တာချီလိတ် အမှတ်(၁)တံတားပေါ် ဌာနဆိုင်ရာများ ပူးပေါင်း ပါဝင်လာမှုကြောင့် တစ်ပတ်အတွင်း ကျပ် (၇၈)သိန်းကျော် ကောက်ခံရရှိ

တာချီလိတ် အမှတ်(၁)တံတားပေါ် ဌာနဆိုင်ရာများ ပူးပေါင်း ပါဝင်လာမှုကြောင့် တစ်ပတ်အတွင်း ကျပ် (၇၈)သိန်းကျော် ကောက်ခံရရှိ
အောက်တိုဘာ 10, 2016
By Tachileik News Agency

တာချီလိတ်မြို့ ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၁)မှ ဒေသတွင်းသုံးစွဲရန် တစ်နိုင်တစ်ပိုင် တင်သွင်းခွင့်မှ ပြည်နယ်အစိုးရ ရန်ပုံငွေ (၃)ရာခိုင်နှုန်း ကောက်ခံရရှိမှုမှာ အောက်တိုဘာလ ပထမပတ်အတွင်း ကျပ် (၇၈)သိန်းကျော် ရရှိကြောင်း သိရသည်။

"အရင်လတွေထက်စာရင် အခုနှစ်ဆနှုန်း တက်လာတယ်။ ကောက်ခံရရှိမှုက အရင်တုန်းက တစ်ရက်ကို ကျပ်(၄)သိန်း ပတ်ဝန်းကျင်ပဲရှိတာ။ အခု ကျပ်(၁၁)သိန်းကျော် ပတ်ဝန်းကျင်ရှိတယ်။ ဒါဟာလည်း ဌာနဆိုင်ရာတာဝန်ရှိသူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့်ပါ"ဟု ကုန်သွယ်မှုတိုးတက်ရေးအတွက် နယ်စပ်ဝင်ထွက်လမ်းကြောင်းများ ကြီးကြပ်ရေး ရှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။

အဆိုပါတံတားတွင် တစ်ပိုင်တစ်နိုင်ကုန်စည်တင်သွင်းမှုမှ ကုန်စည်တန်ဖိုး၏ (၃)ရာခိုင်နှုန်းကောက်ခံမှုမှာ ဇူလိုင်လအထိ တစ်ရက်လျှင် ပျမ်းမျှ ကျပ်(၂)သိန်းခန့်သာရရှိခဲ့ခြင်းဖြစ်သော်လည်း ရှမ်းပြည်နယ် အစိုးရ၀န်ကြီးများက ကုန်သွယ်မှုပေါ်အခွန်ကောက်ခံမှုအား လိုက်လံစစ်ဆေးပြီးနောက် အောက်တိုဘာလ ပထမပတ်အတွင်း (၇,၈၃၆,၁၀၀)ကျပ်အထိ တိုးမြင့်ရရှိလာခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်း - မြန်မာချစ်ကြည်ရေးတံတားမှတဆင့် ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများ၏ တန်ဖိုး၏ (၃)ရာခိုင်နှုန်းကို ပြည်နယ်အစိုးရရန်ပုံငွေအဖြစ် ၂၀၁၂ ခုနှစ်မှ စတင်ကောက်ခံခြင်းဖြစ်သည်။

သတင်း - ကိုဇက်

~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၁)မှ ဒေသတွင်းသုံးစွဲရန် တစ်နိုင်တစ်ပိုင် တင်သွင်းခွင့်မှ ပြည်နယ်အစိုးရ ရန်ပုံငွေ (၃)ရာခိုင်နှုန်း ကောက်ခံရရှိမှုမှာ အောက်တိုဘာလ ပထမပတ်အတွင်း ကျပ် (၇၈)သိန်းကျော် ရရှိကြောင်း သိရသည်။

"အရင်လတွေထက်စာရင် အခုနှစ်ဆနှုန်း တက်လာတယ်။ ကောက်ခံရရှိမှုက အရင်တုန်းက တစ်ရက်ကို ကျပ်(၄)သိန်း ပတ်ဝန်းကျင်ပဲရှိတာ။ အခု ကျပ်(၁၁)သိန်းကျော် ပတ်ဝန်းကျင်ရှိတယ်။ ဒါဟာလည်း ဌာနဆိုင်ရာတာဝန်ရှိသူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့်ပါ"ဟု ကုန်သွယ်မှုတိုးတက်ရေးအတွက် နယ်စပ်ဝင်ထွက်လမ်းကြောင်းများ ကြီးကြပ်ရေး ရှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။

အဆိုပါတံတားတွင် တစ်ပိုင်တစ်နိုင်ကုန်စည်တင်သွင်းမှုမှ ကုန်စည်တန်ဖိုး၏ (၃)ရာခိုင်နှုန်းကောက်ခံမှုမှာ ဇူလိုင်လအထိ တစ်ရက်လျှင် ပျမ်းမျှ ကျပ်(၂)သိန်းခန့်သာရရှိခဲ့ခြင်းဖြစ်သော်လည်း ရှမ်းပြည်နယ် အစိုးရ၀န်ကြီးများက ကုန်သွယ်မှုပေါ်အခွန်ကောက်ခံမှုအား လိုက်လံစစ်ဆေးပြီးနောက် အောက်တိုဘာလ ပထမပတ်အတွင်း (၇,၈၃၆,၁၀၀)ကျပ်အထိ တိုးမြင့်ရရှိလာခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်း - မြန်မာချစ်ကြည်ရေးတံတားမှတဆင့် ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစဿစည်းများ၏ တန်ဖိုး၏ (၃)ရာခိုင်နှုန်းကို ပြည်နယ်အစိုးရရန်ပုံငွေအဖြစ် ၂၀၁၂ ခုနှစ်မှ စတင်ကောက်ခံခြင်းဖြစ်သည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~