ဝမ္းတြင္းစည္ပင္၏ အမွိဳက္သိမ္း၀န္ထမ္း ရုိက္ႏွက္ခံရမႈ အလုပ္ဝတၱရားေႏွာင့္ယွက္မႈ မေျမာက္ေၾကာင္း အမႈစစ္ရဲကဆို

ဝမ္းတြင္းစည္ပင္၏ အမွိဳက္သိမ္း၀န္ထမ္း ရုိက္ႏွက္ခံရမႈ အလုပ္ဝတၱရားေႏွာင့္ယွက္မႈ မေျမာက္ေၾကာင္း အမႈစစ္ရဲကဆို
စက်တင်ဘာ 25, 2016
By Tachileik News Agency

မႏၲေလးတိုင္းေဒသႀကီး ဝမ္းတြင္းၿမိဳ႕နယ္ စည္ပင္သာယာဌာနမွ ေန႔စားအလုပ္သမား အမိႈက္သိမ္းသူ အမ်ိဳးသမီးအား အမိႈက္သိမ္းစဥ္ ရိုက္ခဲ့သူကို သာမန္ဒဏ္ရာရေစမႈႏွင့္ ဆဲဆိုမႈတို႔ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

“ဒါက အလုပ္ဝတၲရား ေႏွာင့္ယွက္မႈ မေျမာက္ပါဘူး”ဟု အမႈစစ္ရဲအရာရိွ ဒုရဲအုပ္ ေဇယ်ာမိုးျမင့္က ေျပာသည္။

ဝမ္းတြင္းၿမိဳ႕ အမွတ္ (၁) ရပ္ကြက္တြင္ စက္တင္ဘာလ (၁၇) ရက္က အမိႈက္သိမ္းေနစဥ္ အသက္ (၅၃)ႏွစ္အရြယ္ စည္ပင္သာယာဌာန၏ ေန႔စားအလုပ္သမားျဖစ္သူ မသန္းသန္းက အမိႈက္ေတာင္းလွမ္းယူစဥ္ အမိႈက္ေတာင္းက အမိႈက္လာပစ္သူ၏ လက္ေပၚ ျပန္ျပဳတ္က်သြားရာ အမိႈက္လာပစ္သည့္ အသက္ (၆၆)ႏွစ္အရြယ္ ဦးေမာင္ကို ဆိုသူက သစ္သားတုတ္ျဖင့္ ရိုက္ႏွက္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

“မသန္းသန္းက ေန႔စားအမွိဳက္သိမ္း စည္ပင္အလုပ္သမားပါပဲ။ သူအရုိက္ခံရတယ္လုိ႔တင္ျပလာလုိ႔ ေကာ္မတီထံ ထပ္တင္ျပခ့ဲတယ္။ ေန႔စားအလုပ္သမားလည္း စည္ပင္ဝန္ထမ္းပဲျဖစ္လုိ႔ ေကာ္မတီကေတာ့ အလုပ္ဝတၲရား ေနွာင့္ယွက္တယ္လုိ႔ ယူဆပါတယ္”ဟု သန္႔ရွင္းေရးႏွင့္ ေစ်းတာဝန္ခံ တရားလိုျပဳလုပ္သူ ဒုတိယဦးစီးမွဴး ဦးဆန္းဝင္းက ေျပာသည္။

သစ္သားတုတ္ျဖင့္ အရိုက္ခံရသျဖင့္ မသန္းသန္းမွာ ဝဲပုခုံးႏွင့္ လက္ဖ်ံတို႔တြင္ ဖူးေရာင္ဒဏ္ရာရိွခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္အား ဝမ္းတြင္းၿမိဳ႕မရဲစခန္းတြင္ စက္တင္ဘာလ၏ တတိယပတ္အတြင္းက  (ပ) ၁၇၉/၂၀၁၆ သာမန္ဒဏ္ရာ ရရွိေစမႈ ဥပေဒပုဒ္မ (၃၂၃) ႏွင့္ ဆဲဆိုေျပာဆိုမႈပုဒ္မ (၂၉၄) တို႔ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

သတင္း - ကိုလင္း(TNA)

~~~~~~~~⊰❂ unicode ~~~~~~~~
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် စည်ပင်သာယာဌာနမှ နေ့စားအလုပ်သမား အမှိုက်သိမ်းသူ အမျိုးသမီးအား အမှိုက်သိမ်းစဉ် ရိုက်ခဲ့သူကို သာမန်ဒဏ်ရာရစေမှုနှင့် ဆဲဆိုမှုတို့ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

“ဒါက အလုပ်ဝတ္တရား နှောင့်ယှက်မှု မမြောက်ပါဘူး”ဟု အမှုစစ်ရဲအရာရှိ ဒုရဲအုပ် ဇေယျာမိုးမြင့်က ပြောသည်။

ဝမ်းတွင်းမြို့ အမှတ် (၁) ရပ်ကွက်တွင် စက်တင်ဘာလ (၁၇) ရက်က အမှိုက်သိမ်းနေစဉ် အသက် (၅၃)နှစ်အရွယ် စည်ပင်သာယာဌာန၏ နေ့စားအလုပ်သမားဖြစ်သူ မသန်းသန်းက အမှိုက်တောင်းလှမ်းယူစဉ် အမှိုက်တောင်းက အမှိုက်လာပစ်သူ၏ လက်ပေါ် ပြန်ပြုတ်ကျသွားရာ အမှိုက်လာပစ်သည့် အသက် (၆၆)နှစ်အရွယ် ဦးမောင်ကို ဆိုသူက သစ်သားတုတ်ဖြင့် ရိုက်နှက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“မသန်းသန်းက နေ့စားအမှိုက်သိမ်း စည်ပင်အလုပ်သမားပါပဲ။ သူအရိုက်ခံရတယ်လို့တင်ပြလာလို့ ကော်မတီထံ ထပ်တင်ပြခဲ့တယ်။ နေ့စားအလုပ်သမားလည်း စည်ပင်ဝန်ထမ်းပဲဖြစ်လို့ ကော်မတီကတော့ အလုပ်ဝတ္တရား နှောင့်ယှက်တယ်လို့ ယူဆပါတယ်”ဟု သန့်ရှင်းရေးနှင့် ဈေးတာဝန်ခံ တရားလိုပြုလုပ်သူ ဒုတိယဦးစီးမှူး ဦးဆန်းဝင်းက ပြောသည်။

သစ်သားတုတ်ဖြင့် အရိုက်ခံရသဖြင့် မသန်းသန်းမှာ ဝဲပုခုံးနှင့် လက်ဖျံတို့တွင် ဖူးရောင်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား ဝမ်းတွင်းမြို့မရဲစခန်းတွင် စက်တင်ဘာလ၏ တတိယပတ်အတွင်းက (ပ) ၁၇၉/၂၀၁၆ သာမန်ဒဏ်ရာ ရရှိစေမှု ဥပဒေပုဒ်မ (၃၂၃) နှင့် ဆဲဆိုပြောဆိုမှုပုဒ်မ (၂၉၄) တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သတင်း - ကိုလင်း(TNA) 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~