ႏြားက ၀င္တိုက္မိသျဖင့္ လူငယ္တစ္ဦး၏ ေျခေထာက္က်ဳိးသြား၍ ႏြားပိုင္ရွင္ အမႈဖြင့္ခံရ

ႏြားက ၀င္တိုက္မိသျဖင့္ လူငယ္တစ္ဦး၏ ေျခေထာက္က်ဳိးသြား၍ ႏြားပိုင္ရွင္ အမႈဖြင့္ခံရ
အောက်တိုဘာ 25, 2016
By Tachileik News Agency

မႏၲေလးတိုင္းေဒသႀကီး ဝမ္းတြင္းၿမိဳ႕နယ္ ျမင္းက်ကန္ေက်းရြာတြင္ ႏြားကဝင္တိုက္မိသျဖင့္ ဆိုင္ကယ္စီး လာသည့္ လူငယ္ ေျခေထာက္က်ိဳးသြားျခင္းေႀကာင့္ ႏြားပိုင္ရွင္အား အမႈဖြင့္တိုင္ၾကားထားေၾကာင္း သိရသည္။

“တစ္ရြာထဲသားခ်င္းမို႔ လူမႈေရးၾကည့္ၿပီး ရြာမွာညႇိနွဳိင္းၾကပါေသးတယ္။ မေျပလည္လုိ႔ အမွဳ ဖြင့္လုိက္ရတာပါ”ဟု ေျခေထာက္က်ိဳးသြားသည့္ လူငယ္၏ ဖခင္က ေျပာသည္။

ယာခင္းမွ ျပန္လာသည့္ ေတာင္သူတစ္ဦးက ႏြားႏွစ္ေကာင္အား ဆြဲလာသျဖင့္ ဆိုင္ကယ္ကို လမ္းေဘးခ် ရပ္ထားေပးစဥ္ ႏြားတစ္ေကာင္က လြတ္လာၿပီး ခုန္ေပါက္ဝင္တုိက္သျဖင့္ ေျခသလံုးရိုး က်ိဳးသြားကာ ဝမ္းတြင္းၿမိဳ႕ ျပည္သူ႔ေဆးရုံတြင္ ေအာက္တိုဘာလ (၂၄)ရက္က ေဆးကုသမႈ ခံယူေနရျခင္းျဖစ္ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔လည္း လယ္လုပ္ေနေတာ့ ႏြားနဲ႔ လုပ္ေနရတာပါပဲ။ ႏြားသုိးႀကိဳးလြတ္ဆိုတဲ့စကားအတိုင္း ႏြားသုိးကျမဴးလုိ႔ ခုန္ေပါက္ရင္ ဘာမွမျမင္ဘဲ ေတြ႕ရာ ဝင္တိုက္တတ္၊ နင္းတတ္တယ္”ဟု ေဒသခံေတာင္သူတစ္ဦးက ေျပာသည္။

အဆိုပါ ျဖစ္ရပ္ႏွင့္ ပတ္သက္၍ တိရစာၦန္ကုိ ေပါ့ဆစြာ ထိန္းသိမ္းသူအား ဝမ္းတြင္းၿမိဳ႕မရဲစခန္းတြင္ (ပ)၁၉၇/၂၀၁၆ နာက်င္ဒဏ္ရာရရွိေစေသာပုဒ္မ (၂၈၉) ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ကိုလင္း


~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် မြင်းကျကန်ကျေးရွာတွင် နွားကဝင်တိုက်မိသဖြင့် ဆိုင်ကယ်စီး လာသည့် လူငယ် ခြေထောက်ကျိုးသွားခြင်းကြောင့် နွားပိုင်ရှင်အား အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

“တစ်ရွာထဲသားချင်းမို့ လူမှုရေးကြည့်ပြီး ရွာမှာညှိနှိုင်းကြပါသေးတယ်။ မပြေလည်လို့ အမှု ဖွင့်လိုက်ရတာပါ”ဟု ခြေထောက်ကျိုးသွားသည့် လူငယ်၏ ဖခင်က ပြောသည်။

ယာခင်းမှ ပြန်လာသည့် တောင်သူတစ်ဦးက နွားနှစ်ကောင်အား ဆွဲလာသဖြင့် ဆိုင်ကယ်ကို လမ်းဘေးချ ရပ်ထားပေးစဉ် နွားတစ်ကောင်က လွတ်လာပြီး ခုန်ပေါက်ဝင်တိုက်သဖြင့် ခြေသလုံးရိုး ကျိုးသွားကာ ဝမ်းတွင်းမြို့ ပြည်သူ့ဆေးရုံတွင် အောက်တိုဘာလ (၂၄)ရက်က ဆေးကုသမှု ခံယူနေရခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့လည်း လယ်လုပ်နေတော့ နွားနဲ့ လုပ်နေရတာပါပဲ။ နွားသိုးကြိုးလွတ်ဆိုတဲ့စကားအတိုင်း နွားသိုးကမြူးလို့ ခုန်ပေါက်ရင် ဘာမှမမြင်ဘဲ တွေ့ရာ ဝင်တိုက်တတ်၊ နင်းတတ်တယ်”ဟု ဒေသခံတောင်သူတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ တိရစာ္ဆန်ကို ပေါ့ဆစွာ ထိန်းသိမ်းသူအား ဝမ်းတွင်းမြို့မရဲစခန်းတွင် (ပ)၁၉၇/၂၀၁၆ နာကျင်ဒဏ်ရာရရှိစေသောပုဒ်မ (၂၈၉) ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ကိုလင်း 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~