က်ဳိင္းတံု၌ ဂ်ိန္းေဖာရတနာဖလား အမ်ဳိးသားအလြတ္တန္းေဘာလံုးၿပိဳင္ပြဲ က်င္းပ၊ ၿပိဳင္ပြဲ၀င္ ေဘာလံုးအသင္း (၂၄)သင္း ၀င္ေရာက္ယွဥ္ၿပိဳင္

က်ဳိင္းတံု၌ ဂ်ိန္းေဖာရတနာဖလား အမ်ဳိးသားအလြတ္တန္းေဘာလံုးၿပိဳင္ပြဲ က်င္းပ၊ ၿပိဳင္ပြဲ၀င္ ေဘာလံုးအသင္း (၂၄)သင္း ၀င္ေရာက္ယွဥ္ၿပိဳင္
အောက်တိုဘာ 2, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ဳိင္းတံုၿမိဳ႕တြင္ ဂ်ိန္းေဖာရတနာသြင္းကုန္/ထုတ္ကုန္ကုမၸဏီလိမိတက္မွ (၅)ႀကိမ္ေျမာက္အျဖစ္ က်င္းပျပဳလုပ္ေသာ ဂ်ိန္းေဖာရတနာဖလား အမ်ဳိးသားအလြတ္တန္းေဘာလံုးၿပိဳင္ပြဲ၏ ဖြင့္ပြဲကို ေအာက္တိုဘာလ (၂)ရက္ေန႔ ညေနပိုင္းက စတင္ က်င္းပျပဳလုပ္လ်ွက္ရွိရာ အဆိုပါ ၿပိဳင္ပြဲတြင္ ေဘာလံုးအသင္းေပါင္း (၂၄)သင္းမွ ပါ၀င္ယွဥ္ၿပိဳင္သြားမွာျဖစ္ေၾကာင္း သိရသည္။

ယင္းၿပိဳင္ပြဲတြင္ ၿပိဳင္ပြဲ၀င္ ေဘာလံုးအသင္းေပါင္း (၂၄)သင္းမွ ပါ၀င္ယွဥ္ၿပိဳင္ရာ အုပ္စု(၄)အုပ္စုဖြဲ႔၍ အုပ္စုပတ္လည္ အမွတ္ေပးစနစ္ျဖင့္ ေအာက္တိုဘာလ (၂)ရက္ေန႔မွ ႏို၀င္ဘာလ(၁၅)ရက္ေန႔အထိ က်င္းပသြားမွာ ျဖစ္ၿပီး ေနာက္ဆံုးဗိုလ္လုပြဲႏွင့္ ဆုေပးပြဲအား ႏို၀င္ဘာလ (၁၅)ရက္ေန႔တြင္ က်င္းပျပဳလုပ္မွာ ျဖစ္ေၾကာင္း သိရသည္။

(၅)ႀကိမ္ေျမာက္ ဂ်ိန္းေဖာရတနာဖလား အမ်ဳိးသားအလြတ္တန္းေဘာလံုးၿပိဳင္ပြဲအား ေအာက္တိုဘာလ(၂)ရက္ေန႔ ညေနပိုင္းက က်င္းပျပဳလုပ္ရာ ပြဲဦးထြက္အေနျဖင့္ ဂ်ိန္းေဖာရတနာ ေဘာလံုးအသင္း ႏွင့္ ပန္ဒါေဘာလံုးအသင္းတို႔မွ ယွဥ္ၿပိဳင္ကစားခဲ့ၾကရာတြင္ ဂ်ိန္းေဖာရတနာေဘာလံုးအသင္းမွ (၇)ဂိုး (၁)ဂိုးျဖင့္ အႏိုင္ရရွိေၾကာင္း သိရသည္။

အဆိုပါ ၿပိဳင္ပြဲတြင္ ၀င္ေရာက္ ယွဥ္ၿပိဳင္ၾကေသာ ေဘာလံုးအသင္းမ်ားအား ၿပိဳင္ပြဲက်င္းပျပဳလုပ္သည့္ ဂ်ိန္းေဖာရတနာသြင္းကုန္/ထုတ္ကုန္ကုမၸဏီီလိမိတက္မွ ၿပိဳင္ပြဲ၀င္ အားကစား၀တ္စံု အစံု(၂၀)စီ ေထာက္ပံ့ေပးထားၿပီး၊ ၿပိဳင္ပြဲက်င္းပစရိတ္လည္း အကုန္အက်ခံေၾကာင္းႏွင့္ ဆုရရွိသူမ်ားကိုလည္း ထိုက္ထိုက္တန္တန္ ခ်ီးျမႇင့္သြားမွာ ျဖစ္ေၾကာင္း သိရသည္။

ဂ်ိန္းေဖာရတနာသြင္းကုန္/ထုတ္ကုန္ကုမၸဏီလိမိတက္မွ က်င္းပျပဳလုပ္ခဲ့ေသာ ယခင္ႏွစ္မ်ားက ၿပိဳင္ပြဲမ်ားတြင္ ၿပိဳင္ပြဲ၀င္ အသင္း (၁၆)သင္းအထိသာ ရွိခဲ့ေသာ္လည္း၊ ယခု က်င္းပျပဳလုပ္သည့္ ၂၀၁၆ခုႏွစ္တြင္ ၿပိဳင္ပြဲ၀င္ အသင္းေပါင္း (၂၄)သင္းအထိ ပါ၀င္လာေၾကာင္း သိရသည္။

ဓာတ္ပံု - သံသရာ ခရီးသည္၊ Sai Kee

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ဂျိန်းဖောရတနာသွင်းကုန်/ထုတ်ကုန်ကုမ္ပဏီလိမိတက်မှ (၅)ကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်သော ဂျိန်းဖောရတနာဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ၏ ဖွင့်ပွဲကို အောက်တိုဘာလ (၂)ရက်နေ့ ညနေပိုင်းက စတင် ကျင်းပပြုလုပ်လျှက်ရှိရာ အဆိုပါ ပြိုင်ပွဲတွင် ဘောလုံးအသင်းပေါင်း (၂၄)သင်းမှ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ဘောလုံးအသင်းပေါင်း (၂၄)သင်းမှ ပါဝင်ယှဉ်ပြိုင်ရာ အုပ်စု(၄)အုပ်စုဖွဲ့၍ အုပ်စုပတ်လည် အမှတ်ပေးစနစ်ဖြင့် အောက်တိုဘာလ (၂)ရက်နေ့မှ နိုဝင်ဘာလ(၁၅)ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲအား နိုဝင်ဘာလ (၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။

(၅)ကြိမ်မြောက် ဂျိန်းဖောရတနာဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲအား အောက်တိုဘာလ(၂)ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ရာ ပွဲဦးထွက်အနဖြေင့် ဂျိန်းဖောရတနာ ဘောလုံးအသင်း နှင့် ပန်ဒါဘောလုံးအသင်းတို့မှ ယှဉ်ပြိုင်ကစားခဲ့ကြရာတွင် ဂျိန်းဖောရတနာဘောလုံးအသင်းမှ (၇)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြသော ဘောလုံးအသင်းများအား ပြိုင်ပွဲကျင်းပပြုလုပ်သည့် ဂျိန်းဖောရတနာသွင်းကုန်/ထုတ်ကုန်ကုမ္ပဏီလိမိတက်မှ ပြိုင်ပွဲဝင် အားကစားဝတ်စုံ အစုံ(၂၀)စီ ထောက်ပံ့ပေးထားပြီး၊ ပြိုင်ပွဲကျင်းပစရိတ်လည်း အကုန်အကျခံကြောင်းနှင့် ဆုရရှိသူများကိုလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမှာ ဖြစ်ကြောင်း သိရသည်။

ဂျိန်းဖောရတနာသွင်းကုန်/ထုတ်ကုန်ကုမ္ပဏီလိမိတက်မှ ကျင်းပပြုလုပ်ခဲ့သော ယခင်နှစ်များက ပြိုင်ပွဲများတွင် ပြိုင်ပွဲဝင် အသင်း (၁၆)သင်းအထိသာ ရှိခဲ့သော်လည်း၊ ယခု ကျင်းပပြုလုပ်သည့် ၂၀၁၆ခုနှစ်တွင် ပြိုင်ပွဲဝင် အသင်းပေါင်း (၂၄)သင်းအထိ ပါဝင်လာကြောင်း သိရသည်။

ဓာတ်ပုံ - သံသရာ ခရီးသည်၊  Sai Kee

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~