MoU ျဖင့္ အလုပ္ လုပ္ကိုင္ေနသည့္ ေရႊ႕ေျပာင္း ျမန္မာအလုပ္သမား (၃၄)ဦး ေထာင္ဒဏ္ခ်မွတ္ ခံရ

MoU ျဖင့္ အလုပ္ လုပ္ကိုင္ေနသည့္ ေရႊ႕ေျပာင္း ျမန္မာအလုပ္သမား (၃၄)ဦး ေထာင္ဒဏ္ခ်မွတ္ ခံရ
စက်တင်ဘာ 1, 2016
By Tachileik News Agency

ထိုင္းႏိုင္ငံေျမာက္ပိုင္း V&K နာနတ္သီးစက္ရံု တြင္ MoU ျဖင့္ အလုပ္ လုပ္ကိုင္ေနေသာ ေရႊ႕ေျပာင္း  ျမန္မာအလုပ္သမား (၃၄)ဦး ေထာင္ဒဏ္ခ်မွတ္ခံထားရေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ စြမ္းေတာ္၀င္ေအဂ်င္စီန႔ဲ အလုပ္သမား (၄၉)ေယာက္တစ္ေယာက္ကို က်ပ္ေငြ(၄)သိန္းခြဲစီေပးၿပီး ၿပီးခဲ့တဲ့ႏွစ္ ဇန္န၀ါရီလ ကတည္းက ေဆာက္လုပ္ေရးနဲ႔စာခ်ဳပ္လာခဲ့တာပါ၊ ေဆာက္လုပ္ေရးမွာ ေနစရာ အခက္ခဲရွိတယ္ဆိုၿပီး အလုပ္သမားေတြကိုခြဲထုတ္ ခံခဲ့ရပါတယ္၊ အခုက ကၽြန္ေတာ္တို႔ကို Work Permit မရွိလို႔ဆိုၿပီး ေထာင္ခ်ထားတာပါ"ဟု V&K နာနတ္သီးစက္ရံုမွ ေထာင္ဒဏ္က်ခံေနရသည့္ အလုပ္သမား ကိုထြန္းက ေျပာသည္။

ေဆာက္လုပ္ေရး လုပ္ငန္းခြင္မွ အခက္အခဲေၾကာင့္ V&K နာနတ္သီးစက္ရံုသို႔ ေရာက္ရွိလာၿပီး အလုပ္ လုပ္ကိုင္လွ်က္ရွိရာ ပတ္(စ)ပို႔ျပဳလုပ္ရန္ႏွင့္ Work Permit ရရွိရန္ လုပ္ခလစာမ်ားအတြင္းမွ ဘတ္(၂၀,၀၀၀)ေက်ာ္ ျဖတ္ေတာက္ခံထားရၿပီးျဖစ္ေၾကာင္း၊ ၾသဂုတ္(၂၅)ရက္ေန႔တြင္ ဘန္ခါရဲစခန္း၏ အခ်ဳပ္မွ လပ္ဘူရီေထာင္သို႔ ပို႔ေဆာင္၍ ေထာင္ဒဏ္(၄၅)ရက္ က်ခံရမည္ျဖစ္ေၾကာင္း ၎မွေျပာသည္။

"ဒီကေလးေတြက စက္ရံုမွာ အလုပ္မရွိလို႔ဆိုၿပီး စက္ရံုကို ပိတ္လိုက္တယ္၊ စက္ရံုက လုပ္ခလစာေတြလည္း ကေလးေတြကို ျပန္မေပးဘူး၊ ေနာက္ၿပီး ပတ္(စ္)ပို႔ခဆိုၿပီး ျဖတ္ေတာက္တာေတြလည္းလုပ္ထားတယ္၊ အခု ကေလးေတြကို လပ္ဘူရီေထာင္ကိုပို႔လိုက္ၿပီး"ဟု AAC ျမန္မာအလုပ္သမားကူညီေစာင့္ေရွာက္ေရးမွ ဦးခိုင္က ေျပာသည္။

ထုိင္းႏိုင္ငံ လပ္ဘူရီအက်ဥ္းေထာင္တြင္ အက်ဥ္းက်ခံေနသည့္ ျမန္မာေရႊ႕ေျပာင္း အလုပ္သမား(၃၄)ဦးမွာ Work Permit မရွိသည့္ က်ား(၁၃)ဦးႏွင့္ မ(၁၅)ဦးႏွင့္အတူ ပန္းေရာင္ကဒ္ကိုင္ေဆာင္ထားသည့္ က်ား(၃)ဦး မ(၃)ဦးတို႔ ပါ၀င္ေၾကာင္း ႏွင့္ တရားသူႀကီးမွ ေထာင္ဒဏ္(၁၂)ရက္သာ ခ်မွတ္ခဲ့ေသာ္လည္း ေထာင္အတြင္း (၄၈)ရက္ အက်ဥ္းက်ခံခဲ့ရေၾကာင္း AAC မဟာမိတ္မွ သိရသည္။

သတင္း - ကိုဇက္
ဓာတ္ပံု - ကိုရဲမင္း(AAC)

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~

ထိုင်းနိုင်ငံမြောက်ပိုင်း V&K နာနတ်သီးစက်ရုံ တွင် MoU ဖြင့် အလုပ် လုပ်ကိုင်နေသော ရွှေ့ပြောင်း မြန်မာအလုပ်သမား (၃၄)ဦး ထောင်ဒဏ်ချမှတ်ခံထားရကြောင်း သိရသည်။

“ကျွန်တော်တို့ စွမ်းတော်ဝင်အေဂျင်စီနဲ့ အလုပ်သမား (၄၉)ယောက်တစ်ယောက်ကို ကျပ်ငွေ(၄)သိန်းခွဲစီပေးပြီး ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ကတည်းက ဆောက်လုပ်ရေးနဲ့စာချုပ်လာခဲ့တာပါ၊ ဆောက်လုပ်ရေးမှာ နေစရာ အခက်ခဲရှိတယ်ဆိုပြီး အလုပ်သမားတွေကိုခွဲထုတ် ခံခဲ့ရပါတယ်၊ အခုက ကျွန်တော်တို့ကို Work Permit မရှိလို့ဆိုပြီး ထောင်ချထားတာပါ"ဟု V&K နာနတ်သီးစက်ရုံမှ ထောင်ဒဏ်ကျခံနေရသည့် အလုပ်သမား ကိုထွန်းက ပြောသည်။

ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ အခက်အခဲကြောင့် V&K နာနတ်သီးစက်ရုံသို့ ရောက်ရှိလာပြီး အလုပ် လုပ်ကိုင်လျှက်ရှိရာ ပတ်(စ)ပို့ပြုလုပ်ရန်နှင့် Work Permit ရရှိရန် လုပ်ခလစာများအတွင်းမှ ဘတ်(၂၀,ဝဝဝ)ကျော် ဖြတ်တောက်ခံထားရပြီးဖြစ်ကြောင်း၊ သြဂုတ်(၂၅)ရက်နေ့တွင် ဘန်ခါရဲစခန်း၏ အချုပ်မှ လပ်ဘူရီထောင်သို့ ပို့ဆောင်၍ ထောင်ဒဏ်(၄၅)ရက် ကျခံရမည်ဖြစ်ကြောင်း၎င်းမှပြောသည်။

"ဒီကလေးတွေက စက်ရုံမှာ အလုပ်မရှိလို့ဆိုပြီး စက်ရုံကို ပိတ်လိုက်တယ်၊ စက်ရုံက လုပ်ခလစာတွေလည်း ကလေးတွေကို ပြန်မပေးဘူး၊ နောက်ပြီး ပတ်(စ်)ပို့ခဆိုပြီး ဖြတ်တောက်တာတွေလည်းလုပ်ထားတယ်၊ အခု ကလေးတွေကို လပ်ဘူရီထောင်ကိုပို့လိုက်ပြီး"ဟု AAC မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးမှ ဦးခိုင်က ပြောသည်။

ထိုင်းနိုင်ငံ လပ်ဘူရီအကျဉ်းထောင်တွင် အကျဉ်းကျခံနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား(၃၄)ဦးမှာ Work Permit မရှိသည့် ကျား(၁၃)ဦးနှင့် မ(၁၅)ဦးနှင့်အတူ ပန်းရောင်ကဒ်ကိုင်ဆောင်ထားသည့် ကျား(၃)ဦး မ(၃)ဦးတို့ ပါဝင်ကြောင်း နှင့် တရားသူကြီးမှ ထောင်ဒဏ်(၁၂)ရက်သာ ချမှတ်ခဲ့သော်လည်း ထောင်အတွင်း (၄၈)ရက် အကျဉ်းကျခံခဲ့ရကြောင်း AAC မဟာမိတ်မှ သိရသည်။

သတင်း - ကိုဇက်
ဓာတ်ပုံ - ကိုရဲမင်း(AAC)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~