လားရှိုးတွင် ဖယောင်းတိုင်မီးမှတဆင့် မီးလောင်မှုဖြစ်ပွား
လားရှိုးတွင် ဖယောင်းတိုင်မီးမှတဆင့် မီးလောင်မှုဖြစ်ပွား
စကျတငျဘာ 18, 2016
By Tachileik News Agency
မီးလောင်မှုဖြစ်ပွားခဲ့သော နေအိမ်သည် သွပ်မိုးထရံကာဖြစ်သည့်အတွက် မီးအနည်းငယ်များခဲ့သော်လည်း ဘေးအိမ်များသို့ မီးကူးစက်ခဲ့ခြင်း မရှိကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
မီးလောင်ရာသို့ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ သန္ဓေမီးငြှိမ်းသတ်ယာဉ်(၄)စီး၊ အရန်မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ စုစုပေါင်း ယာဉ်(၉)စီးဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၃၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၄၅)ဦး၊စုစုပေါင်း(၈၀)ဦးတို့မှ မီးငြှိမ်းသတ်ခဲ့ရကြောင်း နှင့် ယင်းမီးလောင်မှုကြောင့် နေအိမ်ပစ္စည်းအချို့ အပါအဝင် တန်ဖိုး(၁,၅၀၀,၀၀၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း လားရှိုးခရိုင်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
သတင်း - #အောင်ပြည့်
ဓာတ်ပုံ - #နေမျိုး
*********
ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသ လားရှိုးမြို့တွင် ယနေ့ စက်တင်ဘာလ(၁၈)ရက်နေ့ နံနက်(၁၁)နာရီခန့်က ရပ်ကွက်(၃)၊ နယ်မြေ(၈)၊ ကြာနီလမ်းရှိ နေအိမ်တစ်အိမ်၌ ဘုရားစင်ပေါ်တွင် မီးပူဇော်ထားသော ဖယောင်းတိုင်မီးမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းခရိုင်မီးသတ်ဦးစီးမှူးရုံး(လားရှိုး)မှ သိရသည်။
မီးလောင်မှုဖြစ်ပွားခဲ့သော နေအိမ်သည် သွပ်မိုးထရံကာဖြစ်သည့်အတွက် မီးအနည်းငယ်များခဲ့သော်လည်း ဘေးအိမ်များသို့ မီးကူးစက်ခဲ့ခြင်း မရှိကြောင်း ရပ်ကွက်နပြေည်သူများထံမှ သိရသည်။
"မီးကနည်းနည်းများတယ်။ မီးသတ်ဆေးဘူးတွေနဲ့ ဖြန်းပေမယ့် အနားကပ်လို့မရဘူး။ မီးသတ်တပ်ဖွဲ့ဝင်တွေ အချိန်မီရောက်လာလို့ ဘေးအိမ်တွေကို မီးကူးစက်မှုမရှိခဲ့ပါဘူး။"ဟု ရပ်ကွက်နေသူတစ်ဦးကပြောသည်။
မီးလောင်ရာသို့ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ သန္ဓမေီးငြှိမ်းသတ်ယာဉ်(၄)စီး၊ အရန်မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ စုစုပေါင်း ယာဉ်(၉)စီးဖြင့် သန္ဓမေီးသတ်တပ်ဖွဲ့ဝင်(၃၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၄၅)ဦး၊စုစုပေါင်း(၈၀)ဦးတို့မှ မီးငြှိမ်းသတ်ခဲ့ရကြောင်း နှင့် ယင်းမီးလောင်မှုကြောင့် နေအိမ်ပစ္စည်းအချို့ အပါအဝင် တန်ဖိုး(၁,၅၀၀,ဝဝဝ)ခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း လားရှိုးခရိုင်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
မီးလောင်မှုဖြစ်ပွားခဲ့သောနေအိမ်မှ ဦးကီရန်ကူးမာရ် အား တရားဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
သတင်း - #အောင်ပြည့်
ဓာတ်ပုံ - #နေမျိုး
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~