ရှမ်းပြည်နယ်အတွင်း ရွှေလုပ်သားများအတွက် တစ်ပိုင်တစ်နိုင် ရွှေတူးဖော်လုပ်ကိုင်ခွင့် ရရှိရန်လိုအပ်နေ
ရှမ်းပြည်နယ်အတွင်း ရွှေလုပ်သားများအတွက် တစ်ပိုင်တစ်နိုင် ရွှေတူးဖော်လုပ်ကိုင်ခွင့် ရရှိရန်လိုအပ်နေ
အောကျတိုဘာ 6, 2016
By Tachileik News Agency
လက်ရှိလုပ်ကိုင်လျှက်ရှိသည့် အာရှကမ္ဘာမြေ သတ္တုတူးဖော်ရေး ကုမ္ပဏီအနေဖြင့် ၎င်းတို့၏ စွန့်ပစ် မြေစာပုံများတွင် ယခင်ကကဲ့သို့ လုပ်ကိုင်ခွင့် မပြုတော့ဘဲ ဖမ်းဆီးနေသည့် အတွက် ဒေသခံနှင့် ရွှေ့ပြောင်း ရွှေလုပ်သားများအတွက် မိသားစု စားဝတ်နေရေး ဆက်လက်ရပ်တည်နိုင်ရန် ခက်ခဲလာကြောင်း သိရသည်။
ယခင်ကုမ္ပဏီများ အနေဖြင့် ဒေသတွင်းလုပ်ကိုင်နေသည့် လုပ်သားများအတွက် တစ်ပိုင်တစ်နိုင် လုပ်ကိုင်ခွင့်များ ပေးခဲ့သည့်အတွက် လုပ်သားများ အဆင်ပြေခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်နှင့် မန္တလေး တိုင်းဒေသကြီး ၊ သာစည်မြို့နယ် အကြားရှိ ရွှေမင်းဖုန်းဒေသတွင် ကျားပါးစပ်၊ ရွှေတောင်ကြား၊ လွန်းထိုး၊ ဗွက်တောင် အစရှိသည့် အကြီးစား ရွှေတူးဖော်ရေးလုပ်ကွက်များအပြင် အသေးစားရွှေတူးဖော်ရေးလုပ်ကွက်များလည်း ရှိနေခြင်းဖြစ်သည်။
သတင်း - ရွှေဇော်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်အတွင်းရှိ ရွှေမင်းဖုန်းဒေသ ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိသည့် ရွှေလုပ်သားများအား အဆိုပါ ဒေသတွင် လုပ်ပိုင်ခွင့်ရထားသည့် ကုမ္ပဏီက လုပ်ငန်းလုပ်ကိုင်ရန် အခွင့်အလမ်း မပေးတော့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ဒီမှာလာပြီး အလုပ် လုပ်တာ ကြာပါပြီ။ အခုနောက်ပိုင်း လုပ်ကိုင်ရတာ အဆင် မပြေတော့ဘူး။ လက်ရှိ လုပ်ကိုင်နေတဲ့ ကုမ္ပဏီက အရင်ကုမ္ပဏီလို မဟုတ်ဘူး။ ဘာမှလုပ်ကိုင်ခွင့် မပေးဘူး။ အရင်ကုမ္ပဏီတွေတုန်းက ဆို်ရင် သူတို့ဧရိယာ အတွင်းမှာပဲ အစုစားသဘောမျိုးနဲ့ လုပ်ကိုင်ခွင့်ပေးတယ်။ သူ့ဆီမှာလည်း လခစားလုပ်လည်းရတယ်။ ဒေသခံနဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက်လည်း တစ်ပိုင် တစ်နိုင် လုပ်ကိုင်ခွင့်ပေးခဲ့တာ” ဟု ရွှေမှော်အတွင်း ရှစ်နှစ်ကျော်လုပ်ကိုင်နေသူ တစ်ဦးဖြစ်သူ ကိုဘိုဘိုငြိမ်းက ပြောသည်။
လက်ရှိလုပ်ကိုင်လျှက်ရှိသည့် အာရှကမာ္ဘမြေ သတ္တုတူးဖော်ရေး ကုမ္ပဏီအနဖြေင့်၎င်းတို့၏ စွန့်ပစ် မြေစာပုံများတွင် ယခင်ကကဲ့သို့ လုပ်ကိုင်ခွင့် မပြုတော့ဘဲ ဖမ်းဆီးနေသည့် အတွက် ဒေသခံနှင့် ရွှေ့ပြောင်း ရွှေလုပ်သားများအတွက် မိသားစု စားဝတ်နေရေး ဆက်လက်ရပ်တည်နိုင်ရန် ခက်ခဲလာကြောင်း သိရသည်။
“မှော်ထဲမှာက ဘယ်အရာမဆို အပြင်ဈေးထက် နှစ်ဆရှိတယ်။ ကုမ္ပဏီမှာ သွားလုပ်ရင်လည်း စရိတ်ငြိမ်းကို တစ်သိန်းနှစ်သောင်းပဲရတယ်။ တစ်ယောက်ထဲတောင် ဘယ်လိုမှရပ်တည်လို့မရဘူး။ ရတဲ့လစာ မလောက်လို့ သူတို့လုပ်ပြီးသား စွန့်ပစ်မြေစာလေးတွေထဲက ရသလောက်လေး လုပ်ကိုင်မယ် ဆိုတော့လည်း မလုပ်ခိုင်းဘူး။ လုပ်တာမိရင်လည်းဖမ်းတယ်။”ဟု ကုမ္ပဏီတွင် လုပ်ကိုင်ခဲ့သူ ရွှေတူးဖော်ရေး လုပ်သားတစ်ဦးက ပြောသည်။
ယခင်ကုမ္ပဏီများ အနဖြေင့် ဒေသတွင်းလုပ်ကိုင်နေသည့် လုပ်သားများအတွက် တစ်ပိုင်တစ်နိုင် လုပ်ကိုင်ခွင့်များ ပေးခဲ့သည့်အတွက် လုပ်သားများ အဆင်ပြေခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်နှင့် မန္တလေး တိုင်းဒေသကြီး၊ သာစည်မြို့နယ် အကြားရှိ ရွှေမင်းဖုန်းဒေသတွင် ကျားပါးစပ်၊ ရွှေတောင်ကြား၊ လွန်းထိုး၊ ဗွက်တောင် အစရှိသည့် အကြီးစား ရွှေတူးဖော်ရေးလုပ်ကွက်များအပြင် အသေးစားရွှေတူးဖော်ရေးလုပ်ကွက်များလည်း ရှိနခြေင်းဖြစ်သည်။
သတင်း - ရွှေဇော် 
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~