က်ိဳင္းတံုမွ တရုတ္သို႔ တရားဝင္တင္ပို႔ေနသည့္ ဆန္တန္ခ်ိန္ထက္ဝက္နီးပါး အခြန္မရရိွ

က်ိဳင္းတံုမွ တရုတ္သို႔ တရားဝင္တင္ပို႔ေနသည့္ ဆန္တန္ခ်ိန္ထက္ဝက္နီးပါး အခြန္မရရိွ
စက်တင်ဘာ 26, 2016
By Tachileik News Agency

ၿပီးခဲ့သည့္ အစိုးရသက္တမ္းအတြင္း ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) က်ိဳင္းတုံၿမိဳ႕မွ တရုတ္ႏိုင္ငံသို ့ တရားဝင္ ဆန္တင္ပို႔ရာတြင္ ကုန္သည္မ်ား အေနျဖင့္ အမွန္တကယ္တင္ပို႔သည့္ ပမာဏ၏ ထက္ဝက္ကိုသာ အခြန္ေပးေဆာင္ေၾကာင္း က်ဳိင္းတုံၿမိဳ႕နယ္ ဆန္စပါးကုန္သည္ႀကီးမ်ားအသင္းမွ သိရသည္။

"ဆယ္ဘီးတစ္စီးဆိုရင္ အနည္းဆုံး ဆန္အိတ္(၈၀၀)ကေန (၁,၀၀၀)ေလာက္ တင္လို႔ရတယ္။ ဒါေပမဲ့ ဂိတ္ေတြမွာ တရား၀င္ျဖတ္တဲ့ အခါက်ရင္ အိတ္(၄၀၀)တို ့ (၅၀၀)တို႔ေလာက္ကိုပဲ စာရင္းျပၿပီးေတာ့ အခြန္ေဆာင္ၾကတယ္။ က်န္တာေတြကေတာ့ ဂိတ္မွာ တာ၀န္က်တဲ့အဖြဲ ့ေတြအတြက္ လက္ဖက္ရည္ဖိုး စသည္ျဖင့္ ေပးၿပီး ျဖတ္ၾကတာေတြရိွတာေပါ့။"ဟု က်ိဳင္းတုံၿမိဳ႕နယ္ ဆန္စပါး ကုန္သည္ႀကီးမ်ားအသင္း ဥကၠဌ ဦးမုန္းကိုက ေျပာသည္။

၂၀၁၅ ခုႏွစ္အတြင္း တရားဝင္ဆန္တင္ပို ့မႈမွာ တန္ခ်ိန္ေပါင္း(၁၆,၀၀၀)ခန္႔သာရိွေနေသာ္လည္း က်ိဳင္းတုံၿမိဳ႕မွ တရုတ္ႏိုင္ငံသို ့တစ္ႏွစ္လွ်င္ ဆန္တန္ခ်ိန္(၃)ေသာင္းခန္ ့ တင္ပို႔ေနျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။

"ကၽြန္ေတာ္တို ့အေနနဲ ့ သက္ဆိုင္ရာ နယ္စပ္ထြက္ေပါက္ေတြမွာ အဖြဲ ့စုံနဲ ့သတ္မွတ္တဲ့ တန္ခ်ိန္အတိုင္း စစ္ေဆးၿပီးေတာ့ ကားေပၚမွာပါတဲ့ ပစၥည္းအေရအတြက္အတိုင္း ပါ၊ မပါစစ္ေဆးမွာပါ။ အရင္တုန္းကေတာ့ ဘယ္လိုေတြ သြားခဲ့လာခဲ့တာေတြေတာ့ ကၽြန္ေတာ္တို႔လည္း မသိပါဘူး။ ကၽြန္ေတာ္တို႔အေနနဲ ့ ကုန္သြယ္မႈ ေအာင္ျမင္ေအာင္ ေဆာင္ရြက္မွာပါ။ ကုန္သည္ေတြကိုေကာ မည္သူ႔ကိုမွ ထိခိုက္နစ္နာေအာင္ ေဆာင္ရြက္မွာ မဟုတ္ပါဘူး။"ဟု ရွမ္းျပည္နယ္ ကုန္သြယ္မႈတိုးတက္ေရးအတြက္ နယ္စပ္၀င္ေပါက္ လမ္းေၾကာင္းမ်ား ႀကီးၾကပ္ေရး ရွမ္းျပည္နယ္အစိုးရကိုယ္စားလွယ္ စားသံုးသူေရးရာဦးစီးဌာန မွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က ေျပာသည္။

အဆိုပါ ဆန္တင္ပို႔ရာလမ္းေၾကာင္းတြင္ စစ္ေဆးေရးအဖြဲ႕မ်ားျဖင့္ စစ္ေဆးမည္ျဖစ္ၿပီး စာရင္းျပထားသည္ထက္ ပိုေနသည္ကို ေတြ႔ရပါက ဖမ္းဆီးထိန္းသိမ္းမည္ မဟုတ္ဘဲ စာရင္းမျပသည့္ ကုန္စည္မ်ားကိုပါ အခြန္ေဆာင္ေစမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္
~~~~~~~~⊰❂ unicode ~~~~~~~~

ပြီးခဲ့သည့် အစိုးရသက်တမ်းအတွင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ တရုတ်နိုင်ငံသို့ တရားဝင် ဆန်တင်ပို့ရာတွင် ကုန်သည်များ အနဖြေင့် အမှန်တကယ်တင်ပို့သည့် ပမာဏ၏ ထက်ဝက်ကိုသာ အခွန်ပေးဆောင်ကြောင်း ကျိုင်းတုံမြို့နယ် ဆန်စပါးကုန်သည်ကြီးများအသင်းမှ သိရသည်။

"ဆယ်ဘီးတစ်စီးဆိုရင် အနည်းဆုံး ဆန်အိတ်(၈၀၀)ကနေ (၁,ဝဝဝ)လောက် တင်လို့ရတယ်။ ဒါပေမဲ့ ဂိတ်တွေမှာ တရားဝင်ဖြတ်တဲ့ အခါကျရင် အိတ်(၄၀၀)တို့ (၅၀၀)တို့လောက်ကိုပဲ စာရင်းပြပြီးတော့ အခွန်ဆောင်ကြတယ်။ ကျန်တာတွေကတော့ ဂိတ်မှာ တာဝန်ကျတဲ့အဖွဲ့တွေအတွက် လက်ဖက်ရည်ဖိုး စသည်ဖြင့် ပေးပြီး ဖြတ်ကြတာတွေရှိတာပေါ့။"ဟု ကျိုင်းတုံမြို့နယ် ဆန်စပါး ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးမုန်းကိုက ပြောသည်။

၂၀၁၅ ခုနှစ်အတွင်း တရားဝင်ဆန်တင်ပို့မှုမှာ တန်ချိန်ပေါင်း(၁၆,ဝဝဝ)ခန့်သာရှိနေသော်လည်း ကျိုင်းတုံမြို့မှ တရုတ်နိုင်ငံသို့တစ်နှစ်လျှင် ဆန်တန်ချိန်(၃)သောင်းခန့် တင်ပို့နခြေင်းဖြစ်ကြောင်း၎င်းကဆိုသည်။

"ကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာ နယ်စပ်ထွက်ပေါက်တွေမှာ အဖွဲ့စုံနဲ့သတ်မှတ်တဲ့ တန်ချိန်အတိုင်း စစ်ဆေးပြီးတော့ ကားပေါ်မှာပါတဲ့ ပစ္စည်းအရေအတွက်အတိုင်း ပါ၊ မပါစစ်ဆေးမှာပါ။ အရင်တုန်းကတော့ ဘယ်လိုတွေ သွားခဲ့လာခဲ့တာတွေတော့ ကျွန်တော်တို့လည်း မသိပါဘူး။ ကျွန်တော်တို့အနေနဲ့ ကုန်သွယ်မှု အောင်မြင်အောင် ဆောင်ရွက်မှာပါ။ ကုန်သည်တွေကိုကော မည်သူ့ကိုမှ ထိခိုက်နစ်နာအောင် ဆောင်ရွက်မှာ မဟုတ်ပါဘူး။"ဟု ရှမ်းပြည်နယ် ကုန်သွယ်မှုတိုးတက်ရေးအတွက် နယ်စပ်ဝင်ပေါက် လမ်းကြောင်းများ ကြီးကြပ်ရေး ရှမ်းပြည်နယ်အစိုးရကိုယ်စားလှယ် စားသုံးသူရေးရာဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။

အဆိုပါ ဆန်တင်ပို့ရာလမ်းကြောင်းတွင် စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးမည်ဖြစ်ပြီး စာရင်းပြထားသည်ထက် ပိုနေသည်ကို တွေ့ရပါက ဖမ်းဆီးထိန်းသိမ်းမည် မဟုတ်ဘဲ စာရင်းမပြသည့် ကုန်စည်များကိုပါ အခွန်ဆောင်စေမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~