ထိုင္းဘက္မွ လာေရာက္၍ တာခ်ီလိတ္ရွိ အမွတ္(၁)ခ်စ္ၾကည္ေရးတံတားေပၚ ကတၱရာ အခမဲ့ ခင္းေပး

ထိုင္းဘက္မွ လာေရာက္၍ တာခ်ီလိတ္ရွိ အမွတ္(၁)ခ်စ္ၾကည္ေရးတံတားေပၚ ကတၱရာ အခမဲ့ ခင္းေပး
စက်တင်ဘာ 28, 2016
By Tachileik News Agency

ႏွစ္နိုင္ငံ သေဘာတူညီမႈျဖင့္ တာခ်ီလိတ္ရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားေပၚတြင္ ထိုုင္းဘက္မွ လာေရာက္၍ ကတၱရာခင္းေပးမႈကို စက္တင္ဘာလ(၂၈)ရက္ ည(၉)နာရီေက်ာ္မွ စ၍ (၂)ရက္တြင္းအၿပီး ခင္းက်င္းသြားမွာ ျဖစ္ေၾကာင္း ျမန္မာဘက္ TBC မွ သိရသည္။

"ထိုင္းဘက္က လာေရာက္ၿပီးေတာ့ စက္တင္ဘာလ(၂၈/၂၉) ႏွစ္ရက္လံုးမွာ ည(၉)နာရီ ေက်ာ္ကေန နံနက္(၄)နာရီထိ အၿပီးခင္းသြားမွာပါ၊ ႏွစ္ရက္တည္းနဲ႔ အၿပီးခင္ၿပီးရင္ေတာ့ တံတားေပၚက လမ္း ေကာင္းသြားပါၿပီ၊ အခု တံတားေပၚမွာ စလုပ္ေနပါၿပီ"ဟု ျမန္မာဘက္ TBC မွ ကိုသန္းထြန္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယခုလို အမွတ္(၁)ခ်စ္ၾကည္ေရးတံတားအား ျပဳျပင္ရာတြင္ ထိုင္းဘက္မွ ကုန္က်ခံ၍ ေဆာင္ရြက္ေနျခင္းျဖစ္ၿပီး ကတၱရာခင္းရန္အတြက္လည္း ထိုင္းဘက္မွ ႀကိဳတင္၍ ျမန္မာဘက္သို႔ အေၾကာင္းၾကားကာ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ဓာတ္ပံု - ကိုသန္းထြန္းေအာင္

~~~~~~~~⊰❂ unicode ~~~~~~~~

နှစ်နိုင်ငံ သဘောတူညီမှုဖြင့် တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်တွင် ထိုင်းဘက်မှ လာရောက်၍ ကတ္တရာခင်းပေးမှုကို စက်တင်ဘာလ(၂၈)ရက် ည(၉)နာရီကျော်မှ စ၍ (၂)ရက်တွင်းအပြီး ခင်းကျင်းသွားမှာ ဖြစ်ကြောင်း မြန်မာဘက် TBC မှ သိရသည်။

"ထိုင်းဘက်က လာရောက်ပြီးတော့ စက်တင်ဘာလ(၂၈/၂၉) နှစ်ရက်လုံးမှာ ည(၉)နာရီ ကျော်ကနေ နံနက်(၄)နာရီထိ အပြီးခင်းသွားမှာပါ၊ နှစ်ရက်တည်းနဲ့ အပြီးခင်ပြီးရင်တော့ တံတားပေါ်က လမ်း ကောင်းသွားပါပြီ၊ အခု တံတားပေါ်မှာ စလုပ်နေပါပြီ"ဟု မြန်မာဘက် TBC မှ ကိုသန်းထွန်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခုလို အမှတ်(၁)ချစ်ကြည်ရေးတံတားအား ပြုပြင်ရာတွင် ထိုင်းဘက်မှ ကုန်ကျခံ၍ ဆောင်ရွက်နခြေင်းဖြစ်ပြီး ကတ္တရာခင်းရန်အတွက်လည်း ထိုင်းဘက်မှ ကြိုတင်၍ မြန်မာဘက်သို့ အကြောင်းကြားကာ ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ကိုသန်းထွန်းအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~