တာခ်ီလိတ္တြင္ အမ်ဳိးသားတစ္ဦး လယ္ေစာင့္တဲ၌ မိုးႀကိဳးပစ္ခံရ၍ ေသဆံုး

တာခ်ီလိတ္တြင္ အမ်ဳိးသားတစ္ဦး လယ္ေစာင့္တဲ၌ မိုးႀကိဳးပစ္ခံရ၍ ေသဆံုး
စက်တင်ဘာ 8, 2016
By Tachileik News Agency

လယ္ကြင္းအတြင္းရွိ လယ္ေစာင့္တဲအား သြားေရာက္ ျပဳျပင္ရင္း ညေစာင့္အိပ္သည့္ အမ်ဳိးသားတစ္ဦး မိုးႀကိဳးပစ္ခံရ၍ ေသဆံုးသြားသည့္ ျဖစ္စဥ္တစ္ခု တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းကိုးေက်းရြာအုပ္စု၊ မြန္းမြန္း(ပေလာင္)ရြာေတာင္ဘက္ရွိ လယ္ကြင္းျပင္တြင္ စက္တင္ဘာလ (၈)ရက္ေန႔ နံနက္(၃)နာရီခန္႔က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

"လယ္ကြင္းက ရြာနဲ႔အေတာ္ကိုေ၀းတယ္၊ ကားမေပါက္လို႔ အေလာင္းကို လူနဲ႔ ခက္ခက္ခဲခဲ သယ္လာရတယ္၊ ေသဆံုးသြားတဲ့သူက လယ္ေစာင့္တဲသြားျပင္ရင္းနဲ႔ ညက ေစာင့္အိပ္တယ္လို႔ေျပာတယ္ ။ သူ႔ရဲ႕ နံေဘးမွာ ေရဒီယိုတစ္လံုးေတြ႕တယ္၊ ညက ေရဒီယိုနားေထာင္ရင္း မိုးႀကိဳးစက္ကြင္း မိသြားတာနဲ႔ တူတယ္၊ ညကလဲ အဲ့ဒီဘက္မွာ မိုးအေတာ္ရြာတယ္လို႔ ႀကားတယ္"ဟု တာခ်ီလိတ္နာေရးကူညီမႈ အသင္းမွ ဥကၠဌ ဦးလွမိုးက ေျပာသည္။

ေသဆံုးသြားသူသည္ လယ္စိုက္ပ်ိဳးထားမႈအား သြားေရာက္ၾကည့္ရွဳကာ လယ္ေစာင့္တဲတြင္ ညအိပ္စက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ မိုးႀကိဳးပစ္ခံရသည့္ ဒဏ္ရာျဖစ္သည့္ ေလာင္ကၽြမ္းဒဏ္ရာမ်ား ရရွိထားသည္ကိုလဲ ေတြ႕ရွိရေၾကာင္းႏွင့္ ယခုလက္ရွိတြင္ တာခ်ီလိတ္ၿမိဳ႕ ျပည္သူ႔ေဆးရံုရွိ ရင္ခြဲရံုသို႔ တာခ်ီလိတ္နာေရးကူညီမွဳအသင္းမွ သယ္ေဆာင္လာၿပီး ပို႔ေဆာင္ထားေၾကာင္း ၎ထံမွ သိရသည္။

ေသဆံုးသြားသူမွာ အသက္(၃၅)ႏွစ္ရွိ ဦးေအးဆာျဖစ္ၿပီး ၎သည္ တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းကိုးေက်းရြာအုပ္စု၊ မယ္ဖုန္းလံုေက်းရြာတြင္ ေနထိုင္သူျဖစ္ေၾကာင္း သိရသည္။

ေသဆံုးသူ၏ ရုပ္အေလာင္းအား တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ မႈခင္းဆရာ၀န္စစ္ေဆးႏိုင္ရန္ တာခ်ီလိတ္ရွိ ရင္ခြဲရံုသို႔ သယ္ေဆာင္လာျခင္းျဖစ္ၿပီး၊ မိုးႀကိဳးပစ္ခံရ၍ ေသဆံုးသြားသူအား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းမွ ဓမၼတာအတိုင္း ေသဆံုးျခင္း ဟုတ္/မဟုတ္သိရွိႏိုင္ရန္ ေသမႈေသခင္းအမွတ္စဥ္ (၂၀/၂၀၁၆)ျဖင့္ အမႈဖြင့္လွစ္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း - #ကိုဇက္
ဓာတ္ပံု - #တာခ်ီလိတ္နာေရးကူညီမႈအသင္း
....................

လယ်ကွင်းအတွင်းရှိ လယ်စောင့်တဲအား သွားရောက် ပြုပြင်ရင်း ညစောင့်အိပ်သည့် အမျိုးသားတစ်ဦး မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသည့် ဖြစ်စဉ်တစ်ခု တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ မွန်းမွန်း(ပလောင်)ရွာတောင်ဘက်ရှိ လယ်ကွင်းပြင်တွင် စက်တင်ဘာလ (၈)ရက်နေ့ နံနက်(၃)နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"လယ်ကွင်းက ရွာနဲ့အတော်ကေိုဝးတယ်၊ ကားမပေါက်လို့ အလောင်းကို လူနဲ့ ခက်ခက်ခဲခဲ သယ်လာရတယ်၊ သေဆုံးသွားတဲ့သူက လယ်စောင့်တဲသွားပြင်ရင်းနဲ့ ညက စောင့်အိပ်တယ်လို့ပြောတယ်။ သူ့ရဲ့ နံဘေးမှာ ရေဒီယိုတစ်လုံးတွေ့တယ်၊ ညက ရေဒီယိုနားထောင်ရင်း မိုးကြိုးစက်ကွင်း မိသွားတာနဲ့ တူတယ်၊ ညကလဲ အဲ့ဒီဘက်မှာ မိုးအတော်ရွာတယ်လို့ ကြားတယ်"ဟု တာချီလိတ်နာရေးကူညီမှု အသင်းမှ ဥက္ကဌ ဦးလှမိုးက ပြောသည်။

သေဆုံးသွားသူသည် လယ်စိုက်ပျိုးထားမှုအား သွားရောက်ကြည့်ရှုကာ လယ်စောင့်တဲတွင် ညအိပ်စက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိုးကြိုးပစ်ခံရသည့် ဒဏ်ရာဖြစ်သည့် လောင်ကျွမ်းဒဏ်ရာများ ရရှိထားသည်ကိုလဲ တွေ့ရှိရကြောင်းနှင့် ယခုလက်ရှိတွင် တာချီလိတ်မြို့ ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ တာချီလိတ်နာရေးကူညီမှုအသင်းမှ သယ်ဆောင်လာပြီး ပို့ဆောင်ထားကြောင်း၎င်းထံမှ သိရသည်။

သေဆုံးသွားသူမှာ အသက်(၃၅)နှစ်ရှိ ဦးအေးဆာဖြစ်ပြီး၎င်းသည် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ မယ်ဖုန်းလုံကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား တာချီလိတ်နာရေးကူညီမှုအသင်းမှ မှုခင်းဆရာဝန်စစ်ဆေးနိုင်ရန် တာချီလိတ်ရှိ ရင်ခွဲရုံသို့ သယ်ဆောင်လာခြင်းဖြစ်ပြီး၊ မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသူအား တာချီလိတ်မြို့မ ရဲစခန်းမှ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ်သိရှိနိုင်ရန် သေမှုသေခင်းအမှတ်စဉ် (၂၀/၂၀၁၆)ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - #ကိုဇက်
ဓာတ်ပုံ - #တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~