နမ္မတူမြို့ပေါ် စစ်ဘေးရှောင်စခန်းနှစ်ခုတွင် စားနပ်ရိက္ခာ အခက်အခဲနှင့် ရင်ဆိုင်နေရ
နမ္မတူမြို့ပေါ် စစ်ဘေးရှောင်စခန်းနှစ်ခုတွင် စားနပ်ရိက္ခာ အခက်အခဲနှင့် ရင်ဆိုင်နေရ
စကျတငျဘာ 12, 2016
By Tachileik News Agency
နမ္မတူမြို့ပေါ်ရှိ ရွှေမြင်သာဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်း အမှတ်(၁)နှင့်လီဆူ ဘုရားရှိခိုးကျောင်း ရှိ စစ်ဘေးရှောင်စခန်းအမှတ်(၂)တွင် ခိုလှုံနေသည့် စစ်ဘေးရှောင် အများစုမှာ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်အတွင်းမှ ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) မန်တုံမြို့နယ်အတွင်း ဇွန်လမှစတင်ကာ TNLA/PSLF နှင့် RCSS/SSA တို့ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများသည် နမ္မတူမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်ရာ ရွှေမြင်သာဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်းအမှတ်(၁)တွင် စစ်ဘေးရှောင်ဦးရေ(၂၇၅)ဦး၊ လီဆူ ဘုရားရှိခိုးကျောင်း စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်ဦးရေ(၂၃၀)ဦးတို့ ယနေ့အထိ ခိုလှုံနေကြရဆဲ ဖြစ်ကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ နမ္မတူမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်း(၂)ခုမှ စစ်ဘေးရှောင် (၅၀၀) ကျော်မှာ စက်တင်ဘာလ ပထမပတ်မှစ၍ စားနပ်ရိက္ခါ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
"စစ်ဘေးရှောင်တာက နှစ်လရှိပြီလေ။ ကူညီထောက်ပံ့ပေးထားတဲ့ ရိက္ခါတချို့တစ်ဝက်က အားလုံးပြတ်သွားပြီ။ ခုလောလောဆယ်တော့ ရှိတာလေးနဲ့ ချွေတာသုံးတဲ့စနစ်နဲ့ ပြန်ပြီးတော့ ဖြေရှင်းပေးနေပါတယ်။ (စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး) ကော်မတီကလည်း အစိုးရနဲ့ သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ခေါင်းဆောင်တွေကို တင်ပြထားတယ်။ သူတို့လည်း ဆက်လက် တင်ပြထားတယ်လို့ ပြောတယ်"ဟု ရွှမြေင်သာ ဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်း အမှတ်(၁)မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးစိုင်းဘဉာဏ်က ပြောသည်။
နမ္မတူမြို့ပေါ်ရှိ ရွှမြေင်သာဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်း အမှတ်(၁)နှင့်လီဆူ ဘုရားရှိခိုးကျောင်း ရှိ စစ်ဘေးရှောင်စခန်းအမှတ်(၂)တွင် ခိုလှုံနေသည့် စစ်ဘေးရှောင် အများစုမှာ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်အတွင်းမှ ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်ကြောင်း သိရသည်။
ယခင်က စစ်ဘေးရှောင်စခန်း(၂)ခုသို့ ပြည်ထောင်စု အစိုးရက ပစ္စည်း(၉)မျိုးနှင့် တစ်ရက်သုံးရာနှုန်းဖြင့် သုံးရက်စာ ထောက်ပံ့ပေးခဲ့ပြီး ပြည်နယ်အစိုးရက ဆန်အိတ်(၈၀)အိတ်တို့ကို ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) မန်တုံမြို့နယ်အတွင်း ဇွန်လမှစတင်ကာ TNLA/PSLF နှင့် RCSS/SSA တို့ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများသည် နမ္မတူမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နကြခြေင်းဖြစ်ရာ ရွှမြေင်သာဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်းအမှတ်(၁)တွင် စစ်ဘေးရှောင်ဦးရေ(၂၇၅)ဦး၊ လီဆူ ဘုရားရှိခိုးကျောင်း စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်ဦးရေ(၂၃၀)ဦးတို့ ယနေ့အထိ ခိုလှုံနကြေရဆဲ ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - အောင်ပြည့်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~