၂၁ ရာစု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယနေ့တွင် "၀"အမျိုးသားစည်းလုံးညီညွှတ်ရေး ပါတီက စာတမ်းဖတ်မည်

၂၁ ရာစု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယနေ့တွင် "၀"အမျိုးသားစည်းလုံးညီညွှတ်ရေး ပါတီက စာတမ်းဖတ်မည်
စကျတငျဘာ 1, 2016
By Tachileik News Agency



၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရှမ်းပြည်နယ်အတွင်းရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်း၊ နားဖန် ၊ မက်မန်း၊ ပန်ဆန်း(ပန်ခမ်း) မြို့နယ်များကို ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးထားခြင်း ဖြစ်သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် အင်အားအကြီးဆုံးအဖွဲ့ဖြစ်သည့် "၀"ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ( ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP )က ပြည်နယ် အဆင့် တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ဖူးပြီး ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေး ပါတီတစ်ခု ဖြစ်သည့် "၀"ပြည်သွေးစည်းညီညွတ်ရေးပါတီ အနေဖြင့် ဖတ်ကြားမည့် စာတမ်း တွင်လည်း အဆိုပါ ကိစ္စပါဝင်မည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်တွင် ကျင်းပနေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ၏ ဒုတိယနေ့ဖြစ်သည့် စက်တင်ဘာလ (၁)ရက်နေ့တွင် ညီလာခံတက်ရောက်နေသည့် "၀"ပြည်သွေးစည်း ညီညွတ်ရေးပါတီ(UWSP) ကိုယ်စားလှယ်အဖွဲ့က ၎င်းတို့အား လေ့လာသူ ဝင်ခွင့်ကတ်ပြားများကို ထုတ်ပေးသည်ဟုဆိုကာ ညီလာခံ ဆက်လက် တက်ရောက်တော့မည် မဟုတ်ကြောင်း သတင်းများ ထွက်ပေါ်လာသော်လည်း ဝင်ခွင့်ကတ်ကိစ္စမှာ ၎င်းတို့အဖွဲ့အနေဖြင့် မှားယွင်းလက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ၏ ဒုတိယနေ့တွင် "ဝ"ပြည်သွေးစည်း ညီညွတ်ရေးပါတီ ( UWSP )ကိုယ်စားလှယ်အဖွဲ့က ညီလာခံမှ ထွက်သွားသော်လည်း "ဝ" အမျိုးသားစည်းလုံး ညီညွှတ်ရေး ပါတီ (WNUP)က စက်တင်ဘာလ (၂)ရက်နေ့တွင် ညီလာခံ၌ စာတမ်းဖတ်မည်ဖြစ်ကြောင်း သိရသည်။

"ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) က ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအဆင့်မှ ပြည်နယ်အဆင့် တိုးမြှင့်ပေးရန် တောင်းဆိုထားခဲ့ဖူးပြီး "ဝ"အမျိုးသားစည်းလုံးညီညွှတ်ရေးပါတီက စက်တင်ဘာလ (၂)ရက်တွင် ညီလာခံ၌ ဖတ်ကြားမည့်စာတမ်းတွင်လည်း အဆိုပါကိစ္စ ပါဝင်နိုင်မည်ဖြစ်ကြောင်း ညီလာခံ တက်ရောက်နေသည့် "ဝ"အမျိုးသားစည်းလုံးညီညွှတ်ရေးပါတီမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးညီနပ်ထံမှ သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရှမ်းပြည်နယ်အတွင်းရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်း၊ နားဖန်၊ မက်မန်း၊ ပန်ဆန်း(ပန်ခမ်း) မြို့နယ်များကို ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးထားခြင်း ဖြစ်သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် အင်အားအကြီးဆုံးအဖွဲ့ဖြစ်သည့် "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ( ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP )က ပြည်နယ် အဆင့် တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ဖူးပြီး ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေး ပါတီတစ်ခု ဖြစ်သည့် "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ အနဖြေင့် ဖတ်ကြားမည့် စာတမ်း တွင်လည်း အဆိုပါ ကိစ္စပါဝင်မည်ဖြစ်ကြောင်း သိရသည်။

နပြေည်တော်တွင် ကျင်းပနေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ၏ ဒုတိယနေ့ဖြစ်သည့် စက်တင်ဘာလ (၁)ရက်နေ့တွင် ညီလာခံတက်ရောက်နေသည့် "ဝ"ပြည်သွေးစည်း ညီညွတ်ရေးပါတီ(UWSP) ကိုယ်စားလှယ်အဖွဲ့က၎င်းတို့အား လေ့လာသူ ဝင်ခွင့်ကတ်ပြားများကို ထုတ်ပေးသည်ဟုဆိုကာ ညီလာခံ ဆက်လက် တက်ရောက်တော့မည် မဟုတ်ကြောင်း သတင်းများ ထွက်ပေါ်လာသော်လည်း ဝင်ခွင့်ကတ်ကိစ္စမှာ၎င်းတို့အဖွဲ့အနဖြေင့် မှားယွင်းလက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ( "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ) သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) ကို လက်မှတ်ရေးထိုး ထားခြင်းမရှိဘဲ ၁၉၈၉ ခုနှစ်၊ မေလ ၉ ရက်က အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၁၁ ခုနှစ်၊ဒီဇင်ဘာလ ၂၅ ရက်တွင် ပြည်ထောင်စုအဆင့် ပဏာမအပစ်ရပ်စာချုပ် ချုပ်ဆိုထားသည့်အဖွဲ့ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~