ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္ရွိ ဘိန္းခင္း (၁၇)ဧကခန္႔ကို ပူးေပါင္းအဖြဲ႕ျဖင့္ ဖ်က္ဆီး

ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္ရွိ ဘိန္းခင္း (၁၇)ဧကခန္႔ကို ပူးေပါင္းအဖြဲ႕ျဖင့္ ဖ်က္ဆီး
အောက်တိုဘာ 22, 2016
By Tachileik News Agency

ကယားျပည္နယ္၊ လြိဳင္ေကာ္ခ႐ိုင္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္၊ လိုဘာခိုေက်းရြာအုပ္စု ေဆာင္ဒူေက်းရြာရွိ ဘိန္းစိုက္ခင္း (၁၇)ဧကခန္႔အား ေအာက္တိုဘာလ (၂၂) ရက္ေန႔တြင္ ရဲတပ္ဖြဲ႕ဝင္မ်ား၊ တပ္မေတာ္ႏွင့္ တာဝန္ရွိ ဌာနဆိုင္ရာမ်ား ပူးေပါင္းၿပီး ဖ်က္ဆီးၾကေၾကာင္း သိရသည္။

လိုဘာခိုေက်း႐ြာအုပ္စု ေဆာင္ဒူေက်း႐ြာ၏ အေရွ႕ေျမာက္ဖက္ (၂)မိုင္ခန္႔အကြာရိွ ဘိန္းစိုက္ခင္းမ်ားအား ဖ်က္ဆီးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ဘိန္းစိုက္ပ်ိဳးမႈအား ဖ်က္ဆီးသည့္ နည္းလမ္းႏွင့္အတူ ဘိန္းစိုက္ ေတာင္သူမ်ားအတြက္ အစားထိုးသီးႏွံမ်ား စိုက္ပ်ိဳးႏိုင္ရန္ ေဈးကြက္ ေဖာ္ေဆာင္ေပးႏိုင္ေရးကိုလည္း ဦးစားေပး လုပ္ေဆာင္သင့္သည္ဟု ဒီးေမာ့ဆိုၿမိဳ႕ ေဒသခံ ဦးကိုဦးက ေျပာသည္။

"ဒီက ဘိန္းစိုက္တဲ့ေဒသမွာ တျခားသီးႏွံမျဖစ္ဘူး။ ျဖစ္တဲ့ဟာက ေဈးကြက္မရွိဘူး။ ဒါေၾကာင့္ ဘိန္းစိုက္တာကိုပဲ ဆက္လုပ္ေနၾကရတာ။ အစိုးရက ေျပာေနတဲ့ ဘိန္းအစားထိုးသီးႏွံ ဒါေတြကိုအရင္ဆုံး အေကာင္ထည္ေဖာ္ႏိုင္ဖို႔ လုပ္ရမယ္။ ခုကဖ်က္တယ္။ ဒါေပမဲ့ ဧကေပါင္း ေျမာက္မ်ားစြာရွိတယ္။ နည္းနည္းပဲ ဖ်က္တယ္။ ဒါက အားနည္းခ်က္ေတြ ျဖစ္တာေပါ့"ဟု ဒီးေမာ့ဆိုၿမိဳ႕ ေဒသခံ ဦးကိုဦးက ေျပာသည္။

ဘိန္းစိုက္ေတာင္သူမ်ား အေနျဖင့္ အစိုးရမွ ႏွစ္စဥ္ ေျပာဆိုေနသည့္ ဘိန္းအစား ထိုးသီးႏွံ စိုက္ပ်ိဳးရန္ အျပည့္ဝ ေထာက္ပံ႔မႈႏွင့္ ေဈးကြက္မ်ား ေဖာ္ေဆာင္ႏိုင္ပါက ဘိန္းစိုက္ပ်ိဳးမႈထက္ ဝင္ေငြ နည္းေသာ္လည္း အစားထိုးသီးႏွံကိုသာ စိုက္ပ်ိဳးလိုသည္ဟု ဘိန္းစိုက္ေတာင္သူ တစ္ဦးက ဆိုသည္။

"ကြ်န္ေတာ္တို႔မွာက ဒါပဲစိုက္လို႔ရတယ္။ တျခားသီးႏွံမျဖစ္ဘူး ။ ဥပမာ ေတာင္ယာ တစ္ဧက ရွိရင္ စပါး တစ္ဧကစိုက္ရင္ ကၽြန္ေတာ့္မိသားစု ဘယ္စားေလာက္မလဲ။ ငတ္မွာေပါ့။ ဒါေပမဲ့ ဘိန္း တစ္ဧက စိုက္ရင္ ဘယ္လိုပဲျဖစ္ျဖစ္ နည္းနည္းဖူလုံမယ္ ေပါ့။ ကၽြန္ေတာ္တို႔လည္း မစိုက္ခ်င္ေတာ့ပါဘူး။ တကယ္စိုက္တဲ့ ေတာင္သူေတြက မခ်မ္းသာပါဘူး။ ပိုက္ဆံလည္း အမ်ားႀကီးမရဘူး။ အဓိကက ပြဲစားေတြက ႀကိဳက္သလို ေဈးကစားတယ္။ သူတို႔ဆီက ကၽြန္ေတာ္တို႔က ပိုက္ဆံေခ်းေငြေတြ အရင္ယူျပီး စိုက္ရတာ "ဟု ဘိန္းစိုက္ေတာင္သူတစ္ဦးက ေျပာသည္။

သက္ဆိုင္ရာ ရဲတပ္ဖြဲ႕ဝင္မ်ား ၊ မူးယစ္ေဆးဝါး ဆန္႔က်င္ေရး အဖြဲ႕မ်ား ၊ တပ္မေတာ္ ၊ ဌာနဆိုင္ရာ မ်ား စုေပါင္း၍ ဘိန္းစိုက္ဧက (၁၇)ဧကခန္႔ကို ဖ်က္ဆီးခဲ့ျခင္းျဖစ္သည္။

သတင္း - ဆန္းၿဖဳိးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်၊ လိုဘာခိုကျေးရွာအုပ်စု ဆောင်ဒူကျေးရွာရှိ ဘိန်းစိုက်ခင်း (၁၇)ဧကခန့်အား အောက်တိုဘာလ (၂၂) ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်နှင့် တာဝန်ရှိ ဌာနဆိုင်ရာများ ပူးပေါင်းပြီး ဖျက်ဆီးကြကြောင်း သိရသည်။

လိုဘာခိုကျေးရွာအုပ်စု ဆောင်ဒူကျေးရွာ၏ အရှေ့မြောက်ဖက် (၂)မိုင်ခန့်အကွာရှိ ဘိန်းစိုက်ခင်းများအား ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဘိန်းစိုက်ပျိုးမှုအား ဖျက်ဆီးသည့် နည်းလမ်းနှင့်အတူ ဘိန်းစိုက် တောင်သူများအတွက် အစားထိုးသီးနှံများ စိုက်ပျိုးနိုင်ရန် ဈေးကွက် ဖော်ဆောင်ပေးနိုင်ရေးကိုလည်း ဦးစားပေး လုပ်ဆောင်သင့်သည်ဟု ဒီးမော့ဆိုမြို့ ဒေသခံ ဦးကိုဦးက ပြောသည်။

"ဒီက ဘိန်းစိုက်တဲ့ဒေသမှာ တခြားသီးနှံမဖြစ်ဘူး။ ဖြစ်တဲ့ဟာက ဈေးကွက်မရှိဘူး။ ဒါကြောင့် ဘိန်းစိုက်တာကိုပဲ ဆက်လုပ်နကြေရတာ။ အစိုးရက ပြောနေတဲ့ ဘိန်းအစားထိုးသီးနှံ ဒါတွေကိုအရင်ဆုံး အကောင်ထည်ဖော်နိုင်ဖို့ လုပ်ရမယ်။ ခုကဖျက်တယ်။ ဒါပေမဲ့ ဧကပေါင်း မြောက်များစွာရှိတယ်။ နည်းနည်းပဲ ဖျက်တယ်။ ဒါက အားနည်းချက်တွေ ဖြစ်တာပေါ့"ဟု ဒီးမော့ဆိုမြို့ ဒေသခံ ဦးကိုဦးက ပြောသည်။

ဘိန်းစိုက်တောင်သူများ အနဖြေင့် အစိုးရမှ နှစ်စဉ် ပြောဆိုနေသည့် ဘိန်းအစား ထိုးသီးနှံ စိုက်ပျိုးရန် အပြည့်ဝ ထောက်ပံ့မှုနှင့် ဈေးကွက်များ ဖော်ဆောင်နိုင်ပါက ဘိန်းစိုက်ပျိုးမှုထက် ဝင်ငွေ နည်းသော်လည်း အစားထိုးသီးနှံကိုသာ စိုက်ပျိုးလိုသည်ဟု ဘိန်းစိုက်တောင်သူ တစ်ဦးက ဆိုသည်။

"ကျွန်တော်တို့မှာက ဒါပဲစိုက်လို့ရတယ်။ တခြားသီးနှံမဖြစ်ဘူး။ ဥပမာ တောင်ယာ တစ်ဧက ရှိရင် စပါး တစ်ဧကစိုက်ရင် ကျွန်တော့်မိသားစု ဘယ်စားလောက်မလဲ။ ငတ်မှာပေါ့။ ဒါပေမဲ့ ဘိန်း တစ်ဧက စိုက်ရင် ဘယ်လိုပဲဖြစ်ဖြစ် နည်းနည်းဖူလုံမယ် ပေါ့။ ကျွန်တော်တို့လည်း မစိုက်ချင်တော့ပါဘူး။ တကယ်စိုက်တဲ့ တောင်သူတွေက မချမ်းသာပါဘူး။ ပိုက်ဆံလည်း အများကြီးမရဘူး။ အဓိကက ပွဲစားတွေက ကြိုက်သလို ဈေးကစားတယ်။ သူတို့ဆီက ကျွန်တော်တို့က ပိုက်ဆံချေးငွေတွေ အရင်ယူပြီး စိုက်ရတာ "ဟု ဘိန်းစိုက်တောင်သူတစ်ဦးက ပြောသည်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အဖွဲ့များ၊ တပ်မတော်၊ ဌာနဆိုင်ရာ များ စုပေါင်း၍ ဘိန်းစိုက်ဧက (၁၇)ဧကခန့်ကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~