်မြို့နယ်အတွင်း ဝမ်ပုံကျေးရွာအုပ်စု၊ ကောင်းမှုကျေးရွာအုပ်စု၊ မိုင်းဟဲကျေးရွာအုပ်စု၊ ဆားလို့ကျေးရွာအုပ်စု၊ နမ့်ယွန်းကျေးရွာအုပ်စု၊ နမ့်ပန်ကျေးရာအုပ်စုများနှင့် မိုင်းဖြတ်မြို့၊ မိုင်းဆတ်ခရိုင်၊ ကျိုင်းတုံခရိုင်နှင့် တာချီလိတ်မြို့တို့အကြား ဆက်သွယ်နိုင်ခြင်းဖြစ်သည်။

"ကျွန်တော်ကတော့ ဒီ ဝမ်ပုံကျေးရွာ မှာနေတာကြာပါပြီ။ မြို့ထဲသွားမယ်ဆိုရင် ဒီတံတား ကပဲ ဖြတ်သွားရပါတယ်။ ကြမ်းခင်းတွေ ပျက်စီးနေတော့ တစ်ခါတစ်လေ ဆိုင်ကယ်မှောက်တာတို့ ကလေး တွေ ဖြတ်သွားရင်လည်း ပြုတ်ကျမှာ စိုးရိမ်ရပါတယ်။ ခုလိုပြုပြင်ပေးတော့မယ်ဆိုတော့ ခရီးသွားတွေလည်း စိတ်ချမ်းသာ တာပေါ့ဗျာ" ဟု ဝမ်ပုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအိုက်ကျိုင်းဝိန်းက ပြောသည်။

အဆိုပါတံတားကြမ်းခင်းများအား အောက်တိုဘာလ (၁၅)ရက် အတွင်း အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~