ဂါလံတစ်သိန်းပေးဝေနိုင်မည့် ထားဝယ်မြို့ ရေပေးဝေရေးစီမံကိန်း ဂျိုက်ကာအကူအညီဖြင့် တိုးချဲ့ လုပ်ဆောင်
ဂါလံတစ်သိန်းပေးဝေနိုင်မည့် ထားဝယ်မြို့ ရေပေးဝေရေးစီမံကိန်း ဂျိုက်ကာအကူအညီဖြင့် တိုးချဲ့ လုပ်ဆောင်
စကျတငျဘာ 16, 2016
By Tachileik News Agency
နေ့စဉ် ရေဂါလံတစ်သိန်းပေးဝေနိုင်မည့် ထားဝယ်မြို့ရေပေးဝေရေး တိုးချဲ့စီမံကိန်းအား ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) အကူအညီဖြင့် ထားဝယ်မြို့တော်စည်ပင်က စက်တင်ဘာလ အတွင်း အကောင်ထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။
လက်ရှိ၌ မြို့တော်စည်ပင်က ထားဝယ်မြို့အတွင်း ဆန်းချီရပ်ကွက်နှင့် ကြက်စားပြင်ရပ်ကွက်အတွင်းရှိ ၀န်ထမ်းအိမ်ယာများနှင့် လူနေအိမ်များသို့ နေ့စဉ် ရေဂါလံ(၉၀၀၀၀) ရေပေးလျှက်ရှိပြီး စီမံကိန်း တိုးချဲ့ပြီးပါက ဆန်းချီမြို့သစ်ရပ်ကွက်၊ ဥဿရံရပ်ကွက်၊ ထိန်သစ်ရပ်ကွက်များအပြင် ကမ်းနားလမ်း ဆိပ်ကမ်းသာပန်းခြံများသို့ သီးခြားရေသွယ်စနစ်ဖြင့် လုပ်ဆောင်ကာ ဘုမ္မော်ရပ်ကွက်၊ ဒေါင်းငူ တံငါရပ်ကွက်၊ သင်္ဘောဆိပ်ရပ်ကွက်၊ ဗျော်တောဝရပ်ကွက်နှင့် ကျောက်မော်ကြီးရပ်ကွက်များကိုပါ ရေပေးဝေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
သတင်း - ရွှေဇော်
~~~~~~~~⊰❂ unicode ~~~~~~~~
နေ့စဉ် ရေဂါလံတစ်သိန်းပေးဝေနိုင်မည့် ထားဝယ်မြို့ရေပေးေဝရေး တိုးချဲ့စီမံကိန်းအား ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) အကူအညီဖြင့် ထားဝယ်မြို့တော်စည်ပင်က စက်တင်ဘာလ အတွင်း အကောင်ထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။
“ဒီစီမံကိန်းက အရင်အစိုးရ လက်ထက်ကတည်းက လုပ်ဖို့ရှိနေတာပါ။ လက်ရှိစည်ပင်က ပေးနေတာက ရေဂါလံ ကိုးသောင်းရှိတယ်။ ဒီမှာက ပုဂ္ဂလိကရေပေးေဝရေးလုပ်ငန်းတွေလည်း ရှိနေတယ်။ စည်ပင်အနေနဲ့ ဒီထက်ပိုပေးနိုင်အောင် လုပ်ဆောင်တဲ့ သဘောပါ”ဟု ထားဝယ်မြို့တော် စည်ပင်ဌာန လက်ထောက် ညွန်ကြားရေးမှူး ဦးအောင်ကျော်မျိုးက ပြောသည်။
လက်ရှိ၌ မြို့တော်စည်ပင်က ထားဝယ်မြို့အတွင်း ဆန်းချီရပ်ကွက်နှင့် ကြက်စားပြင်ရပ်ကွက်အတွင်းရှိ ဝန်ထမ်းအိမ်ယာများနှင့် လူနေအိမ်များသို့ နေ့စဉ် ရေဂါလံ(၉၀၀၀၀) ရေပေးလျှက်ရှိပြီး စီမံကိန်း တိုးချဲ့ပြီးပါက ဆန်းချီမြို့သစ်ရပ်ကွက်၊ ဥဿရံရပ်ကွက်၊ ထိန်သစ်ရပ်ကွက်များအပြင် ကမ်းနားလမ်း ဆိပ်ကမ်းသာပန်းခြံများသို့ သီးခြားရေသွယ်စနစ်ဖြင့် လုပ်ဆောင်ကာ ဘုမ္မော်ရပ်ကွက်၊ ဒေါင်းငူ တံငါရပ်ကွက်၊ သင်္ဘောဆိပ်ရပ်ကွက်၊ ဗျော်တောဝရပ်ကွက်နှင့် ကျောက်မော်ကြီးရပ်ကွက်များကိုပါ ရေပေးေဝးနိုင်မည် ဖြစ်ကြောင်း သိရသည်။
သတင်း - ရွှေဇော်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~