တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ တရုတ္ႏုိင္ငံ ခရီးစဥ္ကာလအတြင္း ေလေၾကာင္းျပပြဲ က်င္းပမည္

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ တရုတ္ႏုိင္ငံ ခရီးစဥ္ကာလအတြင္း ေလေၾကာင္းျပပြဲ က်င္းပမည္
အောက်တိုဘာ 28, 2016
By Tachileik News Agency

တရုတ္ျပည္သူ႔သမၼတႏုိင္ငံ ကာကြယ္ေရးဝန္ႀကီးဌာန၏ သတင္းစာရွင္းလင္းပြဲကို ေအာက္တိုဘာလ (၂၇)ရက္က က်င္းပခဲ့ၿပီး ဗိုလ္မွဴးႀကီး Wu Qian က ျမန္မာ့တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္၏ ခ်စ္ၾကည္ေရးခရီးစဥ္ကို ထုတ္ေဖၚေျပာၾကားလိုက္သည္။

တရုတ္ျပည္သူ႔သမၼတႏုိင္ငံ ကာကြယ္ေရးဝန္ႀကီးဌာန၏ ပံုမွန္သတင္းစာရွင္းလင္းပြဲတြင္ အေၾကာင္းအရာ (၅)ခုကို ရွင္းလင္းခဲ့ၿပီး သတင္းေထာက္မ်ား၏ ေမးခြန္းမ်ားကို ေျဖၾကားခဲ့သည္။

“ကြ်န္ေတာ္ပထမဆံုး ေျပာၾကားခ်င္တာကေတာ့ ျမန္မာ့တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ တရုတ္ျပည္သူ႔သမၼတႏိုင္ငံကို အလည္အပတ္လာေရာက္မယ့္အေၾကာင္းပါ။ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ဦးေဆာင္တဲ့ တပ္မေတာ္ အဆင့္ျမင့္ ကိုယ္စားလွယ္အဖြဲ႕ဟာ ေအာက္တိုဘာလ (၂၈)ရက္ေန႔ကေန ႏုိဝင္ဘာလ (၃)ရက္ေန႔အထိ ခ်စ္ၾကည္ေရးခရီး လာေရာက္ပါမယ္။ ဒီခရီးစဥ္အတြင္း အစိုးရအဖြဲ႕နဲ႔ တပ္မေတာ္ေခါင္းေဆာင္မ်ားနဲ႔ ေတြ႔ဆံုၿပီး စစ္ေရး ဆက္ဆံေရးနဲ႔ ပတ္သက္လို႔ အျမင္ခ်င္း ဖလွယ္ၾကပါမယ္။ ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖြဲ႕ဟာ စစ္ဖက္ဆိုင္ရာနဲ႔ ပတ္သက္တာအခ်ိဳ႕ကိုလည္း ေလ့လာမွာ ျဖစ္ပါတယ္။”ဟု ဗိုလ္မွဴးႀကီး Wu Qian က သတင္းေထာက္မ်ားကို ေအာက္တိုဘာလ (၂၇)ရက္ေန႔က ေျပာၾကားလိုက္ျခင္း ျဖစ္သည္။

ျမန္မာ့တပ္မေတာ္ ကိုယ္စားလွယ္အဖြဲ႕၏ ခရီးစဥ္ကာလအတြင္း တရုတ္ႏုိင္ငံတကာေလေၾကာင္းႏွင့္ အာကာသျပပြဲကိုလည္း က်င္းပမည္ျဖစ္သည္။

တရုတ္ႏုိင္ငံတကာေလေၾကာင္းႏွင့္ အာကာသျပပြဲတြင္ တရုတ္ႏုိင္ငံ၏ ေလေၾကာင္းဆုိင္ရာ ထုတ္လုပ္မႈ အသစ္ကို မိတ္ဆက္ေလ့ရိွၿပီး ယခုႏွစ္ျပပြဲကို ႏိုဝင္ဘာလ (၁)ရက္မွ (၆)ရက္အထိ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

ဘာသာျပန္ - ဇာႏွင္းထိုက္
Ref;China Military

ဗိုလ္မွဴးႀကီး Wu Qian  ( ဓါတ္ပံု - Li Aiming )


~~~~~~~~⊰❂ unicode ~~~~~~~~

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာလ (၂၇)ရက်က ကျင်းပခဲ့ပြီး ဗိုလ်မှူးကြီး Wu Qian က မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ချစ်ကြည်ရေးခရီးစဉ်ကို ထုတ်ဖော်ပြောကြားလိုက်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် အကြောင်းအရာ (၅)ခုကို ရှင်းလင်းခဲ့ပြီး သတင်းထောက်များ၏ မေးခွန်းများကို ဖြကြေားခဲ့သည်။

“ကျွန်တော်ပထမဆုံး ပြောကြားချင်တာကတော့ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အလည်အပတ်လာရောက်မယ့်အကြောင်းပါ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ တပ်မတော် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ အောက်တိုဘာလ (၂၈)ရက်နေ့ကနေ နိုဝင်ဘာလ (၃)ရက်နေ့အထိ ချစ်ကြည်ရေးခရီး လာရောက်ပါမယ်။ ဒီခရီးစဉ်အတွင်း အစိုးရအဖွဲ့နဲ့ တပ်မတော်ခေါင်းဆောင်များနဲ့ တွေ့ဆုံပြီး စစ်ရေး ဆက်ဆံရေးနဲ့ ပတ်သက်လို့ အမြင်ချင်း ဖလှယ်ကြပါမယ်။ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဟာ စစ်ဖက်ဆိုင်ရာနဲ့ ပတ်သက်တာအချို့ကိုလည်း လေ့လာမှာ ဖြစ်ပါတယ်။”ဟု ဗိုလ်မှူးကြီး Wu Qian က သတင်းထောက်များကို အောက်တိုဘာလ (၂၇)ရက်နေ့က ပြောကြားလိုက်ခြင်း ဖြစ်သည်။

မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကာလအတွင်း တရုတ်နိုင်ငံတကာလေကြောင်းနှင့် အာကာသပြပွဲကိုလည်း ကျင်းပမည်ဖြစ်သည်။

တရုတ်နိုင်ငံတကာလေကြောင်းနှင့် အာကာသပြပွဲတွင် တရုတ်နိုင်ငံ၏ လေကြောင်းဆိုင်ရာ ထုတ်လုပ်မှု အသစ်ကို မိတ်ဆက်လေ့ရှိပြီး ယခုနှစ်ပြပွဲကို နိုဝင်ဘာလ (၁)ရက်မှ (၆)ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဘာသာပြန် - ဇာနှင်းထိုက်
Ref;China Military  

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~