အင္းေလးေဖာင္ေတာ္ဦးဘုရား ေရႊဆိုင္းေရာင္းခ်ခြင့္ ေလလံဖ်က္သိမ္း

အင္းေလးေဖာင္ေတာ္ဦးဘုရား ေရႊဆိုင္းေရာင္းခ်ခြင့္ ေလလံဖ်က္သိမ္း
စက်တင်ဘာ 1, 2016
By Tachileik News Agency
Photo : wikimedia

ရွမ္းျပည္နယ္(ေတာင္ပိုင္း)ေညာင္ေရႊၿမိဳ႕ အင္းေလးေဖာင္ေတာ္ဦးဘုရား၏ ေရႊဆိုင္းေရာင္းခ်ခြင့္အား ေလလံတင္ရန္ စီစဥ္ထားေသာ္လည္း ေလလံပြဲအား ဖ်က္သိမ္းလို္က္ေၾကာင္း သိရသည္။

“ဘုရားနဲ႔ပတ္သက္တာကို စီးပြားေရးဆန္ဆန္လုပ္လို႔ မေကာင္းဘူးေလ။ ကၽြန္ေတာ္တို႔အားလံုး သေဘာ တူညီခ်က္နဲ႔ ေဂါပကအဖြဲ႕ကို ပံုမွန္အတိုင္းပဲ ျပန္လုပ္ပါလို႔ ေျပာလိုက္တယ္။ ကၽြန္ေတာ္ သက္ဆိုင္ရာ အားလံုးကို ေခၚၿပီး အစည္းအေဝးလုပ္လိုက္တာပါ။ စည္းကမ္းနည္းလမ္းတက်လုပ္ပါလို႔ ေျပာပါတယ္။ မေန႔က ေဖာင္ေတာ္ဦးဘုရား အစည္းအေဝးမွာ တခါထဲအားလံုး သေဘာတူၿပီး ဆံုးျဖတ္လိုက္တာပါ”ဟု ရွမ္းျပည္နယ္ ဘ႑ာေရး၀န္ႀကီး ဦးစိုင္းရွဲန္တစ္လံုက ေျပာသည္။

အင္းေလးေဖာင္ေတာ္ဦးဘုရား ေရႊဆိုင္းကန္ထရိုက္မ်ားေပးပါက ဘုရားဖူးမ်ားအား အေနွာင့္အယွက္ျဖစ္ေစသည္ဟု ကန္႔ကြက္မႈမ်ား ရိွလာသျဖင့္ အင္းေလးေဖာင္ေတာ္ဦးဘုရား၏ ေရႊဆိုင္းေရာင္းခ်ခြင့္ ေလလံအိတ္ပိတ္တင္ဒါ တင္ထားသူ (၁၅)ဦးအား တင္ဒါမေခၚေတာ့ရန္ ဆံုးျဖတ္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အင္းေလးေဖာင္ေတာ္ဦးဘုရား ေရႊဆိုင္းေရာင္းခ်ခြင့္တင္ဒါႏွင့္ပတ္သက္၍ ေလလံတင္ေဆြးေႏြးပြဲအား ၾသဂုတ္(၂၅)ရက္ေန႔က ရွမ္းျပည္နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၌ က်င္းပရာ တင္ဒါႀကီးၾကပ္ေရး အဖြဲ႕တြင္ အာမခံက်ပ္သိန္း (၁,၀၀၀) တင္ထား၍ အိတ္ပိတ္တင္ဒါတင္ထားသူ (၁၅)ဦးရွိၿပီး ၾသဂုတ္(၂၆)ရက္ေန႔တြင္ ေလလံတင္ဒါအိတ္ဖြင့္ရန္ စီစဥ္ထားျခင္းျဖစ္သည္။

သတင္း - ႏိုႏို

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
ရှမ်းပြည်နယ်(တောင်ပိုင်း)ညောင်ရွှမြေို့ အင်းလေးဖောင်တော်ဦးဘုရား၏ ရွှေဆိုင်းရောင်းချခွင့်အား လေလံတင်ရန် စီစဉ်ထားသော်လည်း လေလံပွဲအား ဖျက်သိမ်းလို်က်ကြောင်း သိရသည်။

“ဘုရားနဲ့ပတ်သက်တာကို စီးပွားရေးဆန်ဆန်လုပ်လို့ မကောင်းဘူးလေ။ ကျွန်တော်တို့အားလုံး သဘော တူညီချက်နဲ့ ဂေါပကအဖွဲ့ကို ပုံမှန်အတိုင်းပဲ ပြန်လုပ်ပါလို့ ပြောလိုက်တယ်။ ကျွန်တော် သက်ဆိုင်ရာ အားလုံးကို ခေါ်ပြီး အစည်းအဝေးလုပ်လိုက်တာပါ။ စည်းကမ်းနည်းလမ်းတကျလုပ်ပါလို့ ပြောပါတယ်။ မနေ့က ဖောင်တော်ဦးဘုရား အစည်းအဝေးမှာ တခါထဲအားလုံး သဘောတူပြီး ဆုံးဖြတ်လိုက်တာပါ”ဟု ရှမ်းပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောသည်။

အင်းလေးဖောင်တော်ဦးဘုရား ရွှေဆိုင်းကန်ထရိုက်များပေးပါက ဘုရားဖူးများအား အနှောင့်အယှက်ဖြစ်စေသည်ဟု ကန့်ကွက်မှုများ ရှိလာသဖြင့် အင်းလေးဖောင်တော်ဦးဘုရား၏ ရွှေဆိုင်းရောင်းချခွင့် လေလံအိတ်ပိတ်တင်ဒါ တင်ထားသူ (၁၅)ဦးအား တင်ဒါမခေါ်တော့ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အင်းလေးဖောင်တော်ဦးဘုရား ရွှေဆိုင်းရောင်းချခွင့်တင်ဒါနှင့်ပတ်သက်၍ လေလံတင်ဆွေးနွေးပွဲအား သြဂုတ်(၂၅)ရက်နေ့က ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပရာ တင်ဒါကြီးကြပ်ရေး အဖွဲ့တွင် အာမခံကျပ်သိန်း (၁,ဝဝဝ) တင်ထား၍ အိတ်ပိတ်တင်ဒါတင်ထားသူ (၁၅)ဦးရှိပြီး သြဂုတ်(၂၆)ရက်နေ့တွင် လေလံတင်ဒါအိတ်ဖွင့်ရန် စီစဉ်ထားခြင်းဖြစ်သည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~