Update News

တာခ်ီလိတ္၌ ထိုင္းအမ်ဳိးသမီးတစ္ဦး၏ ညႇပ္ဖိနပ္အတြင္းမွ စိတ္ၾကြေဆးျပားမ်ား ေတြ႕ရွိ

တာခ်ီလိတ္ၿမိဳ႕နယ္ ျမန္မာ - ထိုင္း နယ္စပ္ေခ်ာင္းျဖစ္သည့္ မယ္ဆိုင္ေခ်ာင္းအနီးတြင္ လမ္းေလွ်ာက္လာသူ ထိုင္းႏိုင္ငံသူ အမ်ဳိးသမီးတစ္ဦးထံမွ မူးယစ္ေဆး၀ါးမ်ားကို ဖမ္းဆီးရမိေၾကာင္း မူးယစ္တပ္ဖြဲ႔စု (၃၀)တာခ်ီလိတ္မွ သိရသည္။

တာခ်ီလိတ္ၿမိဳ႕၊ မကာဟိုခမ္းရပ္ကြက္၊ ေမဖလား၀ါးကြင္းအတြင္း၊ နယ္စပ္ေခ်ာင္းျဖစ္သည့္ မယ္ဆိုင္ေခ်ာင္း အနီးတြင္ မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ား၊ ခရိုင္/ၿမိဳ႕နယ္ရဲတပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔မွ မူးယစ္ေဆး၀ါးသတင္းအရ ေအာက္တိုဘာလ(၂၇)ရက္ေန႔ ည(၈)နာရီေက်ာ္က ေစာင့္ဆိုင္းေနစဥ္ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မယ္ဆိုင္ေခ်ာင္းအနီး လမ္းေလွ်ာက္လာသူ အသက္(၅၄)ႏွစ္ရွိ  ထိုင္းႏိုင္ငံသူ Mrs. Sawarot (မစၥ ဆာဝါေရာ့)အား အဆိုပါ ပူးေပါင္းအဖြဲ႔က ရပ္တန္႔စစ္ေဆးရွာေဖြရာမွ ၎၀တ္ဆင္ထားေသာ အနက္ေရာင္ မိန္းမစီး ေျခညႇပ္ဖိနပ္တစ္ဖက္စီအတြင္း အံ၀ွက္၍ လွ်ဳိ၀ွက္သိမ္းဆည္းသယ္ေဆာင္လာသည့္ Wy စာတမ္းပါ လိေမၼာ္ေရာင္စိတ္ၾကြေဆးျပား စုစုေပါင္း (၂,၀၀၀)ျပားကို ရွာေဖြေတြ႕ရွိရေၾကာင္းႏွင့္ ေဆးျပားမ်ား၏ စုစုေပါင္း တန္ဖိုးေငြမွာ က်ပ္သိန္း(၃၀)ခန္႔ရွိေၾကာင္း သိရသည္။

Mrs. Sawarot (မစ္စ ဆာဝါေရာ့)အား ထပ္မံ၍ ရွာေဖြရာတြင္ အနီေရာင္ လက္ဆြဲအိတ္အတြင္းမွ လက္ကိုင္ဖုန္း ႏွင့္ ထိုင္းႏိုင္ငံ ယာယီႏိုင္ငံကူးလက္မွတ္ (၁)ေစာင္ အပါအ၀င္ ထိုင္းႏိုင္ငံမွတ္ပံုတင္ စမတ္ကတ္တစ္ခုႏွင့္ ထိုင္းဘတ္ေငြ (၃၀,၀၀၀)တို႔ကိုလည္း ရွာေဖြေတြ႕ရွိရေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားႏွင့္ လက္၀ယ္ေတြ႕ရွိသူ ထိုင္းႏိုင္ငံသူ Mrs. Sawarot (မစ္စ ဆာဝါေရာ့)အား ရဲအုပ္ၾကည္လြင္မွ တရားလိုျပဳလုပ္တိုင္တန္းရာ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ မယ(ပ)၉၇/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၀(က)အရ အမႈဖြင့္လွစ္ထားရွိၿပီး ရဲအုပ္၀င္းေဌးစိုးမွ အမႈစစ္အျဖစ္ ေဆာင္ရြက္ေနေၾကာင္း သိရွိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ် မြန်မာ - ထိုင်း နယ်စပ်ချောင်းဖြစ်သည့် မယ်ဆိုင်ချောင်းအနီးတွင် လမ်းလျှောက်လာသူ ထိုင်းနိုင်ငံသူ အမျိုးသမီးတစ်ဦးထံမှ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ သိရသည်။

တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်းအတွင်း၊ နယ်စပ်ချောင်းဖြစ်သည့် မယ်ဆိုင်ချောင်း အနီးတွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ မူးယစ်ဆေးဝါးသတင်းအရ အောက်တိုဘာလ(၂၇)ရက်နေ့ ည(၈)နာရီကျော်က စောင့်ဆိုင်းနေစဉ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မယ်ဆိုင်ချောင်းအနီး လမ်းလျှောက်လာသူ အသက်(၅၄)နှစ်ရှိ ထိုင်းနိုင်ငံသူ Mrs. Sawarot (မစ်စ ဆာဝါရော့)အား အဆိုပါ ပူးပေါင်းအဖွဲ့က ရပ်တန့်စစ်ဆေးရှာဖွေရာမှ၎င်းဝတ်ဆင်ထားသော အနက်ရောင် မိန်းမစီး ခြေညှပ်ဖိနပ်တစ်ဖက်စီအတွင်း အံဝှက်၍ လျှိုဝှက်သိမ်းဆည်းသယ်ဆောင်လာသည့် Wy စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား စုစုပေါင်း (၂,ဝဝဝ)ပြားကို ရှာဖွေတွေ့ရှိရကြောင်းနှင့် ဆေးပြားများ၏ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ်သိန်း(၃၀)ခန့်ရှိကြောင်း သိရသည်။

Mrs. Sawarot (မစ္စ ဆာဝါရော့)အား ထပ်မံ၍ ရှာဖွေရာတွင် အနီရောင် လက်ဆွဲအိတ်အတွင်းမှ လက်ကိုင်ဖုန်း နှင့် ထိုင်းနိုင်ငံ ယာယီနိုင်ငံကူးလက်မှတ် (၁)စောင် အပါအဝင် ထိုင်းနိုင်ငံမှတ်ပုံတင် စမတ်ကတ်တစ်ခုနှင့် ထိုင်းဘတ်ငွေ (၃၀,ဝဝဝ)တို့ကိုလည်း ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့် လက်ဝယ်တွေ့ရှိသူ ထိုင်းနိုင်ငံသူ Mrs. Sawarot (မစ်စ ဆာဝါရော့)အား ရဲအုပ်ကြည်လွင်မှ တရားလိုပြုလုပ်တိုင်တန်းရာ တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၉၇/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)အရ အမှုဖွင့်လှစ်ထားရှိပြီး ရဲအုပ်ဝင်းဌေးစိုးမှ အမှုစစ်အဖြစ် ဆောင်ရွက်နေကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::