အလုပ္သမား အခ်င္းခ်င္း အရက္ေသာက္ ရန္ျဖစ္ရာမွ ဓားခုတ္မႈျဖစ္ပြား၊ တစ္ဦးေသဆံုး (၃)ဦး ထြက္ေျပးေန

အလုပ္သမား အခ်င္းခ်င္း အရက္ေသာက္ ရန္ျဖစ္ရာမွ ဓားခုတ္မႈျဖစ္ပြား၊ တစ္ဦးေသဆံုး (၃)ဦး ထြက္ေျပးေန
အောက်တိုဘာ 2, 2016
By Tachileik News Agency

တနသၤာရီတိုင္းေဒသႀကီး ၿမိတ္ခရိုင္၊ ကြ်န္းစုၿမိဳ႕နယ္၊ မဲေတာ္ေက်းရြာအုပ္စု စစ္ဘုေက်းရြာရိွ ဥယ်ာဥ္ၿခံအတြင္း အလုပ္သမား အခ်င္းခ်င္း အရက္ေသာက္ၿပီး စကားမ်ားရာမွ ဓားျဖင့္ခုတ္၍ ထြက္ေျပးတိမ္းေရွာင္ေနသူ (၃)ဦးအား ဖမ္းဆီးရမိျခင္း မရိွေသးေၾကာင္း ေအာက္တိုဘာလ (၁) ရက္ေန႔က ကြ်န္းစုၿမိဳ႕နယ္ရဲစခန္းရံုးမွ သတင္းရရိွသည္။

ကြ်န္းစုၿမိဳ႕နယ္၊ မဲေတာေက်းရြာအုပ္စု စစ္ဘုေက်းရြာတြင္ စက္တင္ဘာလ (၂၇) ရက္ေန႔ ည (၉) နာရီခန္႔တြင္ ဥယ်ာဥ္တဲအတြင္း အလုပ္သမား (၄) ဦး အရက္အတူထိုင္ေသာက္ရင္း စကားမ်ားရာမွ တစ္ဦးမွာ ဓါးျဖင့္ ခုတ္ခံရ၍ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း ကြ်န္းစုၿမိဳ႕နယ္ ရဲစခန္းရံုးမွ တာ၀န္က် ရဲတပ္ဖြဲ႕၀င္တစ္ဦးထံမွ သိရသည္။

ေသဆံုးသူ ဦးခ်စ္လြင္သည္ စက္တင္ဘာလ (၂၈)ရက္ေန႔ မနက္အထိ အိမ္ျပန္ေရာက္မလာသျဖင္႔ ဇနီးျဖစ္သူက ဥယ်ာဥ္ၿခံတဲသို႔ သြားၾကည့္ရာ ၀ဲဘက္နားရြက္ေနာက္ႏွင့္ လည္ပင္း၀ဲဘက္္ေနာက္တို႔တြင္ ျပတ္ရွဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည္ကို ေတြ႔ရျခင္းျဖစ္ေၾကာင္း ရဲစခန္း၏ မွဳခင္းမွတ္တမ္းအရ သိရသည္။

အထက္ပါ ေသဆံုးမွဳႏွင့္ပတ္သက္၍ သက္ဆိုင္ရာ ကံေမာ္နယ္ေျမရဲစခန္း၌ အမႈဖြင့္လွစ္တိုင္တန္းသျဖင့္ ကံေမာ္နယ္ေျမရဲစခန္းမွ (ပ) ၃၅/ ၂၀၁၆၊ ျပစ္မႈပုဒ္မ ၃၀၂ ျဖင့္ အမွဳဖြင္႔ အေရးယူထားၿပီး ထြက္ေျပး တိမ္းေရွာင္လွ်က္ရွိေသာ အမ်ိဳးသား (၃) ဦးကို အျမန္ဆံုးဖမ္းဆီးရမိႏိုင္ေရးအတြက္ ေဆာင္ရြက္ေနလွ်က္ ရွိေၾကာင္း သိရသည္။

သတင္း။ ေဇာ္ေဇာ္ (ၿမိတ္)
သတင္းပံု။ ေဒသခံတစ္ဦး

~~~~~~~~⊰❂ unicode ~~~~~~~~
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မဲတော်ကျေးရွာအုပ်စု စစ်ဘုကျေးရွာရှိ ဥယျာဉ်ခြံအတွင်း အလုပ်သမား အချင်းချင်း အရက်သောက်ပြီး စကားများရာမှ ဓားဖြင့်ခုတ်၍ ထွက်ပြေးတိမ်းရှောင်နေသူ (၃)ဦးအား ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း အောက်တိုဘာလ (၁) ရက်နေ့က ကျွန်းစုမြို့နယ်ရဲစခန်းရုံးမှ သတင်းရရှိသည်။

ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာအုပ်စု စစ်ဘုကျေးရွာတွင် စက်တင်ဘာလ (၂၇) ရက်နေ့ ည (၉) နာရီခန့်တွင် ဥယျာဉ်တဲအတွင်း အလုပ်သမား (၄) ဦး အရက်အတူထိုင်သောက်ရင်း စကားများရာမှ တစ်ဦးမှာ ဓားဖြင့် ခုတ်ခံရ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း ကျွန်းစုမြို့နယ် ရဲစခန်းရုံးမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

သေဆုံးသူ ဦးချစ်လွင်သည် စက်တင်ဘာလ (၂၈)ရက်နေ့ မနက်အထိ အိမ်ပြန်ရောက်မလာသဖြင့် ဇနီးဖြစ်သူက ဥယျာဉ်ခြံတဲသို့ သွားကြည့်ရာ ဝဲဘက်နားရွက်နောက်နှင့် လည်ပင်းဝဲဘက်နောက်တို့တွင် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း ရဲစခန်း၏ မှုခင်းမှတ်တမ်းအရ သိရသည်။

အထက်ပါ သေဆုံးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကံမော်နယ်မြေရဲစခန်း၌ အမှုဖွင့်လှစ်တိုင်တန်းသဖြင့် ကံမော်နယ်မြေရဲစခန်းမှ (ပ) ၃၅/ ၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားပြီး ထွက်ပြေး တိမ်းရှောင်လျှက်ရှိသော အမျိုးသား (၃) ဦးကို အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် ဆောင်ရွက်နေလျှက် ရှိကြောင်း သိရသည်။

သတင်း။ ဇော်ဇော် (မြိတ်)
သတင်းပုံ။ ဒေသခံတစ်ဦး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~