ေနအိမ္အနီးမွ သစ္ပင္ လဲၿပိဳသျဖင့္ ေနအိမ္ၿပိဳက်ၿပီး ဒဏ္ရာအနည္းငယ္ရ

ေနအိမ္အနီးမွ သစ္ပင္ လဲၿပိဳသျဖင့္ ေနအိမ္ၿပိဳက်ၿပီး ဒဏ္ရာအနည္းငယ္ရ
စက်တင်ဘာ 13, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပုိင္း) နမ့္စန္ၿမိဳ႕တြင္ စက္တင္ဘာလ( ၁၂)ရက္ေန႔ ည(၇)နာရီခြဲ၀န္းက်င္က အိမ္အနီးရိွ သစ္ပင္ေျခာက္ လဲက်သျဖင့္ ေနအိမ္ပ်က္စီးဆံုးရံွဳးသြားၿပီး ထိခိုက္ဒဏ္ရာ အနည္းငယ္ရသြားေၾကာင္း သိရသည္။

နမ့္စန္ၿမိဳ႕ အမွတ္ (၅) ရပ္ကြက္၊ ပလဖအိမ္ရာရိွ ေဒၚခင္ျမိဳင္၏ ေနအိမ္အနီးမွ လူႀကီး(၃)ဖက္စာခန္႔ လံုးပတ္ရိွသည့္ လက္ပံပင္ေျခာက္မွာ ေနအိမ္ေပၚ လဲၿပိဳက်လာျခင္းျဖစ္ေၾကာင္း သိရသည္။

သစ္ပင္လဲၿပိဳက်ခ်ိန္တြင္ ေနအိမ္ရိွ မိသားစုသံုးဦးအနက္ ေဒၚခင္ၿမိဳင္တစ္ဦးတည္းသာရိွေနၿပီး ထြက္ေျပးလာႏုိင္သျဖင့္ ဒဏ္ရာ အနည္းငယ္သာ ရသြားေၾကာင္း သိရသည္။

သစ္ပင္ပိသြားသည့္ ေနအိမ္အား ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕မွ အင္အား (၂၀)ခန္႔ျဖင့္ ယေန႔ စက္တင္ဘာလ (၁၃)ရက္တြင္ ရွင္းလင္းေပးေနေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု ။ သန္းစိုးေအာင္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့တွင် စက်တင်ဘာလ( ၁၂)ရက်နေ့ ည(၇)နာရီခွဲဝန်းကျင်က အိမ်အနီးရှိ သစ်ပင်ခြောက် လဲကျသဖြင့် နေအိမ်ပျက်စီးဆုံးရှုံးသွားပြီး ထိခိုက်ဒဏ်ရာ အနည်းငယ်ရသွားကြောင်း သိရသည်။

နမ့်စန်မြို့ အမှတ် (၅) ရပ်ကွက်၊ ပလဖအိမ်ရာရှိ ဒေါ်ခင်မြိုင်၏ နေအိမ်အနီးမှ လူကြီး(၃)ဖက်စာခန့် လုံးပတ်ရှိသည့် လက်ပံပင်ခြောက်မှာ နေအိမ်ပေါ် လဲပြိုကျလာခြင်းဖြစ်ကြောင်း သိရသည်။

သစ်ပင်လဲပြိုကျချိန်တွင် နေအိမ်ရှိ မိသားစုသုံးဦးအနက် ဒေါ်ခင်မြိုင်တစ်ဦးတည်းသာရှိနပြေီး ထွက်ပြေးလာနိုင်သဖြင့် ဒဏ်ရာ အနည်းငယ်သာ ရသွားကြောင်း သိရသည်။

သစ်ပင်ပိသွားသည့် နေအိမ်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အင်အား (၂၀)ခန့်ဖြင့် ယနေ့ စက်တင်ဘာလ (၁၃)ရက်တွင် ရှင်းလင်းပေးနေကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ။ သန်းစိုးအောင် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~