သတၱဴတင္ေဆာင္သည့္ ကားႏွင့္ ခရီးသည္တင္ယာဥ္တို႔တိုက္မိ၍ တစ္ဦးဒဏ္ရာရ

သတၱဴတင္ေဆာင္သည့္ ကားႏွင့္ ခရီးသည္တင္ယာဥ္တို႔တိုက္မိ၍ တစ္ဦးဒဏ္ရာရ
စက်တင်ဘာ 9, 2016
By Tachileik News Agency

သတၱဳတင္ေဆာင္ရာတြင္ အသံုးျပဳသည့္ ေမာ္ေတာ္ယာဥ္ ႏွင့္ ခရီးသည္တင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္တို႔ ရွမ္းျပည္ေတာင္ပိုင္း ၊ နမ့္စန္ၿမိဳ႕နယ္၊ ၀မ္ပံုေက်းရြာႏွင့္  ဟိုဦးေက်းရြာအနီးတြင္ စက္တင္ဘာလ(၈)ရက္ေန႔က တိုက္မိရာမွ လူတစ္ဦးဒဏ္ရာရရွိ၍ ေဆးရံုတင္ထားရေၾကာင္း သိရသည္။

"ေရႊျပည္သစ္ယာဥ္လိုင္းက ခရီးသည္တင္ Succeed အျဖဴေရာင္ကားကို သတၱဳတင္တဲ့ကားက တိုက္မိတာ ၿပီးေတာ့ ဆက္တိုက္လမ္းေဘးေျမာင္းနဲ႔ ေျမသားေတြကို တုိက္ၿပီး ရပ္သြားတယ္ ။ သတၱဳတင္တဲ့ကားကေတာ့ ခါလီတက္လာတာပါ။ ဘာသတၱဳမွ မပါဘူး ။ ခရီးသည္တင္ ကားေလးေမာင္းလာတဲ့ သူကိုေတာ့ ေဆးရံုပို႔ထားတယ္"ဟု နမ့္စန္ယာဥ္ထိန္းရဲတပ္ဖြဲ႕မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

ယာဥ္တိုက္မႈမွာ အရွိန္အေတာ္ျပင္းထန္ၿပီး တိုက္ခံရသည့္ ခရီးသည္တင္ကားေလးမွာ ေလကာမွန္ကြဲကာ အင္ဂ်င္ဖံုး၊ ေရွ႕ဘန္ကာမ်ားပ်က္စီးခဲ့ေၾကာင္း ၊ ယာဥ္ေမာင္းမွာလည္း ရင္ဘတ္ေအာင့္သည့္ဒဏ္ရာျဖင့္ နမ့္စန္ျပည္သူ႔ေဆးရံုသို႔ တင္ပို႔ကုသလွ်က္ရွိေၾကာင္း ႏွင့္ ယာဥ္ေပၚပါလာသည့္ ခရီးသည္မ်ားမွာ ထိခိုက္ဒဏ္ရာ ရရွိျခင္း မရွိေၾကာင္း သိရသည္။

လံုခ်ိန္းသတၱဳကုမၸဏီမွ သတၱဳရိုင္း တင္ေဆာင္သည့္ ယာဥ္ေမာင္း ေက်ာ္ခုိင္ထူးအား ယာဥ္စည္းကမ္း လမ္းစည္းကမ္း ဥပေဒအရ အရွိန္ျပင္းစြာ ေမာင္းႏွင္ၿပီး သူတစ္ပါးအား ထိခိုက္ဒဏ္ရာရေစမွဳျဖင့္ နမ့္စန္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၂၀/၂၀၁၆၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၇၉/၃၃၇ျဖင့္ အမႈဖြင့္လွစ္ အေရးယူထားေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - သန္းစိုးေအာင္

~~~~~~~~⊰❂ unicode ~~~~~~~~

သတ္တုတင်ဆောင်ရာတွင် အသုံးပြုသည့် မော်တော်ယာဉ် နှင့် ခရီးသည်တင်ဆောင်လာသည့် မော်တော်ယာဉ်တို့ ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ဝမ်ပုံကျေးရွာနှင့် ဟိုဦးကျေးရွာအနီးတွင် စက်တင်ဘာလ(၈)ရက်နေ့က တိုက်မိရာမှ လူတစ်ဦးဒဏ်ရာရရှိ၍ ဆေးရုံတင်ထားရကြောင်း သိရသည်။

"ရွှပြေည်သစ်ယာဉ်လိုင်းက ခရီးသည်တင် Succeed အဖြူရောင်ကားကို သတ္တုတင်တဲ့ကားက တိုက်မိတာ ပြီးတော့ ဆက်တိုက်လမ်းဘေးမြောင်းနဲ့ မြေသားတွေကို တိုက်ပြီး ရပ်သွားတယ်။ သတ္တုတင်တဲ့ကားကတော့ ခါလီတက်လာတာပါ။ ဘာသတ္တုမှ မပါဘူး။ ခရီးသည်တင် ကားလေးမောင်းလာတဲ့ သူကိုတော့ ဆေးရုံပို့ထားတယ်"ဟု နမ့်စန်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယာဉ်တိုက်မှုမှာ အရှိန်အတော်ပြင်းထန်ပြီး တိုက်ခံရသည့် ခရီးသည်တင်ကားလေးမှာ လေကာမှန်ကွဲကာ အင်ဂျင်ဖုံး၊ ရှေ့ဘန်ကာများပျက်စီးခဲ့ကြောင်း၊ ယာဉ်မောင်းမှာလည်း ရင်ဘတ်အောင့်သည့်ဒဏ်ရာဖြင့် နမ့်စန်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသလျှက်ရှိကြောင်း နှင့် ယာဉ်ပေါ်ပါလာသည့် ခရီးသည်များမှာ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိကြောင်း သိရသည်။

လုံချိန်းသတ္တုကုမ္ပဏီမှ သတ္တုရိုင်း တင်ဆောင်သည့် ယာဉ်မောင်း ကျော်ခိုင်ထူးအား ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဥပဒေအရ အရှိန်ပြင်းစွာ မောင်းနှင်ပြီး သူတစ်ပါးအား ထိခိုက်ဒဏ်ရာရစေမှုဖြင့် နမ့်စန်မြို့မရဲစခန်းတွင် ယာဉ်(ပ)၂၀/၂၀၁၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၇၉/၃၃၇ဖြင့် အမှုဖွင့်လှစ် အရေးယူထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - သန်းစိုးအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~