လျှပ်စစ်ဓာတ်အားလုပ်ငန်းများကိစ္စ ပြည်နယ်အစိုးရ ဖြေကြားမှုအား လွှတ်တော်ကိုယ်စားလှယ် သဘောမကျ
လျှပ်စစ်ဓာတ်အားလုပ်ငန်းများကိစ္စ ပြည်နယ်အစိုးရ ဖြေကြားမှုအား လွှတ်တော်ကိုယ်စားလှယ် သဘောမကျ
စကျတငျဘာ 30, 2016
By Tachileik News Agency
ရှမ်းပြည်နယ်လွှတ်တော်အတွင်း ပြည်နယ်တွင်း လျှပ်စစ်ဓါတ်အားထုတ်လုပ်မည့်စီမံကိန်းများအကြောင်း ပြည်နယ်အစိုးရ၏ ဖြေကြားချက်အများစုမှာ ပြည်ထောင်စုအစိုးရထံမေးရန် ဖြေကြားသဖြင့် ပြည်ထောင်စု အဆင့် တင်ပြနိုင်ရန် စီစဉ်နေကြောင်း ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်တွင် အကောင်ထည်ဖော်ဆောင်ရွက်မည့် လျှပ်စစ်မဂ္ဂါဝပ်တစ်သောင်းဝန်းကျင် ထွက်ရှိမည့် သံလွင်မြစ်ရေအားလျှပ်စစ်စီမံကိန်းအကြောင်း လွှတ်တော်အတွင်း မေးမြန်းမှုကို ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က စက်တင်ဘာလ (၂၀)ရက်က ကျင်းပခဲ့သော ရှမ်းပြည်နယ်လွှတ်တော် ဒုတိယအကြိမ် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ဖြေကြားခဲ့မှုအပေါ် ယင်းကဲ့သို့ တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SLND)မှ သိန္နီမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်း (၆)ခုနှင့်စပ်လျဉ်းပြီး စီမံကိန်းအမျိုးအစား၊ လုပ်ကိုင်မည့် ကုမ္ပဏီ၊ ရရှိလာမည့်အကျိုးအမြတ်အတွင်းမှ ပြည်နယ်မှရရှိမည့် အကျိုး အမြတ်များ အစရှိသည့်မေးခွန်းများ မေးမြန်းခဲ့ခြင်းဖြစ်သည်။
သံလွင်မြစ်ပေါ်တွင်တည်ဆောက်မည့် ရေကာတာစီမံကိန်း (၆) ခုအနက် ရှမ်းပြည်နယ်တွင် (၇၁၀၀) မဂ္ဂါဝပ် ထွက်ရှိမည့် မိုင်းတုံရေကာတာစီမံကိန်း ၊ (၁,၄၀၀) မဂ္ဂါဝပ်ထွက်ရှိမည့် ကွမ်လုံရေကာတာစီမံကိန်း၊ မဂ္ဂါဝပ် (၁,၂၀၀) ထွက်ရှိမည့် တန့်ယန်းမြို့နယ် နောင်ဖါ ရေကာတာစီမံကိန်းနှင့် မဂ္ဂါဝပ် (၂၀၀) ထွက်ရှိမည့် မန်တွန်း ရေကာတာစီမံကိန်းတို့ ရှိနေခြင်းဖြစ်သည်။
သတင်း - ရွှေဇော်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်လွှတ်တော်အတွင်း ပြည်နယ်တွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့်စီမံကိန်းများအကြောင်း ပြည်နယ်အစိုးရ၏ ဖြကြေားချက်အများစုမှာ ပြည်ထောင်စုအစိုးရထံမေးရန် ဖြကြေားသဖြင့် ပြည်ထောင်စုအဆင့် တင်ပြနိုင်ရန် စီစဉ်နေကြောင်း ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးထံမှ သိရသည်။
 “ ပြည်နယ်အစိုးရအနေနဲ့ မေးတဲ့မေးခွန်းတွေကို အများအားဖြင့် ပြည်ထောင်စုကိုပဲ မေးပါဆိုတာချည်းပဲ ပြောနေတာက ကျေနပ်တဲ့ အဖြေ မဟုတ်ပါဘူး။ ဒီကိစ္စကို ပြည်ထောင်စုအဆင့်အထိကို လုပ်ဆောင်သွားမှာပါ” ဟု ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက ပြောသည်။
ရှမ်းပြည်နယ်တွင် အကောင်ထည်ဖော်ဆောင်ရွက်မည့် လျှပ်စစ်မဂ္ဂါဝပ်တစ်သောင်းဝန်းကျင် ထွက်ရှိမည့် သံလွင်မြစ်ရေအားလျှပ်စစ်စီမံကိန်းအကြောင်း လွှတ်တော်အတွင်း မေးမြန်းမှုကို ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က စက်တင်ဘာလ (၂၀)ရက်က ကျင်းပခဲ့သော ရှမ်းပြည်နယ်လွှတ်တော် ဒုတိယအကြိမ် တတိယပုံမှန်အစည်းအေဝး ဒုတိယနေ့တွင် ဖြကြေားခဲ့မှုအပေါ် ယင်းကဲ့သို့ တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။
“ရှမ်းပြည်နယ်ထဲက ရေအားလျှပ်စစ်စီမံကိန်းများ ဖော်ဆောင်ရာမှာ ပြည်နယ်အစိုးရအနေနဲ့ (၃၀) မဂ္ဂါဝပ် အထိသာ စီမံခန့်ခွဲခွင့်ရှိပါတယ်။ (၃၀)မဂ္ဂါဝပ်နဲ့ အထက် လျှပ်စစ်စီမံကိန်းတွေ ကြီးမားတဲ့စီမံကိန်းတွေ ဆိုရင်တော့ ပြည်ထောင်စုအစိုးရကသာ စီမံခွင့်ရှိပါတယ်။ ဒါကြောင့် ဒီမေးခွန်းကို ပြည်ထောင်စုအဆင့် မှာပဲ မေးမြန်းစေလိုပါတယ်။” ဟု ဝန်ကြီး ဦးစိုးညွန့်လွင်က ဖြကြေားခဲ့ခြင်းဖြစ်သည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SLND)မှ သိန္နီမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်း (၆)ခုနှင့်စပ်လျဉ်းပြီး စီမံကိန်းအမျိူးအစား၊ လုပ်ကိုင်မည့် ကုမ္ပဏီ၊ ရရှိလာမည့်အကျိူးအမြတ်အတွင်းမှ ပြည်နယ်မှရရှိမည့် အကျိုး အမြတ်များ အစရှိသည့်မေးခွန်းများ မေးမြန်းခဲ့ခြင်းဖြစ်သည်။
သံလွင်မြစ်ပေါ်တွင်တည်ဆောက်မည့် ရေကာတာစီမံကိန်း (၆) ခုအနက် ရှမ်းပြည်နယ်တွင် (၇၁၀၀) မဂ္ဂါဝပ် ထွက်ရှိမည့် မိုင်းတုံရေကာတာစီမံကိန်း၊ (၁,၄၀၀) မဂ္ဂါဝပ်ထွက်ရှိမည့် ကွမ်လုံရေကာတာစီမံကိန်း၊ မဂ္ဂါဝပ် (၁,၂၀၀) ထွက်ရှိမည့် တန့်ယန်းမြို့နယ် နောင်ဖာ ရေကာတာစီမံကိန်းနှင့် မဂ္ဂါဝပ် (၂၀၀) ထွက်ရှိမည့် မန်တွန်း ရေကာတာစီမံကိန်းတို့ ရှိနခြေင်းဖြစ်သည်။
သံလွင်မြစ်ပေါ် တည်ဆောက်မည့် ကျန်ရေကာစီမံကိန်းနှစ်ခုမှာ ကယားပြည်နယ်အတွင်း ရွာသစ်
ရေကာတာစီမံကိန်းနှင့် ကရင်ပြည်နယ်တွင် ဟတ်ကြီးရေကာတာစီမံကိန်းတို့ဖြစ်ကြောင်း သိရသည်။
သံလွင်မြစ်သည် အရှည်မိုင်ပေါင်း (၁,၇၅၀) ရှိပြီး တရုတ်နိုင်ငံမှ မြစ်ဖျားခံကာ မြန်မာနိုင်ငံအတွင်း (၇၉၆) မို ဖြတ်သန်းစီးဆင်းသွားခြင်းဖြစ်သည်။
သတင်း - ရွှေဇော် 
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~