ေတာင္ႀကီးတန္ေဆာင္တုိင္ မီးပံုးပ်ံပြဲတြင္ မွတ္ပံုတင္ထားသည့့္ Drone Camera မ်ားကိုသာ ရိုက္ကူးခြင့္ျပဳမည္

ေတာင္ႀကီးတန္ေဆာင္တုိင္ မီးပံုးပ်ံပြဲတြင္ မွတ္ပံုတင္ထားသည့့္ Drone Camera မ်ားကိုသာ ရိုက္ကူးခြင့္ျပဳမည္
အောက်တိုဘာ 27, 2016
By Tachileik News Agency

ေတာင္ႀကီးၿမိဳ႕ မီးပုံးပ်ံပြဲေတာ္ကာလ အတြင္း Drone Camera ျဖင့္ ရုိက္ကူးေရး ျပဳလုပ္လုိသူမ်ားအေနျဖင့္ ကင္မရာနွင့္ ရိုက္ကူးသူမ်ားကို ပြဲက်င္းပေရးေကာ္မတီထံ ပြဲမက်င္းပမီ သံုးရက္အလိုတြင္ မွတ္ပံုတင္ရမည္ ျဖစ္ေၾကာင္း ရွမ္းျပည္နယ္ရဲတပ္ဖြဲ႔မွဴးရုံးမွ သိရသည္။

“ေခတ္က တုိးတက္လာေတာ့ ဒီ Drone နဲ႔ရုိက္ကူးေရးလုပ္မယ့္ သူေတြကုိလည္း ျပည္နယ္အစုိးရက ခြင့္ျပဳတယ္။ ဒါေပမဲ့ မီးပုံပ်ံေတြ ထိခုိက္မွာစိုးတဲ့ အတြက္ ခ်မွတ္ထားတဲ့ စည္းကမ္းအတုိင္း ေဆာင္ရြက္ရမွာ ျဖစ္ပါတယ္။ ေနာက္ၿပီး Drone အမ်ိဳးအစားကို သတ္မွတ္ထားပါတယ္။ ဒါေပမဲ့ အေရအတြက္ေတာ့ ကန္႔သတ္ မထားပါဘူး။”ဟု ရွမ္းျပည္နယ္ ရဲတပ္ဖြဲ႔ ဦးစီးဌာန၊ ဒု-ရဲမွဴးႀကီး ဦးစုိင္းလြင္က Tachileik News Agencyသို႔ ေျပာသည္။

အလုိအေလ်ာက္ ထိန္းခ်ဳပ္ေရးစနစ္ပါေသာ Phantom 4 Drone အမ်ိဳးအစားကိုသာ သတ္မွတ္ေနရာမွ လႊတ္တင္ခြင့္ျပဳမည္ျဖစ္ၿပီး ကြပ္ကဲမႈအဖြဲ႔က စစ္ေဆးမႈကို ခံယူရမည္ျဖစ္ေၾကာင္း သိရသည္။

“ေခတ္အရ Drone နဲ႔ရိုက္ကူးတဲ့သူေတြကမ်ားလာတယ္။ အရင္ႏွစ္ေတြကေတာ့ ပြဲမွာ Drone နဲ႔ ရုိက္ကူးေရးလုပ္တဲ့သူ မရွိသေလာက္ရွားတယ္။ လူငယ္ အမ်ားစုကလည္း ဒီလုိပြဲမ်ဴိးမွာ လက္စြမ္း ျပၾကလိမ့္မယ္လုိ႔ ထင္တယ္။ ဒီလုိစည္းကမ္းေလး လုပ္လုိက္ေတာ့ မျဖစ္ခင္က ႀကဳိတင္ ကာကြယ္ၿပီးသားျဖစ္တာေပါ့။” ဟု မီးပံုးပ်ံျပဳလုပ္သူတစ္ဦးက ေျပာသည္။

Drone ပ်ံသန္းမႈေၾကာင့္ ပ်က္စီးဆုံးရႈံးျခင္းမ်ား ျဖစ္ေပၚလာပါက ဆုံးရႈံးမႈအားလုံး၏ ကာလတန္ဖုိး(၃)ဆ ေပးေလ်ာ္ရမည္ ျဖစ္ၿပီး မွတ္ပုံတင္မထားေသာ Drone လႊတ္တင္ျခင္းကို စစ္ေဆးေတြ႔ရွိပါက ဥပေဒႏွင့္အညီ အေရးယူ ေဆာင္ရြက္ သြားမည္ျဖစ္ေၾကာင္း ျပည္နယ္ရဲတပ္ဖြဲ႔မွဴးရုံးမွ ဒု-ရဲမွဴးႀကီး စုိင္းလြင္ ထံမွ သိရသည္။

Drone Camera ျဖင့္ ရုိက္ကူးေရး လုပ္လုိသူမ်ား အေနျဖင့္ မီးပုံးပ်ံလႊတ္တင္မည့္ ဧရိယာ အျပင္ဘက္ မီတာ(၁၀၀) အကြာမွ လႊတ္တင္ရမည္ျဖစ္ၿပီး မီးပုံးပ်ံႏွင့္နီးကပ္စြာ ပ်ံသန္းျခင္းကုိ မျပဳလုပ္ရန္လည္း တားျမစ္ထားေၾကာင္း သိရသည္။

ေတာင္ႀကီးတန္ေဆာင္တိုင္ မီးပံုပ်ံပြဲေတာ္အား ၂၀၁၆ခုႏွစ္ ႏို၀င္ဘာလ(၆)ရက္ေန႔မွ ႏို၀င္ဘာလ(၁၅)ရက္ေန႔အထိ က်င္းပျပဳလုပ္မွာျဖစ္ၿပီး ၿပိဳင္ပြဲ၀င္ မီးပံုးပ်ံမ်ားမွ ယခင္ႏွစ္ထက္ မ်ားျပားေၾကာင္း သိရွိရသည္။

သတင္း - ေရႊေဇာ္ ၊ ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

တောင်ကြီးမြို့ မီးပုံးပျံပွဲတော်ကာလ အတွင်း Drone Camera ဖြင့် ရိုက်ကူးရေး ပြုလုပ်လိုသူများအနဖြေင့် ကင်မရာနှင့် ရိုက်ကူးသူများကို ပွဲကျင်းပရေးကော်မတီထံ ပွဲမကျင်းပမီ သုံးရက်အလိုတွင် မှတ်ပုံတင်ရမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“ခေတ်က တိုးတက်လာတော့ ဒီ Drone နဲ့ရိုက်ကူးရေးလုပ်မယ့် သူတွေကိုလည်း ပြည်နယ်အစိုးရက ခွင့်ပြုတယ်။ ဒါပေမဲ့ မီးပုံပျံတွေ ထိခိုက်မှာစိုးတဲ့ အတွက် ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နောက်ပြီး Drone အမျိုးအစားကို သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ အရေအတွက်တော့ ကန့်သတ် မထားပါဘူး။”ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ဦးစီးဌာန၊ ဒု-ရဲမှူးကြီး ဦးစိုင်းလွင်က Tachileik News Agencyသို့ ပြောသည်။

အလိုအလျောက် ထိန်းချုပ်ရေးစနစ်ပါသော Phantom 4 Drone အမျိုးအစားကိုသာ သတ်မှတ်နေရာမှ လွှတ်တင်ခွင့်ပြုမည်ဖြစ်ပြီး ကွပ်ကဲမှုအဖွဲ့က စစ်ဆေးမှုကို ခံယူရမည်ဖြစ်ကြောင်း သိရသည်။

“ခေတ်အရ Drone နဲ့ရိုက်ကူးတဲ့သူတွေကများလာတယ်။ အရင်နှစ်တွေကတော့ ပွဲမှာ Drone နဲ့ ရိုက်ကူးရေးလုပ်တဲ့သူ မရှိသလောက်ရှားတယ်။ လူငယ် အများစုကလည်း ဒီလိုပွဲမျိူးမှာ လက်စွမ်း ပြကြလိမ့်မယ်လို့ ထင်တယ်။ ဒီလိုစည်းကမ်းလေး လုပ်လိုက်တော့ မဖြစ်ခင်က ကြိုတင် ကာကွယ်ပြီးသားဖြစ်တာပေါ့။” ဟု မီးပုံးပျံပြုလုပ်သူတစ်ဦးက ပြောသည်။

Drone ပျံသန်းမှုကြောင့် ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်လာပါက ဆုံးရှုံးမှုအားလုံး၏ ကာလတန်ဖိုး(၃)ဆ ပေးလျော်ရမည် ဖြစ်ပြီး မှတ်ပုံတင်မထားသော Drone လွှတ်တင်ခြင်းကို စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒု-ရဲမှူးကြီး စိုင်းလွင် ထံမှ သိရသည်။

Drone Camera ဖြင့် ရိုက်ကူးရေး လုပ်လိုသူများ အနဖြေင့် မီးပုံးပျံလွှတ်တင်မည့် ဧရိယာ အပြင်ဘက် မီတာ(၁၀၀) အကွာမှ လွှတ်တင်ရမည်ဖြစ်ပြီး မီးပုံးပျံနှင့်နီးကပ်စွာ ပျံသန်းခြင်းကို မပြုလုပ်ရန်လည်း တားမြစ်ထားကြောင်း သိရသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံပျံပွဲတော်အား ၂၀၁၆ခုနှစ် နိုဝင်ဘာလ(၆)ရက်နေ့မှ နိုဝင်ဘာလ(၁၅)ရက်နေ့အထိ ကျင်းပပြုလုပ်မှာဖြစ်ပြီး ပြိုင်ပွဲဝင် မီးပုံးပျံများမှ ယခင်နှစ်ထက် များပြားကြောင်း သိရှိရသည်။

သတင်း - ရွှေဇော်၊ နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~