ႏွစ္ ၈၀ ေက်ာ္သက္တမ္းရိွ လဲခ်ားေစာ္ဘြားေဟာ္နန္းအား ထပ္မံဖ်က္ဆီးပါက အေရးယူမည္

ႏွစ္ ၈၀ ေက်ာ္သက္တမ္းရိွ လဲခ်ားေစာ္ဘြားေဟာ္နန္းအား ထပ္မံဖ်က္ဆီးပါက အေရးယူမည္
စက်တင်ဘာ 28, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း လဲခ်ားၿမိဳ႕တြင္ ႏွစ္(၈၀)ေက်ာ္သက္တမ္းရိွ ေရွးေဟာင္းသမိုင္းဝင္ လဲခ်ားေစာ္ဘြား ေဟာ္နန္းမွ အုတ္စည္းရိုးအား က်ဴးေက်ာ္ၿဖိဳဖ်က္မႈကို စစ္ေဆးေတြ႔ရိွေသာ္လည္း လက္ရိွတြင္ အေရးယူဦးမည္ မဟုတ္ေၾကာင္း စစ္ေဆးေရးအဖြဲ႕ထံမွ သိရသည္။

"အခုစစ္ေဆးမႈမွာ က်ဴးေက်ာ္ထားတဲ့ေျမေတြကို ေတြ႕ရတယ္။ ဒါေတြကို ဖယ္ရွားေပးဖို႔ ေျပာခဲ့ပါတယ္။ ေနာက္ၿပီး ဖ်က္ဆီးခံရတဲ့ အုတ္စည္းရိုးကုိ ထပ္မံၿပီး ဖ်က္ဆီးမႈေတြမျပဳလုပ္ဖို႔ မွာၾကားထားတယ္။ ဒါေတြကို ထပ္ၿပီးလုပ္မယ္ဆိုရင္ ဥပေဒအတိုင္း အေရးယူသြားမယ္။ ဒါေတြကိုလည္း ခံ၀န္ကတိ လက္မွတ္ေရးထိုး ခိုင္းထားတာရွိတယ္"ဟု စိစစ္ေဆးေရးအဖြဲ႕ေခါင္းေဆာင္ လဲခ်ားၿမိဳ႕ ေျမယာစီမံခန္႔ခြဲေရးဦးစီးဌာနမွ ဦးစီးမွဴး ဦးထြန္းျမင့္ဦးက ေျပာသည္။

လဲခ်ားေစာ္ဘြားေဟာ္နန္းပရဝုဏ္အတြင္း ေနထိုင္သူမ်ားက ေဟာ္နန္းအုတ္ရိုးအား ဇြန္လအတြင္းက ဖ်က္ဆီးၿပီး အိမ္ဆိုင္ေဆာက္လုပ္မႈအား ေဟာ္နန္းေက်ာင္းထိုင္ဘုန္းေတာ္ႀကီးက အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနသို႔ တင္ျပထားသျဖင့္ ဌာနဆိုင္ရာတာဝန္ရိွသူမ်ားပါဝင္သည့္ စိစစ္ေရးေကာ္မတီဖြဲ႕စည္း၍ ၾသဂုတ္လ (၁၀)ရက္ေန႔တြင္ စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေဟာ္နန္းအတြင္းေနထုိင္သူမ်ားမွာ ေစာ္ဘြားရွိစဥ္အခါက ေစာ္ဘြားခြင့္ျပဳခ်က္လက္မွတ္ျဖင့္ ေနထိုင္ခဲ့ၾကသူမ်ားလည္းရိွၿပီး အခ်ိဳ႕မွာတဆင့္ျပန္လည္၀ယ္ယူ၍ ေနထုိင္သူမ်ားျဖစ္ေၾကာင္း သိရသည္။

"ေစာ္ဘြားမိသားစုကေတာ့ သာသနာပိုင္ေျမအျဖစ္ လွဴလိုက္တယ္။ ေရွးေဟာင္းသမိုင္း၀င္ေဟာ္နန္းႀကီးကို ထိန္းသိမ္းႏိုင္ဖို႔ အတြက္ပါ။ တစ္ခ်ိဳ႕က သမိုင္းအေမြအႏွစ္ကို တန္ဖိုးမထားၾကဘူး။ တကယ္ေတာ့ ဒီအုတ္စည္းရိုးေတြဆိုတာ သမိုင္းအေမြအႏွစ္ေတြပါ။ ဒါေၾကာင့္ ထိန္းသိမ္းသင့္တယ္"ဟု လဲခ်ားၿမိဳ႕မဲဆႏၵနယ္ အမွတ္(၁)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းေက်ာ္ေဇယ်က ေျပာသည္။

လဲခ်ားေစာ္ဘြား စ၀္ႏြံမွာ ၁၉၈၆ ခုႏွစ္တြင္ ကြယ္လြန္သြားကာ ေျမယာအခ်ိဳ႕အား ဘုန္ေတာ္ႀကီးထံသို႔ သာသနာေျမအျဖစ္ေပးလွဴခဲ့ျခင္းျဖစ္ၿပီး ေဟာ္နန္း၀င္းအတြင္း အိမ္ေျခေပါင္း (၁၃)လံုးရွိေၾကာင္း သိရသည္။

သတင္း - ဟံႏိုင္
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့တွင် နှစ်(၈၀)ကျော်သက်တမ်းရှိ ရှေးဟောင်းသမိုင်းဝင် လဲချားစော်ဘွား ဟော်နန်းမှ အုတ်စည်းရိုးအား ကျူးကျော်ဖြိုဖျက်မှုကို စစ်ဆေးတွေ့ရှိသော်လည်း လက်ရှိတွင် အရေးယူဦးမည် မဟုတ်ကြောင်း စစ်ဆေးရေးအဖွဲ့ထံမှ သိရသည်။

"အခုစစ်ဆေးမှုမှာ ကျူးကျော်ထားတဲ့မြေတွေကို တွေ့ရတယ်။ ဒါတွေကို ဖယ်ရှားပေးဖို့ ပြောခဲ့ပါတယ်။ နောက်ပြီး ဖျက်ဆီးခံရတဲ့ အုတ်စည်းရိုးကို ထပ်မံပြီး ဖျက်ဆီးမှုတွေမပြုလုပ်ဖို့ မှာကြားထားတယ်။ ဒါတွေကို ထပ်ပြီးလုပ်မယ်ဆိုရင် ဥပဒေအတိုင်း အရေးယူသွားမယ်။ ဒါတွေကိုလည်း ခံဝန်ကတိ လက်မှတ်ရေးထိုး ခိုင်းထားတာရှိတယ်"ဟု စိစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် လဲချားမြို့ မြေယာစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးမှူး ဦးထွန်းမြင့်ဦးက ပြောသည်။

လဲချားစော်ဘွားဟော်နန်းပရဝုဏ်အတွင်း နေထိုင်သူများက ဟော်နန်းအုတ်ရိုးအား ဇွန်လအတွင်းက ဖျက်ဆီးပြီး အိမ်ဆိုင်ဆောက်လုပ်မှုအား ဟော်နန်းကျောင်းထိုင်ဘုန်းတော်ကြီးက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ တင်ပြထားသဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သည့် စိစစ်ရေးကော်မတီဖွဲ့စည်း၍ သြဂုတ်လ (၁၀)ရက်နေ့တွင် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဟော်နန်းအတွင်းနေထိုင်သူများမှာ စော်ဘွားရှိစဉ်အခါက စော်ဘွားခွင့်ပြုချက်လက်မှတ်ဖြင့် နေထိုင်ခဲ့ကြသူများလည်းရှိပြီး အချို့မှာတဆင့်ပြန်လည်ဝယ်ယူ၍ နေထိုင်သူများဖြစ်ကြောင်း သိရသည်။

"စော်ဘွားမိသားစုကတော့ သာသနာပိုင်မြေအဖြစ် လှူလိုက်တယ်။ ရှေးဟောင်းသမိုင်းဝင်ဟော်နန်းကြီးကို ထိန်းသိမ်းနိုင်ဖို့ အတွက်ပါ။ တစ်ချို့က သမိုင်းအမွေအနှစ်ကို တန်ဖိုးမထားကြဘူး။ တကယ်တော့ ဒီအုတ်စည်းရိုးတွေဆိုတာ သမိုင်းအမွေအနှစ်တွေပါ။ ဒါကြောင့် ထိန်းသိမ်းသင့်တယ်"ဟု လဲချားမြို့မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်ဇေယျက ပြောသည်။

လဲချားစော်ဘွား စဝ်နွံမှာ ၁၉၈၆ ခုနှစ်တွင် ကွယ်လွန်သွားကာ မြေယာအချို့အား ဘုန်တော်ကြီးထံသို့ သာသနာမြေအဖြစ်ပေးလှူခဲ့ခြင်းဖြစ်ပြီး ဟော်နန်းဝင်းအတွင်း အိမ်ခြေပေါင်း (၁၃)လုံးရှိကြောင်း သိရသည်။

သတင်း - ဟံနိုင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~