Update News

ငြိမ်းချမ်းရေး ကော်မရှင်မှ "ဝ"အထူးဒေသ(၂)သို့ မေတ္တာရပ်ခံ




နေပြည်တော်တွင် ကျင်းပနေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ၏ ဒုတိယနေ့ ဖြစ်သည့် စက်တင်ဘာလ (၁)ရက်နေ့တွင် ညီလာခံတက်ရောက်နေသည့် "၀"ပြည်သွေးစည်း ညီညွတ်ရေးပါတီ(UWSP) ကိုယ်စားလှယ်အဖွဲ့က ၎င်းတို့အား လေ့လာသူ ဝင်ခွင့်ကတ်ပြားများကို ထုတ်ပေးသည်ဟုဆိုကာ ညီလာခံမှ ထွက်သွားခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ အဆိုပါ  ငြိမ်းချမ်းရေး ကော်မရှင်မှ မေတ္တာရပ်ခံလိုက်ခြင်း ဖြစ်သည်။

လက်ရှိ ကျင်းပနေသည့် ညီလာခံသို့ "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ အနေဖြင့် ပြန်လည်တက်ရောက်ခြင်း၊ မတက်ရောက်ခြင်း ကိစ္စနှင့် ပတ်သက်၍ ဗဟိုပေါ်လစ်ဗျူရိုကော်မတီ၏ ညွှန်ကြားချက် ပေါ်မူတည်ကြောင်း "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ အသိုင်းအ၀ိုင်းထံမှ သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ အား နေပြည်တော်တွင် သြဂုတ်လ(၃၁)ရက်နေ့က စတင်က ကျင်းပပြုလုပ်နေလျှက်ရှိပြီး စက်တင်ဘာလ(၃)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~



အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟိုဌာန ငြိမ်းချမ်းရေးကော်မရှင်မှ ညီလာခံအတွင်း စီမံခန့်ခွဲမှု အားနည်းချက် အချို့ကြောင့် အဆင်မပြေ ဖြစ်ခဲ့ရမှုများရှိခဲ့သည်ကို နားလည်ပေးနိုင်ပါရန် "ဝ"အထူးဒေသ(၂)သို့ မေတ္တာရပ်ခံလိုက်ကြောင်း သိရသည်။

နပြေည်တော်တွင် ကျင်းပနေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ၏ ဒုတိယနေ့ ဖြစ်သည့် စက်တင်ဘာလ (၁)ရက်နေ့တွင် ညီလာခံတက်ရောက်နေသည့် "ဝ"ပြည်သွေးစည်း ညီညွတ်ရေးပါတီ(UWSP) ကိုယ်စားလှယ်အဖွဲ့က၎င်းတို့အား လေ့လာသူ ဝင်ခွင့်ကတ်ပြားများကို ထုတ်ပေးသည်ဟုဆိုကာ ညီလာခံမှ ထွက်သွားခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ အဆိုပါ ငြိမ်းချမ်းရေး ကော်မရှင်မှ မေတ္တာရပ်ခံလိုက်ခြင်း ဖြစ်သည်။


လက်ရှိ ကျင်းပနေသည့် ညီလာခံသို့ "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ အနဖြေင့် ပြန်လည်တက်ရောက်ခြင်း၊ မတက်ရောက်ခြင်း ကိစ္စနှင့် ပတ်သက်၍ ဗဟိုပေါ်လစ်ဗျူရိုကော်မတီ၏ ညွှန်ကြားချက် ပေါ်မူတည်ကြောင်း "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ အသိုင်းအဝိုင်းထံမှ သိရသည်။



ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံအား နပြေည်တော်တွင် သြဂုတ်လ(၃၁)ရက်နေ့က စတင်က ကျင်းပပြုလုပ်နေလျှက်ရှိပြီး စက်တင်ဘာလ(၃)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~


« PREV
NEXT »