လူငယ္အေယာက္(၃၀)ခန္႔က လူငယ္(၅)ဦးအား တုတ္၊ ဓားမ်ားျဖင့္ လိုက္ရုိက္မႈ လိြဳင္ေကာ္၌ ျဖစ္ပြား

လူငယ္အေယာက္(၃၀)ခန္႔က လူငယ္(၅)ဦးအား တုတ္၊ ဓားမ်ားျဖင့္ လိုက္ရုိက္မႈ လိြဳင္ေကာ္၌ ျဖစ္ပြား
အောက်တိုဘာ 14, 2016
By Tachileik News Agency

ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕နယ္၊ ေဒါႏိုကူးရပ္ကြက္ဓမၼာရုံအနီးတြင္ ေအာက္တိုဘာလ (၁၄)ရက္ ေန႔လယ္ (၁)နာရီခန္႔က ေပါက္စိန္၊ တုတ္၊ ဓားမ်ား ကိုင္ေဆာင္လာေသာ လူငယ္အေယာက္ (၃၀) ခန္႔က ဆိုင္ကယ္ ႏွစ္စီးျဖင့္သြားေနေသာ လူငယ္ (၅) ဦးကို လိုက္ရုိက္သျဖင့္ ကိုယ္လြတ္ထြက္ေျပးၾကရေၾကာင္း သိရသည္။

"အရုိက္ခံရတဲ့ကေလးေတြကို အမႈဖြင့္ဖို႕ ကၽြန္ေတာ္တို႕ဝိုင္းေျပာတယ္။ သူတို႔က မဖြင့္ဘူးတဲ့။ အကုန္လုံးက အသက္ ၁၈ ႏွစ္ေလာက္ပဲ ရွိေသးတယ္။ သူတို႕အဖြဲ႕ေလးေတြဖြဲ႕ထားျပီး ကလဲ့စားေခ်တာလည္း ျဖစ္ႏိုင္တယ္။ အရင္ကေတာ့ ညဖက္ေတြပဲျဖစ္တာ ခုက ေန႕ခင္းေၾကာင္ေတာင္ႀကီး ျဖစ္တာက ေတာ္ေတာ္ ဆိုးတယ္။ ခုေနာက္ပိုင္းလူငယ္ေတြ မူးယစ္ေဆးဝါး အရမ္းသုံးလာတယ္။ ဒါေတြေၾကာင့္လည္းပါမယ္" ဟု ဦးျပည္ဟိန္းေက်ာ္က Tachileik News Agency (တာခ်ီလိတ္သတင္းေအဂ်င္စီ)သို႔ ေျပာသည္။

လူငယ္(၅)ဦးမွာ ဆိုင္ကယ္ေပၚမွ ဆင္းေျပး၍ နီးစပ္ရာအိမ္မ်ားသို႔ ေျပးဝင္သြားခဲ့သျဖင့္ ထိခိုက္ခဲ့ျခင္း မရွိေသာ္လည္း ၎တို႔စီးနင္းလာေသာ ဆိုင္ကယ္ႏွစ္စီးကို ေပါက္စိန္၊ တုတ္၊ ဓားမ်ားျဖင့္ ရိုက္ခြဲသြားေသာေၾကာင့္ ဆိုင္ကယ္တစ္စီးမွာ ေႀကမြ ပ်က္စီးသြားၿပီး က်န္တစ္စီးမွာ အနည္းငယ္ ပ်က္စီးသြားခဲ့ေၾကာင္း မ်က္ျမင္မ်ားထံမွ သိရသည္။

" အခုေခတ္ လူငယ္ေတာ္ေတာ္မ်ားမ်ား ဖြဲ႕ေနၾကတာ ေတြ႕တယ္။ အဖြဲ႕ေတြဖြဲ႕ၿပီး လူမႈေရးေတြ လုပ္တာ မဟုတ္ဘဲ ရန္ျဖစ္ဖို႔ ရန္ရွာဖို႔အတြက္ သက္သက္ ဖြဲ႕ေနၾကတာေတြ ေတြ႕ေနရတယ္။ အဲဒီလို အဖြဲ႕ေတြမွာလည္း အသက္(၁၈)ႏွစ္ေအာက္ လူငယ္ေတြ ေတာ္ေတာ္မ်ားမ်ား ပါလာတာေတြ႕ရတယ္။ သက္ဆိုင္ရာ ေတြကလည္း ဒါေတြကို ေသခ်ာကိုင္တြယ္ဖို႔လိုေနၿပီ။ အခုဟာက ေန႔လယ္ခင္း လမ္းလယ္မွာ ဒီလို ရိုက္တယ္ဆိုေတာ့ ဥပေဒအရ အေရးယူမႈ စိုးမိုးမႈေတြ မလုပ္ၾကဘူးဆိုရင္ ေနာက္ပိုင္းဒီထက္ဆိုးတဲ့ တိုက္ခိုက္မႈေတြ ျဖစ္လာၾကႏိုင္တယ္"ဟု ရုိက္မႈျဖစ္ပြားရာေနရာတြင္ ေရာက္ေနသည့္ ဦးျပည္ဟိန္းေက်ာ္က ေျပာသည္။

လိြဳင္ေကာ္ၿမိဳ႕တြင္ လူငယ္မ်ား အုပ္စုဖြဲ႕ရုိက္ႏွက္မႈမွာ ညဖက္မ်ားတြင္ အျဖစ္မ်ားၿပီး ေန႔ခင္းဖက္တြင္ ျဖစ္ေလ့ျဖစ္ထမရွိခဲ့ေၾကာင္း သိရသည္။

သတင္း- #ဆန္းၿဖဳိးထြန္း
ဓာတ္ပံု - Pyi Hine Kyaw

~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ ဒေါနိုကူးရပ်ကွက်ဓမ္မာရုံအနီးတွင် အောက်တိုဘာလ (၁၄)ရက် နေ့လယ် (၁)နာရီခန့်က ပေါက်စိန်၊ တုတ်၊ ဓားများ ကိုင်ဆောင်လာသော လူငယ်အယောက် (၃၀) ခန့်က ဆိုင်ကယ် နှစ်စီးဖြင့်သွားနေသော လူငယ် (၅) ဦးကို လိုက်ရိုက်သဖြင့် ကိုယ်လွတ်ထွက်ပြေးကြရကြောင်း သိရသည်။

"အရိုက်ခံရတဲ့ကလေးတွေကို အမှုဖွင့်ဖို့ ကျွန်တော်တို့ဝိုင်းပြောတယ်။ သူတို့က မဖွင့်ဘူးတဲ့။ အကုန်လုံးက အသက် ၁၈ နှစ်လောက်ပဲ ရှိသေးတယ်။ သူတို့အဖွဲ့လေးတွေဖွဲ့ထားပြီး ကလဲ့စားချေတာလည်း ဖြစ်နိုင်တယ်။ အရင်ကတော့ ညဖက်တွေပဲဖြစ်တာ ခုက နေ့ခင်းကြောင်တောင်ကြီး ဖြစ်တာက တော်တော် ဆိုးတယ်။ ခုနောက်ပိုင်းလူငယ်တွေ မူးယစ်ဆေးဝါး အရမ်းသုံးလာတယ်။ ဒါတွေကြောင့်လည်းပါမယ်" ဟု ဦးပြည်ဟိန်းကျော်က Tachileik News Agency (တာချီလိတ်သတင်းအေဂျင်စီ)သို့ ပြောသည်။

လူငယ်(၅)ဦးမှာ ဆိုင်ကယ်ပေါ်မှ ဆင်းပြေး၍ နီးစပ်ရာအိမ်များသို့ ပြေးဝင်သွားခဲ့သဖြင့် ထိခိုက်ခဲ့ခြင်း မရှိသော်လည်း၎င်းတို့စီးနင်းလာသော ဆိုင်ကယ်နှစ်စီးကို ပေါက်စိန်၊ တုတ်၊ ဓားများဖြင့် ရိုက်ခွဲသွားသောကြောင့် ဆိုင်ကယ်တစ်စီးမှာ ကြေမွ ပျက်စီးသွားပြီး ကျန်တစ်စီးမှာ အနည်းငယ် ပျက်စီးသွားခဲ့ကြောင်း မျက်မြင်များထံမှ သိရသည်။

" အခုခေတ် လူငယ်တော်တော်များများ ဖွဲ့နကြေတာ တွေ့တယ်။ အဖွဲ့တွေဖွဲ့ပြီး လူမှုရေးတွေ လုပ်တာ မဟုတ်ဘဲ ရန်ဖြစ်ဖို့ ရန်ရှာဖို့အတွက် သက်သက် ဖွဲ့နကြေတာတွေ တွေ့နေရတယ်။ အဲဒီလို အဖွဲ့တွေမှာလည်း အသက်(၁၈)နှစ်အောက် လူငယ်တွေ တော်တော်များများ ပါလာတာတွေ့ရတယ်။ သက်ဆိုင်ရာ တွေကလည်း ဒါတွေကို သေချာကိုင်တွယ်ဖို့လိုနပြေီ။ အခုဟာက နေ့လယ်ခင်း လမ်းလယ်မှာ ဒီလို ရိုက်တယ်ဆိုတော့ ဥပဒေအရ အရေးယူမှု စိုးမိုးမှုတွေ မလုပ်ကြဘူးဆိုရင် နောက်ပိုင်းဒီထက်ဆိုးတဲ့ တိုက်ခိုက်မှုတွေ ဖြစ်လာကြနိုင်တယ်"ဟု ရိုက်မှုဖြစ်ပွားရာနေရာတွင် ရောက်နေသည့် ဦးပြည်ဟိန်းကျော်က ပြောသည်။

လွိုင်ကော်မြို့တွင် လူငယ်များ အုပ်စုဖွဲ့ရိုက်နှက်မှုမှာ ညဖက်များတွင် အဖြစ်များပြီး နေ့ခင်းဖက်တွင် ဖြစ်လေ့ဖြစ်ထမရှိခဲ့ကြောင်း သိရသည်။

သတင်း- #ဆန်းဖြိုးထွန်း
ဓာတ်ပုံ - Pyi Hine Kyaw

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~