ေရႊၾကက္ယက္ ေရႊၾကက္က်အနီး ဆိမ္ကမ္းရွိ သဲထုတ္လုပ္ငန္းရွင္မ်ား သဲထုတ္လုပ္ငန္း ရပ္နားထားရ

ေရႊၾကက္ယက္ ေရႊၾကက္က်အနီး ဆိမ္ကမ္းရွိ သဲထုတ္လုပ္ငန္းရွင္မ်ား သဲထုတ္လုပ္ငန္း ရပ္နားထားရ
စက်တင်ဘာ 22, 2016
By Tachileik News Agency

မႏၱေလးတိုင္းေဒသႀကီး ေရႊၾကက္ယက္၊ ေရႊၾကက္က်ဘုရားအနီး သဲထုတ္လုပ္ျခင္းအား ေရအရင္းအျမစ္ႏွင့္ ျမစ္ေခ်ာင္းမ်ား ထိန္းသိမ္းေရးဌာနက တားျမစ္လိုက္ၿပီးေနာက္ သဲထုတ္လုပ္ငန္းရွင္မ်ား အခက္ေတြ႔ေနေၾကာင္း သိရသည္။

၂၀၁၅ ခုႏွစ္အတြင္းက ေရေၾကာင္းတိမ္ေနသျဖင့္ ေရယာဥ္ႀကီးမ်ား သြားလာရန္ ခက္ခဲမွဳေၾကာင့္ သဲစုပ္ရန္ ခြင့္ျပဳေပးထားသည့္ လုပ္ငန္းရွင္ငါးဦး၏ သဲထုတ္လုပ္ငန္းမ်ားရပ္ဆိုင္းရန္ မႏၱေလးတိုင္းေဒသႀကီး လွ်ပ္စစ္/ စြမ္းအင္ႏွင့္ေဆာက္လုပ္ေရး၀န္ႀကီးဌာန၏ ညႊန္ၾကားခ်က္အရ ေရအရင္းအျမစ္ႏွင့္ ျမစ္ေခ်ာင္းမ်ား ထိန္းသိမ္းေရးဌာနမွ တားျမစ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီမႏၱေလးဘက္ကိုက်ေတာ့ သဲစုပ္ခြင့္ရပ္ခိုင္းၿပီးေတာ့ စစ္ကိုင္းဘက္ကိုက်ေတာ့ မရပ္ခိုင္းဘူး။ သူတို႔ဘက္ ကေရာ တံတားအတြက္ အႏၱရာယ္မရွိလို႔လား။ ေရအရင္းအျမစ္ဌာနကေနၿပီး အစားထိုးေနရာ ၾကည့္ထားဆိုၿပီး ေျပာပါတယ္။” ဟု ေကာင္းသန္႔ေက်ာ္ သဲထုတ္လုပ္ေရးမွ ေဒၚသြယ္သြယ္ေအာင္က ဆိုသည္။

သဲထုတ္လုပ္သူမ်ားက ၂၀၁၅ ခုႏွစ္ သဲမ်ားစတင္ထုတ္လုပ္ခ်ိန္မွစတင္ၿပီး သဲစုပံုခြင့္၊ ဆိပ္ကမ္းကပ္ခြင့္စေသာ အခြန္အမ်ိဳးမ်ိဳးအတြက္ တစ္ဦးလွ်င္ က်ပ္သိန္း (၁၀၀) ခန္႔ ႏွစ္စဥ္ေပးေဆာင္ရေၾကာင္း သိရသည္။

လက္ရွိအခ်ိန္တြင္ သဲစုပ္လုပ္ငန္းရွင္ (၅) ဦးထံမွ အလုပ္သမား (၁၀၀)နီးပါးမွာ လုပ္ငန္းရပ္နားထားရသျဖင့္ စား၀တ္ေနေရး အခက္အခဲမ်ား ရင္ဆိုင္ေနရေၾကာင္း သိရသည္။

သတင္း - ေရႊေဇာ္
~~~~~~~~⊰❂ unicode ~~~~~~~~
မန္တလေးတိုင်းဒေသကြီး ရွှကြေက်ယက်၊ ရွှကြေက်ကျဘုရားအနီး သဲထုတ်လုပ်ခြင်းအား ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဌာနက တားမြစ်လိုက်ပြီးနောက် သဲထုတ်လုပ်ငန်းရှင်များ အခက်တွေ့နေကြောင်း သိရသည်။

၂၀၁၅ ခုနှစ်အတွင်းက ရေကြောင်းတိမ်နေသဖြင့် ရေယာဉ်ကြီးများ သွားလာရန် ခက်ခဲမှုကြောင့် သဲစုပ်ရန် ခွင့်ပြုပေးထားသည့် လုပ်ငန်းရှင်ငါးဦး၏ သဲထုတ်လုပ်ငန်းများရပ်ဆိုင်းရန် မန္တလေးတိုင်းဒေသကြီး လျှပ်စစ်/ စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဌာနမှ တားမြစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီမန္တလေးဘက်ကိုကျတော့ သဲစုပ်ခွင့်ရပ်ခိုင်းပြီးတော့ စစ်ကိုင်းဘက်ကိုကျတော့ မရပ်ခိုင်းဘူး။ သူတို့ဘက် ကရော တံတားအတွက် အန္တရာယ်မရှိလို့လား။ ရေအရင်းအမြစ်ဌာနကနပြေီး အစားထိုးနေရာ ကြည့်ထားဆိုပြီး ပြောပါတယ်။” ဟု ကောင်းသန့်ကျော် သဲထုတ်လုပ်ရေးမှ ဒေါ်သွယ်သွယ်အောင်က ဆိုသည်။

သဲထုတ်လုပ်သူများက ၂၀၁၅ ခုနှစ် သဲများစတင်ထုတ်လုပ်ချိန်မှစတင်ပြီး သဲစုပုံခွင့်၊ ဆိပ်ကမ်းကပ်ခွင့်စသော အခွန်အမျိုးမျိုးအတွက် တစ်ဦးလျှင် ကျပ်သိန်း (၁၀၀) ခန့် နှစ်စဉ်ပေးဆောင်ရကြောင်း သိရသည်။

လက်ရှိအချိန်တွင် သဲစုပ်လုပ်ငန်းရှင် (၅) ဦးထံမှ အလုပ်သမား (၁၀၀)နီးပါးမှာ လုပ်ငန်းရပ်နားထားရသဖြင့် စားဝတ်နေရေး အခက်အခဲများ ရင်ဆိုင်နေရကြောင်း သိရသည်။

သတင်း - ရွှေဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~