ေက်ာက္မဲတြင္ လူေနရပ္ကြက္မ်ား မီးေဘးစိုးရိမ္ေနရသည့္ ပန္႔ဆီဆိုင္မ်ားအား စိစစ္ၾကပ္မတ္မႈ မရိွေသး

ေက်ာက္မဲတြင္ လူေနရပ္ကြက္မ်ား မီးေဘးစိုးရိမ္ေနရသည့္ ပန္႔ဆီဆိုင္မ်ားအား စိစစ္ၾကပ္မတ္မႈ မရိွေသး
အောက်တိုဘာ 17, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕ရွိ လူေနရပ္ကြက္တြင္ ဖြင့္လွစ္ထားသည့္ ပန္႔ဆီဆိုင္မ်ားေၾကာင့္ ရပ္ကြက္ေနလူထု မီးေဘးအႏၱရာယ္အတြက္ စိုးရိမ္ေနရေသာ္လည္း သက္ဆိုင္ရာမွ စိစစ္ၾကပ္မတ္မႈ လုပ္ေဆာင္ျခင္း မရိွေသးေၾကာင္း သိရသည္။

“လူေနအိမ္ေတြၾကားထဲမွာ ဓာတ္ဆီပန္႔ဆိုင္ေတြ ဖြင့္ထားတာ မီးေဘးအႏၲရာယ္အတြက္ စိုးရိမ္ေနရတယ္ ။ တရားဝင္ခြင့္ျပဳထား/မထား မသိေပမဲ့ လူေနရပ္ကြက္ထဲေတာ့ မဖြင့္ေစခ်င္ဘူး“ဟု ေက်ာက္မဲၿမိဳ႕ အမွတ္ ၉ ရပ္ကြက္ (တိလင္)မွ  ေဒၚျမျမက ေျပာသည္။

ရပ္ကြက္အတြင္း ဓာတ္ဆီပန္႔ဆိုင္ငယ္မ်ား တစ္ခုႏွင့္တစ္ခု နီးကပ္စြာ ရိွေနၿပီး အဆိုပါ ဆိုင္မ်ားအား ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီအေနျဖင့္ ခြင့္ျပဳထားျခင္း မဟုတ္ေၾကာင္း သိရသည္။

“တရားမဝင္ဘူးခင္ဗ်။ ကြ်န္ေတာ္တို႔ ခြင့္ျပဳထားတာလည္း မဟုတ္ဘူး။ ကြ်န္ေတာ္တို႔လည္း အေရးယူ လို႔မရဘူး။ ကၽြန္ေတာ္သိရသေလာက္ အဲဒီလို အိမ္သံုးပန္႔ဆိုင္ေတြ ဖြင့္မယ္ဆိုရင္ ရပ္ကြက္/ေက်းရြာ အုပ္ခ်ဳပ္ေရးကေန ၿမိဳ႕နယ္အထိ အဆင့္ဆင့္ ခြင့္ျပဳခ်က္တင္ရတယ္လို႔ သိရတယ္ “ ဟု ေက်ာက္မဲၿမိဳ႕ ၿမိဳ႕နယ္စည္ပင္သာယာေရး ေကာ္မတီမွ ဒုတိယညႊန္ၾကားေရးမွဴး ဦးဝင္းေဆြက Tachileik News Agency(တာခ်ီလိတ္သတင္းေအဂ်င္စီ)သို႔ ေျပာသည္။

ေက်ာက္မဲၿမိဳ႕ရွိ လူေနရပ္ကြက္ႀကီး (၉) ခုအတြင္း အိမ္သံုး ဓာတ္ဆီပန္႔ဆိုင္မ်ားေနရာအႏွံ႔ ဖြင့္လွစ္ထားၿပီး စုစုေပါင္း အလံုးေရ (၆၀) ဝန္းက်င္ရွိေၾကာင္း သိရသည္။

“မေျပာေကာင္း မဆိုေကာင္း ျဖစ္လိုက္ရင္ေတာ ့ေျပးလို႔ကို လြတ္မွာ မဟုတ္ဘူး။ လူေနရပ္ကြက္နဲ႔ ေဝးတ့ဲေနရာမွာပဲ ရွိေစခ်င္တယ္” ဟု အမွတ္ (၁) ရပ္ကြက္တြင္ ေနထိုင္သူ မစု က ေျပာသည္။

ေလာင္စာဆီဆိုင္မ်ား ဖြင့္လွစ္ခြင့္ကို မီးသတ္၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕၊ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနမ်ားမွ စိစစ္ခြင့္ျပဳေပးရျခင္းျဖစ္ေသာ္လည္း အဆိုပါ ဆီဆိုင္မ်ားမွာ ခြင့္ျပဳခ်က္ရယူထားျခင္း မရိွေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ လူနေရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် ပန့်ဆီဆိုင်များကြောင့် ရပ်ကွက်နေလူထု မီးဘေးအန္တရာယ်အတွက် စိုးရိမ်နေရသော်လည်း သက်ဆိုင်ရာမှ စိစစ်ကြပ်မတ်မှု လုပ်ဆောင်ခြင်း မရှိသေးကြောင်း သိရသည်။

“လူနေအိမ်တွကြေားထဲမှာ ဓာတ်ဆီပန့်ဆိုင်တွေ ဖွင့်ထားတာ မီးဘေးအန္တရာယ်အတွက် စိုးရိမ်နေရတယ်။ တရားဝင်ခွင့်ပြုထား/မထား မသိပေမဲ့ လူနေရပ်ကွက်ထဲတော့ မဖွင့်စေချင်ဘူး“ဟု ကျောက်မဲမြို့ အမှတ် ၉ ရပ်ကွက် (တိလင်)မှ ဒေါ်မြမြက ပြောသည်။

ရပ်ကွက်အတွင်း ဓာတ်ဆီပန့်ဆိုင်ငယ်များ တစ်ခုနှင့်တစ်ခု နီးကပ်စွာ ရှိနပြေီး အဆိုပါ ဆိုင်များအား မြို့နယ်စည်ပင်သာယာရေးကော်မတီအနဖြေင့် ခွင့်ပြုထားခြင်း မဟုတ်ကြောင်း သိရသည်။

“တရားမဝင်ဘူးခင်ဗျ။ ကျွန်တော်တို့ ခွင့်ပြုထားတာလည်း မဟုတ်ဘူး။ ကျွန်တော်တို့လည်း အရေးယူ လို့မရဘူး။ ကျွန်တော်သိရသလောက် အဲဒီလို အိမ်သုံးပန့်ဆိုင်တွေ ဖွင့်မယ်ဆိုရင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးကနေ မြို့နယ်အထိ အဆင့်ဆင့် ခွင့်ပြုချက်တင်ရတယ်လို့ သိရတယ် “ ဟု ကျောက်မဲမြို့ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဆွေက Tachileik News Agency(တာချီလိတ်သတင်းအေဂျင်စီ)သို့ ပြောသည်။

ကျောက်မဲမြို့ရှိ လူနေရပ်ကွက်ကြီး (၉) ခုအတွင်း အိမ်သုံး ဓာတ်ဆီပန့်ဆိုင်များနေရာအနှံ့ ဖွင့်လှစ်ထားပြီး စုစုပေါင်း အလုံးရေ (၆၀) ဝန်းကျင်ရှိကြောင်း သိရသည်။

“မပြောကောင်း မဆိုကောင်း ဖြစ်လိုက်ရင်တော့ပြေးလို့ကို လွတ်မှာ မဟုတ်ဘူး။ လူနေရပ်ကွက်နဲ့ ဝေးတဲ့နေရာမှာပဲ ရှိစေချင်တယ်” ဟု အမှတ် (၁) ရပ်ကွက်တွင် နေထိုင်သူ မစု က ပြောသည်။

လောင်စာဆီဆိုင်များ ဖွင့်လှစ်ခွင့်ကို မီးသတ်၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများမှ စိစစ်ခွင့်ပြုပေးရခြင်းဖြစ်သော်လည်း အဆိုပါ ဆီဆိုင်များမှာ ခွင့်ပြုချက်ရယူထားခြင်း မရှိကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~