ကျိုင်းတုံ - တာချီလိတ် ခရီးသည်ယာဉ်တစ်စီး ချောက်ထဲကျ၊ ကယ်ဆယ်ရေးများ အရေးပေါ် ဆောင်ရွက်နေ

ကျိုင်းတုံ - တာချီလိတ် ခရီးသည်ယာဉ်တစ်စီး ချောက်ထဲကျ၊ ကယ်ဆယ်ရေးများ အရေးပေါ် ဆောင်ရွက်နေ
စကျတငျဘာ 16, 2016
By Tachileik News Agency



ဓာတ်ပုံ - စတီဗင်နောင်

***********

ယနေ့ စက်တင်ဘာလ(၁၆)ရက်နေ့ နံနက်ပိုင်းတွင် ကျိုင်းတုံမှ တာချီလိတ်သို့ ခရီးသည်များ တင်ဆောင်လာသည့် ရွှေရေကန် ခရီးသည်တင်ယာဉ်၊ ယာဉ်​အမှတ်​ 3G. 6464 သည် ကျိုင်းတုံ - မိုင်းဖြတ်အကြား ဆိုင်းလေ နှင့် ဆွတ်ပလောင်း အနီးရှိ ချောက်ထဲသို့ ကျမှု ဖြစ်ပွားရာ (၅)ဦး ဒဏ်ရာရရှိပြီး လူ(၃)ဦးမှ (၅)ဦး အကြား ပျောက်နေကြောင်း နှင့် ကယ်ဆယ်ရေးအဖွဲ့မှ အလျင်အမြန် ဆောင်ရွက်လျှက်ရှိကြောင်း ကနဦး သတင်းရရှိသည်။

( ဆက်လက်ရရှိသည့် အခြေအနေများကို တာချီလိတ်သတင်းအေဂျင်စီမှ ဖော်ပြပေးသွားပါမည် )

ဓာတ်ပုံ - စတီဗင်နောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~