ေက်ာက္မဲၿမိဳ႕မွ ဖဲေလာင္းကစားဝိုင္းမ်ားအား ရဲစခန္းသို႔ တိုင္ၾကားသူမရိွ၍ အေရးမယူႏိုင္ေသးဟုဆို

ေက်ာက္မဲၿမိဳ႕မွ ဖဲေလာင္းကစားဝိုင္းမ်ားအား ရဲစခန္းသို႔ တိုင္ၾကားသူမရိွ၍ အေရးမယူႏိုင္ေသးဟုဆို
အောက်တိုဘာ 20, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕တြင္ ဖဲေလာင္းကစားျပဳလုပ္သည့္ ေနအိမ္မ်ား ရိွွေနေသာ္လည္း ဖမ္းဆီးအေရးယူႏိုင္မႈ မရိွေသးေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

“ရပ္ကြက္လူႀကီးအိမ္မွာကို ရိုက္ေနတာ။ အဲဒီရပ္ကြက္က လူတိုင္းနီးပါးသိတယ္။ ေန႔တိုင္းနီးပါးရိုက္တယ္။ ဘာလို႔အေရးမယူေသးတာလဲ မသိဘူး” ဟု ေဒသခံတစ္ဦးျဖစ္သည့္ ကိုရဲက ေျပာသည္။

ေက်ာက္မဲၿမိဳ႕တြင္ ဖဲေလာင္းကစားဝိုင္းမ်ားအား စားေသာက္ဆိုင္မ်ားနွင့္ လူေနရပ္ကြက္အတြင္း အမ်ားအျပား လုပ္ေဆာင္ေနေၾကာင္း အမည္မေဖာ္လိုသည့္ သတင္းရင္းျမစ္တစ္ဦးကေျပာသည္။

ဖဲေလာင္းကစားဝိုင္းမ်ားရိွသည္ဟုဆိုေသာ္လည္း ရဲစခန္းသို႔ တုိင္ၾကားသူမရိွေၾကာင္း ေက်ာက္မဲၿမိဳ႕မ ရဲစခန္းမွ ရဲအရာရိွတစ္ဦးက ဆိုသည္။

“သတင္းေထာက္ကိုက် ေျပာျပၾကတယ္။ ကြ်န္ေတာ္တို႔ကို မေျပာျပၾကဘူးဗ်။ တိုင္တ့ဲသူရွိရင္ အသိသက္ေသေတြနဲ႕ ဝိုင္းဖမ္းလို႔ရတယ္။ ကြ်န္ေတာ္တို႔သိတာနဲ႕ အေရးယူမွာပါ” ဟု ေက်ာက္မဲမွ အႀကီးတန္း ရဲအရာရွိတစ္ဦးက Tachileik News Agency(တာခ်ီလိတ္သတင္းေအဂ်င္စီ)သို႔ ေျပာသည္။

ဥပေဒအရ လူ(၅)ဦးပါဝင္သည့္ ဖဲေလာင္းကစား ျပဳလုပ္ေနလွ်င္ သက္ေသခံပစၥည္း၊ ေငြစကၠဴမ်ားႏွင့္ တကြ ဖမ္းဆီးအေရးယူ၍ရေၾကာင္း သိရသည္။

“ခင္ဗ်ားယံုမလား မသိဘူး။ အဲဒီလိုေနရာေတြမွာ ဖဲရိုက္ေနတာ မိန္းမေတြလည္း ရိုက္ေနတာပဲ။ ျမန္ျမန္ ဖမ္းေစခ်င္တယ္။ နာမည္ႀကီးတ့ဲ ရပ္ကြက္ေတြမွာ ေသခ်ာရွာဖမ္းရင္ အလြယ္ေလးပါဗ်ာ၊ ဒီလို ေလာင္းကစားေတြ လုပ္ေနေတာ့ ၾကာလာရင္ ရပ္ရြာေအးခ်မ္းမႈ ရွိမွာမဟုတ္ေတာ့ဘူး”ဟု ေက်ာက္မဲၿမိဳ႕မွ သံုးဘီးယာဥ္ေမာင္း တစ္ဦးက ဆိုသည္။

အမ်ားျပည္သူ ဝင္/ထြက္သြားလာေနသည့္ လမ္းနံေဘးတြင္ ဖဲေလာင္းကစားျပဳလုပ္ပါက ရာဇသတ္ႀကီးပုဒ္မ ၁၂ (က)ျဖင့္လည္းေကာင္း၊ ေနအိမ္အတြင္း(အနည္းဆံုး လူ ၅ ဦး ပါဝင္သည့္) ဖဲေလာင္းကစား ျပဳလုပ္ပါက ပုဒ္မ ၁၃/၁၄ တို႔ ျဖင့္ အေရးယူႏိုင္ၿပီး ေငြဒဏ္ႏွင့္ ေထာင္ဒဏ္ ( ၂ )ႏွစ္အထိ အေရးယူခံရႏိုင္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ဖဲလောင်းကစားပြုလုပ်သည့် နေအိမ်များ ရှိနေသော်လည်း ဖမ်းဆီးအရေးယူနိုင်မှု မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

“ရပ်ကွက်လူကြီးအိမ်မှာကို ရိုက်နေတာ။ အဲဒီရပ်ကွက်က လူတိုင်းနီးပါးသိတယ်။ နေ့တိုင်းနီးပါးရိုက်တယ်။ ဘာလို့အရေးမယူသေးတာလဲ မသိဘူး” ဟု ဒေသခံတစ်ဦးဖြစ်သည့် ကိုရဲက ပြောသည်။

ကျောက်မဲမြို့တွင် ဖဲလောင်းကစားဝိုင်းများအား စားသောက်ဆိုင်များနှင့် လူနေရပ်ကွက်အတွင်း အများအပြား လုပ်ဆောင်နေကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးကပြောသည်။

ဖဲလောင်းကစားဝိုင်းများရှိသည်ဟုဆိုသော်လည်း ရဲစခန်းသို့ တိုင်ကြားသူမရှိကြောင်း ကျောက်မဲမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

“သတင်းထောက်ကိုကျ ပြောပြကြတယ်။ ကျွန်တော်တို့ကို မပြောပြကြဘူးဗျ။ တိုင်တဲ့သူရှိရင် အသိသက်သေတွေနဲ့ ဝိုင်းဖမ်းလို့ရတယ်။ ကျွန်တော်တို့သိတာနဲ့ အရေးယူမှာပါ” ဟု ကျောက်မဲမှ အကြီးတန်း ရဲအရာရှိတစ်ဦးက Tachileik News Agency(တာချီလိတ်သတင်းအေဂျင်စီ)သို့ ပြောသည်။

ဥပဒေအရ လူ(၅)ဦးပါဝင်သည့် ဖဲလောင်းကစား ပြုလုပ်နေလျှင် သက်သေခံပစ္စည်း၊ ငွေစက္ကူများနှင့် တကွ ဖမ်းဆီးအရေးယူ၍ရကြောင်း သိရသည်။

“ခင်ဗျားယုံမလား မသိဘူး။ အဲဒီလိုနေရာတွေမှာ ဖဲရိုက်နေတာ မိန်းမတွေလည်း ရိုက်နေတာပဲ။ မြန်မြန် ဖမ်းစေချင်တယ်။ နာမည်ကြီးတဲ့ ရပ်ကွက်တွေမှာ သေချာရှာဖမ်းရင် အလွယ်လေးပါဗျာ၊ ဒီလို လောင်းကစားတွေ လုပ်နေတော့ ကြာလာရင် ရပ်ရွာအေးချမ်းမှု ရှိမှာမဟုတ်တော့ဘူး”ဟု ကျောက်မဲမြို့မှ သုံးဘီးယာဉ်မောင်း တစ်ဦးက ဆိုသည်။

အများပြည်သူ ဝင်/ထွက်သွားလာနေသည့် လမ်းနံဘေးတွင် ဖဲလောင်းကစားပြုလုပ်ပါက ရာဇသတ်ကြီးပုဒ်မ ၁၂ (က)ဖြင့်လည်းကောင်း၊ နေအိမ်အတွင်း(အနည်းဆုံး လူ ၅ ဦး ပါဝင်သည့်) ဖဲလောင်းကစား ပြုလုပ်ပါက ပုဒ်မ ၁၃/၁၄ တို့ ဖြင့် အရေးယူနိုင်ပြီး ငွေဒဏ်နှင့် ထောင်ဒဏ် ( ၂ )နှစ်အထိ အရေးယူခံရနိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~