လက္နက္ကိုင္အဖြဲ႕၏ ေခၚေဆာင္ျခင္းခံရသည့္ နမ့္စန္ၿမိဳ႕ ဟိုက္ဖက္ေက်းရြာအုပ္စုမွ ေက်းရြာသားမ်ားအနက္ ႏွစ္ဦးျပန္လြတ္လာ

လက္နက္ကိုင္အဖြဲ႕၏ ေခၚေဆာင္ျခင္းခံရသည့္ နမ့္စန္ၿမိဳ႕ ဟိုက္ဖက္ေက်းရြာအုပ္စုမွ ေက်းရြာသားမ်ားအနက္ ႏွစ္ဦးျပန္လြတ္လာ
စက်တင်ဘာ 26, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း နမ့္စန္ၿမိဳ႕နယ္ ဟုိက္ဖက္ေက်းရြာအုပ္စုရိွ ေက်းရြာ (၆) ရြာတြင္ လက္နက္ကိုင္အဖြဲ႕ တစ္ဖြဲ႕မွ ေခၚေဆာင္သြားသူ (၂၄ )အနက္ က်န္းမာေရး မေကာင္းသည့္လူႏွစ္ဦး စက္တင္ဘာလ (၂၆) ရက္ေန႔ ေန႔လယ္ပိုင္းက  ရြာသို႔ျပန္လည္ေရာက္ရိွလာေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ျပန္လည္ေရာက္ရိွလာသူ ႏွစ္ဦး၏ အဆိုအရ ေက်းရြာမ်ားမွ မူးယစ္ေဆးအသံုးျပဳသူမ်ားႏွင့္ မူးယစ္ေဆးဝါး ေရာင္းဝယ္သူမ်ားအား ဖမ္းဆီးေခၚေဆာင္ျခင္းျဖစ္ၿပီး၊ လူသစ္စုေဆာင္းျခင္း မဟုတ္ေၾကာင္း ၎တို႔အား ဖမ္းဆီးေခၚေဆာင္သြားသူမ်ားက ေျပာသည္ဟု သိရသည္။

ေက်းရြာမ်ားမွ ေယာက်္ားေလး (၁၉) ဦးႏွင့္ မိန္းကေလး (၅) ဦး စုစုေပါင္း (၂၄)ဦးအား နမ့္စန္ၿမိဳ႕နယ္ ဝမ္ေနာင္ေက်းရြာအုပ္စု ကုန္းဘုတ္ေက်းရြာဘက္သို႔ ေခၚေဆာင္ခံရျခင္းျဖစ္ၿပီး၊ ၎တို႔ႏွစ္ဦးမွာ က်န္းမာေရး မေကာင္းသျဖင့္ ျပန္လႊတ္ေပးလိုက္ျခင္ျဖစ္ေၾကာင္း ျပန္လြြတ္လာသူႏွစ္ဦးထံမွ သိရသည္။

ဟိုက္ဖက္ေက်းရြာအုပ္စုအတြင္းရိွ ေက်းရြာ (၆)ခုမွ ေဒသခံမ်ားအား စက္တင္ဘာလ (၂၅)ရက္ ညပိုင္းတြင္ လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕က ေခၚေဆာင္သြားျခင္းျဖစ္ေၾကာင္း သိရွိရသည္။

သတင္း။  ။ သန္းစိုးေအာင္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ဟိုက်ဖက်ကျေးရွာအုပ်စုရှိ ကျေးရွာ (၆) ရွာတွင် လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့မှ ခေါ်ဆောင်သွားသူ (၂၄ )အနက် ကျန်းမာရေး မကောင်းသည့်လူနှစ်ဦး စက်တင်ဘာလ (၂၆) ရက်နေ့ နေ့လယ်ပိုင်းက ရွာသို့ပြန်လည်ရောက်ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

ပြန်လည်ရောက်ရှိလာသူ နှစ်ဦး၏ အဆိုအရ ကျေးရွာများမှ မူးယစ်ဆေးအသုံးပြုသူများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သူများအား ဖမ်းဆီးခေါ်ဆောင်ခြင်းဖြစ်ပြီး၊ လူသစ်စုဆောင်းခြင်း မဟုတ်ကြောင်း၎င်းတို့အား ဖမ်းဆီးခေါ်ဆောင်သွားသူများက ပြောသည်ဟု သိရသည်။

ကျေးရွာများမှ ယောကျာ်းလေး (၁၉) ဦးနှင့် မိန်းကလေး (၅) ဦး စုစုပေါင်း (၂၄)ဦးအား နမ့်စန်မြို့နယ် ဝမ်နောင်ကျေးရွာအုပ်စု ကုန်းဘုတ်ကျေးရွာဘက်သို့ ခေါ်ဆောင်ခံရခြင်းဖြစ်ပြီး၊၎င်းတို့နှစ်ဦးမှာ ကျန်းမာရေး မကောင်းသဖြင့် ပြန်လွှတ်ပေးလိုက်ခြင်ဖြစ်ကြောင်း ပြန်လွတ်လာသူနှစ်ဦးထံမှ သိရသည်။

ဟိုက်ဖက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၆)ခုမှ ဒေသခံများအား စက်တင်ဘာလ (၂၅)ရက် ညပိုင်းတွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်း။ သန်းစိုးအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~