တာခ်ီလိတ္ခရိုင္အတြင္း ဆင္းဧကရီ (၃)စပါးမ်ိဳးႏွင့္ ပတ္သက္၍ မ်ဳိးကြဲႏႈတ္ပယ္ျခင္း လက္ေတြ႕ သရုပ္ျပ

တာခ်ီလိတ္ခရိုင္အတြင္း ဆင္းဧကရီ (၃)စပါးမ်ိဳးႏွင့္ ပတ္သက္၍ မ်ဳိးကြဲႏႈတ္ပယ္ျခင္း လက္ေတြ႕ သရုပ္ျပ
စက်တင်ဘာ 14, 2016
By Tachileik News Agency

တာခ်ီလိတ္ခ႐ိုင္အတြင္း အမ်ားဆံုစိုက္ပ်ိဳးသည့္ ဆင္းဧကရီ(၃)စပါးမ်ိဳးႏွင့္ ပတ္သက္၍ မ်ဳိးကြဲႏွဳတ္ပယ္ျခင္း လုပ္ငန္းအား စက္တင္ဘာလ (၁၃)ရက္ေန႔က ေတာင္သူမ်ားအား လက္ေတြ႕သ႐ုပ္ျပခဲ့ေၾကာင္း ခ႐ိုင္စိုက္ပ်ိဳးေရးဦးစီးဌာနမွ သိရသည္။

"မ်ိဳးကြဲႏွဳတ္ပယ္လိုက္ရင္ စပါးေတြက မ်ိဳးေကာင္းမ်ိဳးသန္႔ေတြက်န္မယ္ ေနာက္တစ္ခုက စပါးရင့္မွည့္ခ်ိန္လဲ တူညီမယ္၊ ဆန္ႀကိတ္တဲ့အခါ ဆန္ကြဲတာတို႔ ေၾကတာတို႔မရွိဘူး ဒါေၾကာင့္ ႏႈတ္ပယ္ရမယ္ဆိုတဲ့ အေၾကာင္း ေတာင္သူေတြကိုျပတာပါ"ဟု တာခ်ီလိတ္ခရိုင္စိုက္ပ်ိဳးေရးဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ဦးလွ၀င္းက ေျပာသည္။

စပါးခင္းမ်ားတြင္ မ်ိဳးကြဲျဖစ္ေပၚေနေသာ စပါးပင္မ်ားႏွင့္ ပတ္သက္၍ သိသာျမင္သာမႈရွိေၾကာင္း စပါးခင္းမ်ားအတြင္း ထိုးထိုးေထာင္ေထာင္ႏွင့္ ျဖစ္ေပၚေနလွ်င္ မ်ိဳးကြဲစပါးမ်ားသာျဖစ္ေၾကာင္း မ်ိဳးကြဲစပါးမ်ားအား ႏႈတ္ပယ္ျခင္းမရွိလွ်င္ ျပန္လည္စိုက္ပ်ိဳးသည့္ အခ်ိန္တြင္ စပါးအထြက္ႏွဳန္းက်ျခင္းမ်ား ျဖစ္ေပၚၿပီး ႏႈတ္ပယ္ဖယ္ရွားထားပါက စပါးအထြက္ႏႈန္းပိုမိုေကာင္းလာမည္ျဖစ္ေၾကာင္း ၎မွ ေျပာသည္။

စပါးမ်ိဳးကြဲႏွဳန္ပယ္ျခင္းလုပ္ငန္းႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕နယ္ ၀မ္လံုးေက်းရြာအုပ္စုရွိ ေတာင္သူ ဦးတင္၀င္းေအာင္၏ စံျပစပါးစိုက္ကြက္ လယ္(၁၅)ဧကအတြင္း သ႐ုပ္ခဲ့ျခင္းျဖစ္ေၾကာင္း ႏွင့္ တာခ်ီလိတ္ခရိုင္အတြင္း ဆင္းဧကရီ(၃)စပါးမ်ိဳး စိုက္ပ်ိဳးမႈမွာ ဧကေပါင္း(၃,၂၀၀)ခန္႔ရွိေၾကာင္း အျပင္ ခရိုင္တစ္ခုလံုးတြင္ မိုးစပါး စိုက္ဧကေပါင္း (၁၇,၀၀၀)ေက်ာ္ရွိေၾကာင္း သိရသည္။

သတင္း - ကိုဇက္
ဓာတ္ပံု - ခရိုင္စိုက္ပ်ဳိးေရး

~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်အတွင်း အများဆုံစိုက်ပျိုးသည့် ဆင်းဧကရီ(၃)စပါးမျိုးနှင့် ပတ်သက်၍ မျိုးကွဲနှုတ်ပယ်ခြင်း လုပ်ငန်းအား စက်တင်ဘာလ (၁၃)ရက်နေ့က တောင်သူများအား လက်တွေ့သရုပ်ပြခဲ့ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

"မျိုးကွဲနှုတ်ပယ်လိုက်ရင် စပါးတွေက မျိုးကောင်းမျိုးသန့်တွေကျန်မယ် နောက်တစ်ခုက စပါးရင့်မှည့်ချိန်လဲ တူညီမယ်၊ ဆန်ကြိတ်တဲ့အခါ ဆန်ကွဲတာတို့ ကြေတာတို့မရှိဘူး ဒါကြောင့် နှုတ်ပယ်ရမယ်ဆိုတဲ့ အကြောင်း တောင်သူတွေကိုပြတာပါ"ဟု တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှဝင်းက ပြောသည်။

စပါးခင်းများတွင် မျိုးကွဲဖြစ်ပေါ်နေသော စပါးပင်များနှင့် ပတ်သက်၍ သိသာမြင်သာမှုရှိကြောင်း စပါးခင်းများအတွင်း ထိုးထိုးထောင်ထောင်နှင့် ဖြစ်ပေါ်နေလျှင် မျိုးကွဲစပါးများသာဖြစ်ကြောင်း မျိုးကွဲစပါးများအား နှုတ်ပယ်ခြင်းမရှိလျှင် ပြန်လည်စိုက်ပျိုးသည့် အချိန်တွင် စပါးအထွက်နှုန်းကျခြင်းများ ဖြစ်ပေါ်ပြီး နှုတ်ပယ်ဖယ်ရှားထားပါက စပါးအထွက်နှုန်းပိုမိုကောင်းလာမည်ဖြစ်ကြောင်း၎င်းမှ ပြောသည်။

စပါးမျိုးကွဲနှုန်ပယ်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ် ဝမ်လုံးကျေးရွာအုပ်စုရှိ တောင်သူ ဦးတင်ဝင်းအောင်၏ စံပြစပါးစိုက်ကွက် လယ်(၁၅)ဧကအတွင်း သရုပ်ခဲ့ခြင်းဖြစ်ကြောင်း နှင့် တာချီလိတ်ခရိုင်အတွင်း ဆင်းဧကရီ(၃)စပါးမျိုး စိုက်ပျိုးမှုမှာ ဧကပေါင်း(၃,၂၀၀)ခန့်ရှိကြောင်း အပြင် ခရိုင်တစ်ခုလုံးတွင် မိုးစပါး စိုက်ဧကပေါင်း (၁၇,ဝဝဝ)ကျော်ရှိကြောင်း သိရသည်။

သတင်း - ကိုဇက်
ဓာတ်ပုံ - ခရိုင်စိုက်ပျိုးရေး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~