ရပ္နားလိုက္သည့္ မႏၱေလးအလင္း သတင္းစာတိုက္မွ ဝန္ထမ္းမ်ားအေပၚ နစ္နာေၾကးေပးရန္ ပ်က္ကြက္

ရပ္နားလိုက္သည့္ မႏၱေလးအလင္း သတင္းစာတိုက္မွ ဝန္ထမ္းမ်ားအေပၚ နစ္နာေၾကးေပးရန္ ပ်က္ကြက္
အောက်တိုဘာ 7, 2016
By Tachileik News Agency

မႏၱေလးအလင္းသတင္းစာကို ဇူလုိင္လ(၁၄) ရက္ေန႔က ရပ္နားလုိက္ေသာ္လည္း ဝန္ထမ္း (၂၃) ဦးအား ေအာက္တိုဘာလအထိ နစ္နာေၾကးေပးေဆာင္ျခင္း မရိွေသးသျဖင့္ ေအာက္တိုဘာလ (၇)ရက္တြင္ ဝန္ထမ္းမ်ားက ရန္ကုန္ၿမိဳ႕ႏွင့္ မႏၱေလးၿမိဳ႕မ်ားတြင္ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္သည္။

“ကြ်န္ေတာ္တုိ႔ လူ႔အခြင့္အေရးေကာ္မရွင္ကို စာတင္ထားတယ္။ ေနာက္ ျမန္မာႏုိင္ငံစာနယ္ဇင္းေကာင္စီ ကိုလည္း တင္ျပထားတယ္။ ဒီၾကားမွာ သူတို႔ညိႇႏိႈင္းေပးမွာကို ေစာင့္ပါမယ္။ ေနာက္ဆံုး မရဘူး ဆိုရင္ေတာ့ တရားစြဲသြားမွာပါ”ဟု မႏၱေလးအလင္းသတင္းစာ၏ တာဝန္ခံအယ္ဒီတာ ကိုသန္႔ဇင္ဦးက ဆိုသည္။

အဆိုပါ ကိစၥႏွင့္ပတ္သက္၍ ျမန္မာႏုိင္ငံစာနယ္ဇင္းေကာင္စီ(MPC)က ျဖစ္စဥ္အား ေလ့လာၿပီး ေဆာင္ရြက္မည္ျဖစ္ေၾကာင္း  MPC ၏ ဒုတိယဥကၠဌ ဦးေအာင္လွထြန္းထံမွ သိရၿပီး သတင္းသမားမ်ားျဖင့္ ဖြဲ႕စည္းထားသည့္ ျမန္မာသတင္းသမားမ်ားကြန္ယက္ (MJN) အေနျဖင့္ အစည္းအေဝးေခၚယူရန္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“အလုပ္အမႈေဆာင္ေကာ္မတီအစည္းအေဝး ေခၚယူၿပီး လုပ္ေဆာင္သြားမယ္။ ဝန္ထမ္းေတြရဲ႕ ျဖစ္စဥ္ေတြကို ေသခ်ာေလ့လာၿပီး ဘာလုပ္ရမယ္ဆိုတာ ဆံုးျဖတ္ၾကမွာပါ”ဟု MJN ၏ အလုပ္အမႈေဆာင္ ဦးျမင့္ေက်ာ္က ေျပာသည္။

မႏၱေလးအလင္းသတင္းစာကို The Messenger Media က ၂၀၁၅ ခုႏွစ္ ဇန္နဝါရီလ (၁၇)ရက္တြင္ စတင္ထုတ္ေဝခဲ့ၿပီး၊ ၂၀၁၆ ခုႏွစ္ ဇူလိုင္လ (၁၄) ရက္တြင္ ရပ္နားလိုက္ျခင္းျဖစ္ေသာ္လည္း၊ အဆိုပါ သတင္းစာတြင္ တာဝန္ထမ္းေဆာင္ခဲ့သည့္ သတင္းေထာက္၊ အယ္ဒီတာႏွင့္ ရံုးဝန္ထမ္း စုစုေပါင္း (၂၃) ဦးအား ေပေခ်ရမည့္ နစ္နာေၾကးႏွင့္ စာမူခ စုစုေပါင္း က်ပ္သိန္းေပါင္း (၂၅၀)ေက်ာ္အား ယေန႔အထိ ရွင္းလင္းျခင္း မရိွေသးေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
မန္တလေးအလင်းသတင်းစာကို ဇူလိုင်လ(၁၄) ရက်နေ့က ရပ်နားလိုက်သော်လည်း ဝန်ထမ်း (၂၃) ဦးအား အောက်တိုဘာလအထိ နစ်နာကြေးပေးဆောင်ခြင်း မရှိသေးသဖြင့် အောက်တိုဘာလ (၇)ရက်တွင် ဝန်ထမ်းများက ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည်။

“ကျွန်တော်တို့ လူ့အခွင့်အရေးကော်မရှင်ကို စာတင်ထားတယ်။ နောက် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ ကိုလည်း တင်ပြထားတယ်။ ဒီကြားမှာ သူတို့ညှိနှိုင်းပေးမှာကို စောင့်ပါမယ်။ နောက်ဆုံး မရဘူး ဆိုရင်တော့ တရားစွဲသွားမှာပါ”ဟု မန္တလေးအလင်းသတင်းစာ၏ တာဝန်ခံအယ်ဒီတာ ကိုသန့်ဇင်ဦးက ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(MPC)က ဖြစ်စဉ်အား လေ့လာပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း MPC၏ ဒုတိယဥက္ကဌ ဦးအောင်လှထွန်းထံမှ သိရပြီး သတင်းသမားများဖြင့် ဖွဲ့စည်းထားသည့် မြန်မာသတင်းသမားများကွန်ယက် (MJN) အနဖြေင့် အစည်းအဝေးခေါ်ယူရန် လုပ်ဆောင်နေကြောင်း သိရသည်။

“အလုပ်အမှုဆောင်ကော်မတီအစည်းအဝေး ခေါ်ယူပြီး လုပ်ဆောင်သွားမယ်။ ဝန်ထမ်းတွေရဲ့ ဖြစ်စဉ်တွေကို သေချာလေ့လာပြီး ဘာလုပ်ရမယ်ဆိုတာ ဆုံးဖြတ်ကြမှာပါ”ဟု MJN၏ အလုပ်အမှုဆောင် ဦးမြင့်ကျော်က ပြောသည်။

မန္တလေးအလင်းသတင်းစာကို The Messenger Media က ၂၀၁၅ ခုနှစ် ဇန်နဝါရီလ (၁၇)ရက်တွင် စတင်ထုတ်ဝေခဲ့ပြီး၊ ၂၀၁၆ ခုနှစ် ဇူလိုင်လ (၁၄) ရက်တွင် ရပ်နားလိုက်ခြင်းဖြစ်သော်လည်း၊ အဆိုပါ သတင်းစာတွင် တာဝန်ထမ်းဆောင်ခဲ့သည့် သတင်းထောက်၊ အယ်ဒီတာနှင့် ရုံးဝန်ထမ်း စုစုပေါင်း (၂၃) ဦးအား ပေချေရမည့် နစ်နာကြေးနှင့် စာမူခ စုစုပေါင်း ကျပ်သိန်းပေါင်း (၂၅၀)ကျော်အား ယနေ့အထိ ရှင်းလင်းခြင်း မရှိသေးကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~