ငွက္ပစ္ထြက္ရင္း ေရဆင္းခ်ဳိးရာမွ ကေလးငယ္(၃)ဦး ေရနစ္ေသဆံုးမႈ နမ့္စန္၌ ျဖစ္ပြား

ငွက္ပစ္ထြက္ရင္း ေရဆင္းခ်ဳိးရာမွ ကေလးငယ္(၃)ဦး ေရနစ္ေသဆံုးမႈ နမ့္စန္၌ ျဖစ္ပြား
အောက်တိုဘာ 20, 2016
By Tachileik News Agency

ေက်းရြာေသာက္သံုးေရကန္ႀကီးအတြင္း ေရဆင္းကူးရာမွ ကေလးငယ္(၃)ဦး ေရနစ္၍ ေသဆံုးမႈ နမ့္စန္ျမိဳ႕နယ္၊ နမ့္ဆြယ္ေက်းရြာ၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ေတာင္ပိုင္းေဒသ၊ နမ့္စန္ၿမိဳ႕နယ္၊ နမ့္ဆြယ္ေက်းရြာရွိ ေနာင္ၾကန္႔ေရကန္ႀကီးထဲတြင္ ေအာက္တိုဘာလ(၂၀)ရက္ေန႔ ေန႔လယ္(၁၂)နာရီေက်ာ္က ကေလးငယ္(၃)ဦးလံုး ေရဆင္းကူးရာမွ ေရနစ္ေသဆံုးသြားခဲ့ျခင္း ျဖစ္သည္။

ေရနစ္ေသဆံုးသြားသည့္ ကေလးငယ္မ်ားမွာ ဟိုက္ဖက္ေက်းရြာအုပ္စု၊ နမ့္ႀကဳတ္ေက်းရြာမွ ျဖစ္ၿပီး၊ ကေလးငယ္(၄)ဦးမွာ နံနက္ပိုင္း၌ နမ့္ႀကဳတ္ရြာမွ ရြာျပင္သို႔ ငွက္ပစ္ထြက္လာၾကကာ ေရကန္နား အေရာက္တြင္ ကေလးငယ္(၃)ဦးမွ ေရဆင္းကူးၿပီး အသက္(၆)ႏွစ္အရြယ္ ကေလးငယ္မွာ ေရမကူးတတ္၍ ကုန္းေပၚ၌ ထိုင္ၾကည့္ေနခဲ့ေၾကာင္းႏွင့္ ၎၏ သူငယ္ခ်င္း (၃)ဦးမွာ အခ်ိန္ၾကာသည္အထိ ေရထဲမွ ျပန္မေပၚလာ၍ ၎တို႔၏ မိဘမ်ားအား သြားေရာက္ အေၾကာင္းၾကားခဲ့ေၾကာင္း သိရသည္။

ေရနစ္ေသဆံုးသည့္ ကေလးမ်ားမွာ ေမာင္စိုင္းတီဟိန္း အသက္(၁၂)ႏွစ္၊ ေမာင္စိုင္းမြန္း  အသက္(၁၁)ႏွစ္ရွိ ႏွင့္ အသက္(၈)ႏွစ္ရွိ ေမာင္ေပါတို႔ ျဖစ္ေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ နမ့္စန္ၿမိဳ႕မရဲစခန္းမွ ေသမႈေသခင္း အမွတ္စဥ္ ၈/၂၀၁၆ျဖင့္ အမႈဖြင့္လွစ္ထားရွိေၾကာင္း သိရသည္။

သတင္း - သန္းစိုးေအာင္


~~~~~~~~⊰❂ unicode ~~~~~~~~

ကျေးရွာသောက်သုံးရေကန်ကြီးအတွင်း ရေဆင်းကူးရာမှ ကလေးငယ်(၃)ဦး ရေနစ်၍ သေဆုံးမှု နမ့်စန်မြို့နယ်၊ နမ့်ဆွယ်ကျေးရွာ၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းဒေသ၊ နမ့်စန်မြို့နယ်၊ နမ့်ဆွယ်ကျေးရွာရှိ နောင်ကြန့်ရေကန်ကြီးထဲတွင် အောက်တိုဘာလ(၂၀)ရက်နေ့ နေ့လယ်(၁၂)နာရီကျော်က ကလေးငယ်(၃)ဦးလုံး ရေဆင်းကူးရာမှ ရေနစ်သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ရေနစ်သေဆုံးသွားသည့် ကလေးငယ်များမှာ ဟိုက်ဖက်ကျေးရွာအုပ်စု၊ နမ့်ကြုတ်ကျေးရွာမှ ဖြစ်ပြီး၊ ကလေးငယ်(၄)ဦးမှာ နံနက်ပိုင်း၌ နမ့်ကြုတ်ရွာမှ ရွာပြင်သို့ ငှက်ပစ်ထွက်လာကြကာ ရေကန်နား အရောက်တွင် ကလေးငယ်(၃)ဦးမှ ရေဆင်းကူးပြီး အသက်(၆)နှစ်အရွယ် ကလေးငယ်မှာ ရေမကူးတတ်၍ ကုန်းပေါ်၌ ထိုင်ကြည့်နေခဲ့ကြောင်းနှင့်၎င်း၏ သူငယ်ချင်း (၃)ဦးမှာ အချိန်ကြာသည်အထိ ရေထဲမှ ပြန်မပေါ်လာ၍၎င်းတို့၏ မိဘများအား သွားရောက် အကြောင်းကြားခဲ့ကြောင်း သိရသည်။

ရေနစ်သေဆုံးသည့် ကလေးများမှာ မောင်စိုင်းတီဟိန်း အသက်(၁၂)နှစ်၊ မောင်စိုင်းမွန်း အသက်(၁၁)နှစ်ရှိ နှင့် အသက်(၈)နှစ်ရှိ မောင်ပေါတို့ ဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ နမ့်စန်မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၈/၂၀၁၆ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း သိရသည်။

သတင်း - သန်းစိုးအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~