ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ တရုတ္ႏုိင္ငံသို႔ စပါးတင္ပို႔ခြင့္မျပဳေတာ့ဘဲ ဆန္ႀကိတ္ခြဲတင္ပို႔ရမည္

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ တရုတ္ႏုိင္ငံသို႔ စပါးတင္ပို႔ခြင့္မျပဳေတာ့ဘဲ ဆန္ႀကိတ္ခြဲတင္ပို႔ရမည္
စက်တင်ဘာ 19, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသမွ တ႐ုတ္ႏိုင္ငံသို႔ စပါးတင္ပို႔ခြင့္ မျပဳေတာ့ဘဲ ဆန္အျဖစ္ႀကိတ္ခြဲတင္ပို႔ ရေတာ့မည္ ျဖစ္ေၾကာင္း ရွမ္းျပည္နယ္(အေရွ႕ပိုင္း) စားသံုးသူေရးရာဦးစီးဌာနမွ သိရသည္။

"အရင္က စပါးတင္ပို႔တဲ့ေစ်းကြက္ မရွိခဲ့ဘူး။ Mobile Team ေတြ ျဖဳတ္ပစ္တဲ့ေနာက္ပိုင္း တရုတ္က စပါးပဲ ၀ယ္တဲ့အတြက္ ေဒသခံေတာင္သူေတြလည္း နစ္နာတယ္။ ႏိုင္ငံေတာ္လည္း နစ္နာတယ္။ ႏိုင္ငံတကာမွာ စပါးတင္ပို႔ခြင့္ ျပဳတယ္ဆိုတဲ့ ႏိုင္ငံလည္း မရွိဘူး။ ဒါေၾကာင့္ လာမယ့္ ဆန္၊ စပါးထြက္တဲ့ ရာသီမွာ စပါးတင္ပို႔တာကို ခြင့္ျပဳေတာ့မွာ မဟုတ္ပါဘူး။ ဖမ္းဆီးတာေတြေတာ့ အရင္မလုပ္ဘူး။ ပညာေပးအေနနဲ႔ အခုကတည္းက လုပ္ေနပါၿပီ။ ေတြ႕ရွိရင္ ခံ၀န္လက္မွတ္ထိုးခိုင္းၿပီး ေနာက္ျပန္လွည့္ခိုင္းမယ္။ ထိန္းခ်ဳပ္လို႔ မရေတာ့မွ ဥပေဒအရ အေရးယူေဆာင္ရြက္မွာပါ"ဟု ရွမ္းျပည္နယ္(အေရွ႕ပိုင္း) စားသံုးသူေရးရာ ဦးစီးဌာနမွ ဦးမင္းေအာင္က ေျပာသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွထြက္ရွိေသာ စပါးမ်ားအား မိုင္းလားႏွင့္ မိုင္းယုေဒသမ်ားမွ တရုတ္ႏိုင္ငံသို႔ ႏွစ္စဥ္ ဆန္အိတ္ေပါင္း(၃)သိန္းခန္႔ တင္ပို႔ေနရျခင္းျဖစ္ေၾကာင္း သိရသည္။

ေဒသတြင္းမွ စပါးမ်ားကို တိုက္ရိုက္တင္ပို႔ေနသျဖင့္ တိရစာၦန္အစားအစာကုန္ၾကမ္းရွားပါးသြားကာ တရုတ္ႏွင့္ ထုိင္းႏိုင္ငံမ်ားမွ ျပန္လည္တင္သြင္းရသည့္အျပင္ ေဒသတြင္း ဆန္စက္လုပ္ငန္းမ်ားမွာလည္း ရပ္တန္႔ထားရသျဖင့္ စပါးတင္ပို႔ခြင့္ ျပဳေတာ့မည္မဟုတ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) စပါးစိုက္ပ်ိဳးမႈအမ်ားဆံုးေဒသမ်ားမွာ မိုင္းေယာင္းၿမိဳ႕နယ္ျဖစ္ၿပီး တာခ်ီလိတ္ခရိုင္အတြင္း စပါးစိုက္ဧက (၅)ေသာင္းေက်ာ္ႏွင့္ က်ိဳင္းတံုခရိုင္အတြင္း စပါးစိုက္ဧက (၃)ေသာင္းေက်ာ္ရွိေၾကာင္း သိရသည္။

"တရုတ္ကိုစပါးပို႔တာ မိုင္းတံု၊ မိုင္းဆတ္က စပါးေတြလည္း ပါတယ္။ အဓိကေတာ့ မိုင္းယုဘက္ကပို႔တာ။ တရုတ္ေတြကလည္း စပါးပဲ၀ယ္တာ။ ဆန္ႀကိတ္ၿပီးသားဆိုရင္ သိပ္မ၀ယ္ဘူး။ ေစ်းႏွိမ္တာေတြရွိတယ္။ ေနာက္ၿပီး ေတာင္သူေတြကလည္း ရိတ္သိမ္းၿပီး ဆန္ႀကိတ္ခမကုန္ေတာ့ဘူးဆိုၿပီး ထုတ္ေရာင္းတာေတြလည္း ရွိတယ္။ ဒီလိုေရာင္းခ်လိုက္ေတာ့ ခ်က္ခ်င္းလက္ငင္း အျမတ္ရတာပဲ ျမင္ရတယ္။ ေနာက္ပိုင္းက် သူတို႔ေတြ တိရစာၦန္အစာကအစ ျပန္၀ယ္ရတာ"ဟု စပါးကုန္သည္တစ္ဦးက ေျပာသည္။

ျမန္မာႏိုင္ငံ၏ လက္ရွိမူ၀ါဒအရ ေဒသထြက္ကုန္မ်ားအား အိမ္နီးခ်င္းႏိုင္ငံမ်ားသို႔ တင္ပို႔ရာတြင္ စာရြက္စာတမ္း ကိစၥႏွင့္ ပို႔ကုန္လိုင္စင္ကိစၥမ်ားေဆာင္ရြက္ရာ၌ ယခင္ကထက္ အနည္းငယ္ပိုမိုလြယ္ကူလာေသာ္လည္း အခက္အခဲမ်ား ရွိေနေသးေၾကာင္း သိရသည္။

သတင္း - ကိုဇက္
~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသမှ တရုတ်နိုင်ငံသို့ စပါးတင်ပို့ခွင့် မပြုတော့ဘဲ ဆန်အဖြစ်ကြိတ်ခွဲတင်ပို့ ရတော့မည် ဖြစ်ကြောင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

"အရင်က စပါးတင်ပို့တဲ့ဈေးကွက် မရှိခဲ့ဘူး။ Mobile Team တွေ ဖြုတ်ပစ်တဲ့နောက်ပိုင်း တရုတ်က စပါးပဲ ဝယ်တဲ့အတွက် ဒေသခံတောင်သူတွေလည်း နစ်နာတယ်။ နိုင်ငံတော်လည်း နစ်နာတယ်။ နိုင်ငံတကာမှာ စပါးတင်ပို့ခွင့် ပြုတယ်ဆိုတဲ့ နိုင်ငံလည်း မရှိဘူး။ ဒါကြောင့် လာမယ့် ဆန်၊ စပါးထွက်တဲ့ ရာသီမှာ စပါးတင်ပို့တာကို ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။ ဖမ်းဆီးတာတွေတော့ အရင်မလုပ်ဘူး။ ပညာပေးအနေနဲ့ အခုကတည်းက လုပ်နေပါပြီ။ တွေ့ရှိရင် ခံဝန်လက်မှတ်ထိုးခိုင်းပြီး နောက်ပြန်လှည့်ခိုင်းမယ်။ ထိန်းချုပ်လို့ မရတော့မှ ဥပဒေအရ အရေးယူဆောင်ရွက်မှာပါ"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးမင်းအောင်က ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှထွက်ရှိသော စပါးများအား မိုင်းလားနှင့် မိုင်းယုဒေသများမှ တရုတ်နိုင်ငံသို့ နှစ်စဉ် ဆန်အိတ်ပေါင်း(၃)သိန်းခန့် တင်ပို့နေရခြင်းဖြစ်ကြောင်း သိရသည်။

ဒေသတွင်းမှ စပါးများကို တိုက်ရိုက်တင်ပို့နေသဖြင့် တိရစာ္ဆန်အစားအစာကုန်ကြမ်းရှားပါးသွားကာ တရုတ်နှင့် ထိုင်းနိုင်ငံများမှ ပြန်လည်တင်သွင်းရသည့်အပြင် ဒေသတွင်း ဆန်စက်လုပ်ငန်းများမှာလည်း ရပ်တန့်ထားရသဖြင့် စပါးတင်ပို့ခွင့် ပြုတော့မည်မဟုတ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) စပါးစိုက်ပျိုးမှုအများဆုံးဒေသများမှာ မိုင်းယောင်းမြို့နယ်ဖြစ်ပြီး တာချီလိတ်ခရိုင်အတွင်း စပါးစိုက်ဧက (၅)သောင်းကျော်နှင့် ကျိုင်းတုံခရိုင်အတွင်း စပါးစိုက်ဧက (၃)သောင်းကျော်ရှိကြောင်း သိရသည်။

"တရုတ်ကိုစပါးပို့တာ မိုင်းတုံ၊ မိုင်းဆတ်က စပါးတွေလည်း ပါတယ်။ အဓိကတော့ မိုင်းယုဘက်ကပို့တာ။ တရုတ်တွေကလည်း စပါးပဲဝယ်တာ။ ဆန်ကြိတ်ပြီးသားဆိုရင် သိပ်မဝယ်ဘူး။ ဈေးနှိမ်တာတွေရှိတယ်။ နောက်ပြီး တောင်သူတွေကလည်း ရိတ်သိမ်းပြီး ဆန်ကြိတ်ခမကုန်တော့ဘူးဆိုပြီး ထုတ်ရောင်းတာတွေလည်း ရှိတယ်။ ဒီလိုရောင်းချလိုက်တော့ ချက်ချင်းလက်ငင်း အမြတ်ရတာပဲ မြင်ရတယ်။ နောက်ပိုင်းကျ သူတို့တွေ တိရစာ္ဆန်အစာကအစ ပြန်ဝယ်ရတာ"ဟု စပါးကုန်သည်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၏ လက်ရှိမူဝါဒအရ ဒေသထွက်ကုန်များအား အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရာတွင် စာရွက်စာတမ်း ကိစ္စနှင့် ပို့ကုန်လိုင်စင်ကိစ္စများဆောင်ရွက်ရာ၌ ယခင်ကထက် အနည်းငယ်ပိုမိုလွယ်ကူလာသော်လည်း အခက်အခဲများ ရှိနေသေးကြောင်း သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~