လက္နက္ကိုင္အဖြဲ႕က ေခၚေဆာင္သြားသည့္ နမ့္စန္ၿမိဳ႕နယ္မွ လူ(၉)ဦး ထပ္မံ လြတ္ေျမာက္လာ

လက္နက္ကိုင္အဖြဲ႕က ေခၚေဆာင္သြားသည့္ နမ့္စန္ၿမိဳ႕နယ္မွ လူ(၉)ဦး ထပ္မံ လြတ္ေျမာက္လာ
အောက်တိုဘာ 3, 2016
By Tachileik News Agency

လက္နက္ကုိင္အဖြဲ႕တစ္ဖြဲ႕က ေခၚေဆာင္သြားျခင္းခံရသည့္ ရွမ္းျပည္နယ္ေတာင္ပိုင္း နမ့္စန္ၿမိဳ႕နယ္ ဟုိက္ဖက္ေက်းရြာအုပ္စုမွ ေက်းရြာသားမ်ားအနက္ ဒုတိယအႀကိမ္အျဖစ္ လူ(၉)ဦး ၎တို႔ ေက်းရြာမ်ားသို႔ ျပန္လည္ေရာက္ရိွလာေၾကာင္း သိရသည္။

ဟုိက္ဖက္ေက်းရြာအုပ္စုရိွ ေက်းရြာ(၆)ရြာမွ ေဒသခံ (၂၄) ဦးအား လက္နက္ကိုင္ အဖြဲ႔တစ္ဖြဲ႕က စက္တင္ဘာလ (၂၅)ရက္ ညပိုင္းတြင္ ေခၚေဆာင္သြားၿပီးေနာက္ စက္တင္ဘာလ (၂၆) ရက္ေန႔တြင္ လူ(၂)ဦးႏွင့္ ေအာက္တိုဘာလ (၂) ရက္တြင္ (၉)ဦးတို႔ကို ေနရပ္သို႔ ျပန္လႊတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ယခုျပန္လည္ေရာက္ရိွလာသည့္ (၉)ဦးကို ဆက္သြယ္၍ မရဘဲ ပထမအႀကိမ္ျပန္ေရာက္လာသူႏွစ္ဦး၏ အဆိုအရ ေက်းရြာမ်ားမွ မူးယစ္ေဆးအသံုးျပဳသူမ်ားႏွင့္ မူးယစ္ေဆးဝါး ေရာင္းဝယ္သူမ်ားအား ဖမ္းဆီးေခၚေဆာင္ျခင္းျဖစ္ၿပီး လူသစ္စုေဆာင္းျခင္း မဟုတ္ေၾကာင္း ၎တို႔အား ဖမ္းဆီးေခၚေဆာင္ သြားသူမ်ားက ေျပာသည္ဟု သိရသည္။

ယခုျပန္လည္ေရာက္႐ွိလာသူ (၉)ဦးတြင္ ေယာက်္ားေလး (၅)ဦး၊ မိန္းကေလး(၄)ဦးတို႔ျဖစ္ၿပီး ဟုိက္ဖက္ေက်းရြာ၊ နားတုံ၊ နမ့္ၾကဳတ္ေက်းရြာမ်ားမွ ျဖစ္ေၾကာင္း သိရသည္။

သတင္း - သန္းစိုးေအာင္

~~~~~~~~⊰❂ unicode ~~~~~~~~
လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ခေါ်ဆောင်သွားခြင်းခံရသည့် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ဟိုက်ဖက်ကျေးရွာအုပ်စုမှ ကျေးရွာသားများအနက် ဒုတိယအကြိမ်အဖြစ် လူ(၉)ဦး၎င်းတို့ ကျေးရွာများသို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။

ဟိုက်ဖက်ကျေးရွာအုပ်စုရှိ ကျေးရွာ(၆)ရွာမှ ဒေသခံ (၂၄) ဦးအား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က စက်တင်ဘာလ (၂၅)ရက် ညပိုင်းတွင် ခေါ်ဆောင်သွားပြီးနောက် စက်တင်ဘာလ (၂၆) ရက်နေ့တွင် လူ(၂)ဦးနှင့် အောက်တိုဘာလ (၂) ရက်တွင် (၉)ဦးတို့ကို နေရပ်သို့ ပြန်လွှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုပြန်လည်ရောက်ရှိလာသည့် (၉)ဦးကို ဆက်သွယ်၍ မရဘဲ ပထမအကြိမ်ပြန်ရောက်လာသူနှစ်ဦး၏ အဆိုအရ ကျေးရွာများမှ မူးယစ်ဆေးအသုံးပြုသူများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သူများအား ဖမ်းဆီးခေါ်ဆောင်ခြင်းဖြစ်ပြီး လူသစ်စုဆောင်းခြင်း မဟုတ်ကြောင်း၎င်းတို့အား ဖမ်းဆီးခေါ်ဆောင် သွားသူများက ပြောသည်ဟု သိရသည်။

ယခုပြန်လည်ရောက်ရှိလာသူ (၉)ဦးတွင် ယောကျာ်းလေး (၅)ဦး၊ မိန်းကလေး(၄)ဦးတို့ဖြစ်ပြီး ဟိုက်ဖက်ကျေးရွာ၊ နားတုံ၊ နမ့်ကြုတ်ကျေးရွာများမှ ဖြစ်ကြောင်း သိရသည်။

သတင်း - သန်းစိုးအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~