ဒီေမာ့ဆိုၿမိဳ႕နယ္ရွိ ဘိလပ္ေျမစက္ရံု စီမံကိန္းအား ေဒသခံမ်ား လက္မွတ္ထိုး ကန္႔ကြက္

ဒီေမာ့ဆိုၿမိဳ႕နယ္ရွိ ဘိလပ္ေျမစက္ရံု စီမံကိန္းအား ေဒသခံမ်ား လက္မွတ္ထိုး ကန္႔ကြက္
အောက်တိုဘာ 27, 2016
By Tachileik News Agency

ကယားျပည္နယ္၊ ဒီေမာ့ဆိုၿမိဳ႕နယ္ရွိ ဘိလပ္ေျမစက္ရံုတည္ေဆာက္ရန္ လုပ္ေဆာင္ေနမႈမွာ ပြင့္လင္းျမင္သာမႈ မရွိသျဖင့္ ေဒသအတြက္ ဆိုးက်ိဳးမ်ား ျဖစ္ေပၚမည္ကို စိုးရိမ္ကာ ေဒသခံေက်းရြာမ်ားက လက္မွတ္ေရးထိုး ကန္႔ကြက္လိုက္ေၾကာင္း သိရသည္။

"တိုင္းတာေနတာေတြေတာ့ လုပ္ေနၿပီ။ ဒီမွာ ဘယ္လို လုပ္မယ္။ ဘယ္သူ႔ ခြင့္ျပဳခ်က္နဲ႔ လုပ္မယ္ ဆိုတာေတြ ဆိုးက်ိဳး ေကာင္းက်ိဳးေတြ၊  ၿပီးေတာ့ ဘာလုပ္မလဲေပါ့။ ဒါေတြသူတို႔ လာမခ်ျပဘူး။ သူတို႔ဘာသာ လုပ္ခ်င္တိုင္း လုပ္ေနတယ္။ ဒါကို ကၽြန္ေတာ္တို႔က လုံးဝ လက္ခံႏိုင္စရာ အေၾကာင္းမရွိဘူး"ဟု ေဒသခံတစ္ဦးက ေျပာသည္။

ဘိလပ္ေျမစက္ရုံတည္ေဆာက္ရန္ ထုံးေက်ာက္ စမ္းသပ္တိုင္းတာျခင္းကို ၂၀၁၃ ခုႏွစ္မွစ၍ ကုမၸဏီ သုံးခု ေလွ်ာက္ထားခဲ့ၿပီး ဟိန္းျမန္မာကုမၸဏီက လုပ္ကိုင္ခြင့္ရခဲ့သျဖင့္ ၂၀၁၆ ခုႏွစ္ ဇြန္လ ဒုတိယပတ္မွ စတင္ကာ ေျမေနရာ တိုင္းတာျခင္းမ်ား စမ္းသပ္ျခင္းမ်ား စတင္ ျပဳလုပ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ဘိလပ္ေျမစက္ရုံ စီမံကိန္း ျပဳလုပ္ရန္ ကုမၸဏီက တိုင္းတာသည့္ ေနရာမ်ားတြင္ ေက်းရြာ (၃၀) ေက်ာ္၏ ဘိုးဘြားပိုင္ေျမႏွင့္ ေျမလြတ္ ေျမဧက ႏွစ္ေထာင္ေက်ာ္ႏွင့္ လီဝိုး ေက်းရြာပိုင္ ေရထြက္ေပါက္ ေတာင္မ်ားလည္း ပါဝင္ေနၿပီး ေက်းရြာေပါင္း (၆၀)ေက်ာ္မွ အသံုးျပဳေနသည့္ အျခားေရထြက္ေပါက္ေလးခု ႏွင့္ လိြဳင္နန္းဖဆည္တစ္ခုတို႔လည္း ပါဝင္ေနေၾကာင္း သိရသည္။

"ျဖစ္ေစခ်င္တာက ေဒသအတြက္ ဒါက လုံးဝထိခိုက္ၿပီးသားပဲ။ လုပ္ကို မလုပ္သင့္တာ။ လက္လည္း လက္မခံဘူး။ ေဒသခံမ်ားကို ေလးစားပါ။ ေဒသခံမ်ားရဲ႕ ဆႏၵကို လိုက္ေလ်ာပါ။ ပြင့္လင္းျမင္သာမႈရွိေပးပါ။ ကၽြန္ေတာ္တို႕ကေတာ့ အဆုံးထိ ကန္႔ကြက္သြားမွာ"ဟု လီဝိုးေက်းရြာ ေဒသခံတစ္ဦးက ဆိုသည္။

ဘိလပ္ေျမစက္ရုံ တည္ေဆာက္မည့္ စီမံကိန္း ကန္႕ကြက္ လက္မွတ္ေရး ထိုးပြဲကို ေအာက္တိုဘာလ (၂၄)ရက္ေန႔က လီဝိုးေက်းရြာ ဘုရားေက်ာင္းတြင္ ျပဳလုပ္ခဲ႕ျပီး ေက်းရြာေပါင္း (၂၀)က်ာ္မွ ေဒသခံမ်ား ဒုတိယအႀကိမ္ လက္မွတ္ေရးထိုး ကန္႔ကြက္ခဲ့ၾကခဲ့ျခင္း ျဖစ္ျပီး  စက္တင္ဘာလ အတြင္းကလည္း ေက်းရြာမ်ား စုေပါင္းေတြ႕ဆုံ၍ ကန္႔ကြက္ခဲ့ၾကသည္။

သတင္း - ဆန္းၿဖဳိးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်ရှိ ဘိလပ်မြေစက်ရုံတည်ဆောက်ရန် လုပ်ဆောင်နေမှုမှာ ပွင့်လင်းမြင်သာမှု မရှိသဖြင့် ဒေသအတွက် ဆိုးကျိုးများ ဖြစ်ပေါ်မည်ကို စိုးရိမ်ကာ ဒေသခံကျေးရွာများက လက်မှတ်ရေးထိုး ကန့်ကွက်လိုက်ကြောင်း သိရသည်။

"တိုင်းတာနေတာတွေတော့ လုပ်နပြေီ။ ဒီမှာ ဘယ်လို လုပ်မယ်။ ဘယ်သူ့ ခွင့်ပြုချက်နဲ့ လုပ်မယ် ဆိုတာတွေ ဆိုးကျိုး ကောင်းကျိုးတွေ၊ ပြီးတော့ ဘာလုပ်မလဲပေါ့။ ဒါတွေသူတို့ လာမချပြဘူး။ သူတို့ဘာသာ လုပ်ချင်တိုင်း လုပ်နေတယ်။ ဒါကို ကျွန်တော်တို့က လုံးဝ လက်ခံနိုင်စရာ အကြောင်းမရှိဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။

ဘိလပ်မြေစက်ရုံတည်ဆောက်ရန် ထုံးကျောက် စမ်းသပ်တိုင်းတာခြင်းကို ၂၀၁၃ ခုနှစ်မှစ၍ ကုမ္ပဏီ သုံးခု လျှောက်ထားခဲ့ပြီး ဟိန်းမြန်မာကုမ္ပဏီက လုပ်ကိုင်ခွင့်ရခဲ့သဖြင့် ၂၀၁၆ ခုနှစ် ဇွန်လ ဒုတိယပတ်မှ စတင်ကာ မြေနေရာ တိုင်းတာခြင်းများ စမ်းသပ်ခြင်းများ စတင် ပြုလုပ်နခြေင်းဖြစ်ကြောင်း သိရသည်။

ဘိလပ်မြေစက်ရုံ စီမံကိန်း ပြုလုပ်ရန် ကုမ္ပဏီက တိုင်းတာသည့် နေရာများတွင် ကျေးရွာ (၃၀) ကျော်၏ ဘိုးဘွားပိုင်မြေနှင့် မြေလွတ် မြေဧက နှစ်ထောင်ကျော်နှင့် လီဝိုး ကျေးရွာပိုင် ရေထွက်ပေါက် တောင်များလည်း ပါဝင်နပြေီး ကျေးရွာပေါင်း (၆၀)ကျော်မှ အသုံးပြုနေသည့် အခြားရေထွက်ပေါက်လေးခု နှင့် လွိုင်နန်းဖဆည်တစ်ခုတို့လည်း ပါဝင်နေကြောင်း သိရသည်။

"ဖြစ်စေချင်တာက ဒေသအတွက် ဒါက လုံးဝထိခိုက်ပြီးသားပဲ။ လုပ်ကို မလုပ်သင့်တာ။ လက်လည်း လက်မခံဘူး။ ဒေသခံများကို လေးစားပါ။ ဒေသခံများရဲ့ ဆန္ဒကို လိုက်လျောပါ။ ပွင့်လင်းမြင်သာမှုရှိပေးပါ။ ကျွန်တော်တို့ကတော့ အဆုံးထိ ကန့်ကွက်သွားမှာ"ဟု လီဝိုးကျေးရွာ ဒေသခံတစ်ဦးက ဆိုသည်။

ဘိလပ်မြေစက်ရုံ တည်ဆောက်မည့် စီမံကိန်း ကန့်ကွက် လက်မှတ်ရေး ထိုးပွဲကို အောက်တိုဘာလ (၂၄)ရက်နေ့က လီဝိုးကျေးရွာ ဘုရားကျောင်းတွင် ပြုလုပ်ခဲ့ပြီး ကျေးရွာပေါင်း (၂၀)ကျာ်မှ ဒေသခံများ ဒုတိယအကြိမ် လက်မှတ်ရေးထိုး ကန့်ကွက်ခဲ့ကြခဲ့ခြင်း ဖြစ်ပြီး စက်တင်ဘာလ အတွင်းကလည်း ကျေးရွာများ စုပေါင်းတွေ့ဆုံ၍ ကန့်ကွက်ခဲ့ကြသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~