ထိုင္းႏိုင္ငံအတြင္း နံမည္ႀကီးအမွတ္တံဆိပ္တုမ်ားျဖင့္ ထုတ္လုပ္ေနသည့္ ေကာ္ဖီစက္ရံုအား ၀င္ေရာက္ႏွိမ္နင္း

ထိုင္းႏိုင္ငံအတြင္း နံမည္ႀကီးအမွတ္တံဆိပ္တုမ်ားျဖင့္ ထုတ္လုပ္ေနသည့္ ေကာ္ဖီစက္ရံုအား ၀င္ေရာက္ႏွိမ္နင္း
အောက်တိုဘာ 7, 2016
By Tachileik News Agency

ထိုင္းႏိုင္ငံ ပထံုဌာနီ(Pathum Thani)ခရိုင္၊ ခေရာင္းဖအူးဒုန္းရပ္ကြက္၊ လပ္လြန္ေက်ာက္အုပ္စုတြင္ နာမည္ႀကီးအမွတ္တံဆိပ္မ်ားကို အသံုးျပဳထားၿပီး ေကာ္ဖီမ်ားကို အမွတ္တံဆိပ္အတုမ်ားျဖင့္ ထုတ္လုပ္ေနသည့္ စက္ရံုအား ထိုင္းရဲတပ္ဖြဲ႔မွ ပူးေပါင္းအဖြဲ႔ျဖင့္ ေအာက္တိုဘာလ(၆)ရက္ေန႔က ၀င္ေရာက္ႏွိမ္နင္းလိုက္ေၾကာင္း ထိုင္းႏိုင္ငံမီဒီယာမ်ားတြင္ ေဖာ္ျပထားခ်က္အရ သိရသည္။

"တ႐ုတ္ႏိုင္ငံပဲ အတုထုတ္လုပ္တယ္လို႔ ထင္ရေပမယ့္၊ အခုေတာ့ ကြ်န္ေတာ္တို႔ ထိုင္းႏိုင္ငံမွာလည္း ထိုင္းျပည္သူ အခ်င္းခ်င္း အတုထုတ္ၿပီး ေရာင္းခ်ေနၾကတယ္။ ေကာ္ဖီႀကိဳက္ႏွစ္သက္သူမ်ား သတိထားၾကပါ"ဟု ဖမ္းဆီးေရး ပူးေပါင္းအဖြဲ႔တြင္ ပါ၀င္တစ္ဦးက ဆိုသည္။

ဖမ္းဆီးသိမ္းဆည္းရမိသည့္ ပစၥည္းမ်ားမွာ ေကာ္ဖီထုတ္လုပ္စက္(၄)လံုး၊ ေကာ္ဖီေပါင္းစပ္စက္(၄)လံုး၊ ထုတ္လုပ္ၿပီးေသာ ေကာ္ဖီအထုပ္ ေပါင္း(၂၄၅)ထုပ္၊ ေပါင္းစပ္ၿပီးေသာ ေကာ္ဖီ(၁၉)အိတ္၊ Creamer (၁၀၂)အိတ္၊ ေကာ္ဖီထည့္သည့္ဘူးေပါင္း (၄၈၀)ဘူး၊သႀကား(၅)အိတ္၊ အိုဗာတင္း တံဆိပ္ပါအိတ္(၄၃၉,၂၀၀)အိတ္၊ ေကာ္ဖီ တံဆိပ္ပါအိတ္ (၂၈၈,၀၀၀)အိတ္၊ ေပါင္းစပ္ၿပီးဖာ(၇)ဖာ (၁)ဖာလွ်င္(၄,၀၀၀)ထုပ္ စုစုေပါင္း(၂၈,၀၀၀)ထုပ္ ႏွင့္ ေဖ်ာ္စက္(၁)လံုး ပါ၀င္ေၾကာင္းႏွင့္ ယခု ဖမ္းဆီးရမိေသာ ပစၥည္းမ်ားသည္ တစ္ရက္အတြင္း ထုတ္လုပ္ၿပီးေသာ အေရအတြက္မ်ား ျဖစ္ေၾကာင္း သိရသည္။

အဆိုပါဂိုေဒါင္အတြင္း ၀င္ေရာက္ဖမ္းဆီးရာတြင္ ေရႊ႕ေျပာင္းလုပ္သား(၇)ဦးပါဝင္ေႀကာင္းေတြရွိရျပီး၊ (၅)ဦးမွာ တရားမဝင္အလုပ္သမားမ်ားျဖစ္ေနေၾကာင္း သိရသည္။

ဘာသာျပန္ - #နန္းေမာက္ကြမ္
Ref; posttoday, ch7
Photo: posttoday , Sumit Athiprom

~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ ပထုံဌာနီ(Pathum Thani)ခရိုင်၊ ခရောင်းဖအူးဒုန်းရပ်ကွက်၊ လပ်လွန်ကျောက်အုပ်စုတွင် နာမည်ကြီးအမှတ်တံဆိပ်များကို အသုံးပြုထားပြီး ကော်ဖီများကို အမှတ်တံဆိပ်အတုများဖြင့် ထုတ်လုပ်နေသည့် စက်ရုံအား ထိုင်းရဲတပ်ဖွဲ့မှ ပူးပေါင်းအဖွဲ့ဖြင့် အောက်တိုဘာလ(၆)ရက်နေ့က ဝင်ရောက်နှိမ်နင်းလိုက်ကြောင်း ထိုင်းနိုင်ငံမီဒီယာများတွင် ဖော်ပြထားချက်အရ သိရသည်။

"တရုတ်နိုင်ငံပဲ အတုထုတ်လုပ်တယ်လို့ ထင်ရပေမယ့်၊ အခုတော့ ကျွန်တော်တို့ ထိုင်းနိုင်ငံမှာလည်း ထိုင်းပြည်သူ အချင်းချင်း အတုထုတ်ပြီး ရောင်းချနကြေတယ်။ ကော်ဖီကြိုက်နှစ်သက်သူများ သတိထားကြပါ"ဟု ဖမ်းဆီးရေး ပူးပေါင်းအဖွဲ့တွင် ပါဝင်တစ်ဦးက ဆိုသည်။

ဖမ်းဆီးသိမ်းဆည်းရမိသည့် ပစ္စည်းများမှာ ကော်ဖီထုတ်လုပ်စက်(၄)လုံး၊ ကော်ဖီပေါင်းစပ်စက်(၄)လုံး၊ ထုတ်လုပ်ပြီးသော ကော်ဖီအထုပ် ပေါင်း(၂၄၅)ထုပ်၊ ပေါင်းစပ်ပြီးသော ကော်ဖီ(၁၉)အိတ်၊ Creamer (၁၀၂)အိတ်၊ ကော်ဖီထည့်သည့်ဘူးပေါင်း (၄၈၀)ဘူး၊သကြား(၅)အိတ်၊ အိုဗာတင်း တံဆိပ်ပါအိတ်(၄၃၉,၂၀၀)အိတ်၊ ကော်ဖီ တံဆိပ်ပါအိတ် (၂၈၈,ဝဝဝ)အိတ်၊ ပေါင်းစပ်ပြီးဖာ(၇)ဖာ (၁)ဖာလျှင်(၄,ဝဝဝ)ထုပ် စုစုပေါင်း(၂၈,ဝဝဝ)ထုပ် နှင့် ဖျော်စက်(၁)လုံး ပါဝင်ကြောင်းနှင့် ယခု ဖမ်းဆီးရမိသော ပစ္စည်းများသည် တစ်ရက်အတွင်း ထုတ်လုပ်ပြီးသော အရေအတွက်များ ဖြစ်ကြောင်း သိရသည်။

အဆိုပါဂိုဒေါင်အတွင်း ဝင်ရောက်ဖမ်းဆီးရာတွင် ရွှေ့ပြောင်းလုပ်သား(၇)ဦးပါဝင်ကြောင်းတွေရှိရပြီး၊ (၅)ဦးမှာ တရားမဝင်အလုပ်သမားများဖြစ်နေကြောင်း သိရသည်။

ဘာသာပြန် - #နန်းမောက်ကွမ်
Ref; posttoday, ch7
Photo: posttoday , Sumit Athiprom

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~