တာခ်ီလိတ္ရွိ ငါးကန္တစ္ခု၌ အမည္မသိ အမ်ဳိးသားတစ္ဦး ေရနစ္ေသဆံုး

တာခ်ီလိတ္ရွိ ငါးကန္တစ္ခု၌ အမည္မသိ အမ်ဳိးသားတစ္ဦး ေရနစ္ေသဆံုး
စက်တင်ဘာ 9, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္ ေက်းရြာတစ္ခုရွိ ငါးကန္တြင္ အမ်ဳိးသားတစ္ဦး ေရနစ္ေသဆံုးမႈ တစ္ခု စက္တင္ဘာလ (၉)ရက္ေန႔ ညေနပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းကိုးေက်းရြာအုပ္စု၊ ပန္အန္ရွိ ဦးေယာလွ၏ ငါးကန္တြင္ စက္တင္ဘာလ(၉)ရက္ေန႔ ညေန(၅)နာရီခြဲေက်ာ္က အမည္မသိသူ အမ်ဳိးသားတစ္ဦး ေရနစ္ေသဆံုးေနသည္ကို ေက်းရြာသားတစ္ဦးမွ ေတြ႕ရွိရ၍ သက္ဆိုင္ရာသို႔ အေၾကာင္းႀကားၿပီးေနာက္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴးႏွင့္ တာ၀န္ရွိသူမ်ား၊ တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ အသင္းသား၊ အသင္းသူမ်ားေရာက္ရွိလာကာ အေလာင္းအား အဆိုပါ ငါးကန္အတြင္းမွ ဆယ္ယူ၍ ရင္ခြဲရံုသို႔ ပို႔ေဆာင္လိုက္ေၾကာင္း သိရသည္။

"အေလာင္းက ေရထဲမွာ ေခါင္းေပၚေနတယ္၊ ဒါေပမဲ့ အေလာင္းကို ေတာ္ေတာ္ေလး ႀကိဳးစားဆယ္ယူလိုက္ရတယ္၊ အသင္းသူ၊ အသင္းသားေတြလည္း ခက္ခက္ခဲခဲ ဆယ္ယူခဲ့ၾကရၿပီး အခုေတာ့ ရင္ခြဲရံုကို ပို႔ထားလိုက္ပါတယ္။ ေသဆံုးသူကေတာ့ ဘယ္သူဘယ္၀ါဆိုတာ မသိရေသးပါဘူး"ဟု တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးက ေျပာသည္။

ေသဆံုးသူသည္ အသက္(၄၀)ႏွစ္၀န္းက်င္ရွိေသာ အမ်ဳိးသားတစ္ဦးျဖစ္ေသာ္လည္း ၎သည္ ပန္အန္ေက်းရြာမွ မဟုတ္ေၾကာင္း၊ အမည္ႏွင့္ေနရပ္ကိုလည္း မသိရွိရေသးေၾကာင္း ႏွင့္ ၎သည္ ျပင္ပဒဏ္ရာ တစ္စံုတစ္ရာ ရရွိထားျခင္းမရွိဘဲ ေသဆံုးေနသည့္အတြက္ အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ ဓမၼတာအတိုင္း ေသဆံုးျခင္း ဟုတ္/မဟုတ္ကို စစ္ေဆးလ်ွက္ရွိၿပီး တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ ၂၁/၂၀၁၆ျဖင့္ အမႈဖြင့္လွစ္ထားရွိေၾကာင္း သိရသည္။

ဓာတ္ပံု - #တာခ်ီလိတ္နာေရးကူညီမႈအသင္း

~~~~~~~~⊰❂ unicode ❂⊱~~~~~~~~

တာချီလိတ်မြို့နယ် ကျေးရွာတစ်ခုရှိ ငါးကန်တွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှု တစ်ခု စက်တင်ဘာလ (၉)ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ပန်အန်ရှိ ဦးယောလှ၏ ငါးကန်တွင် စက်တင်ဘာလ(၉)ရက်နေ့ ညနေ(၅)နာရီခွဲကျော်က အမည်မသိသူ အမျိုးသားတစ်ဦး ရေနစ်သေဆုံးနေသည်ကို ကျေးရွာသားတစ်ဦးမှ တွေ့ရှိရ၍ သက်ဆိုင်ရာသို့ အကြောင်းကြားပြီးနောက် တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူးနှင့် တာဝန်ရှိသူများ၊ တာချီလိတ်နာရေးကူညီမှုအသင်းမှ အသင်းသား၊ အသင်းသူများရောက်ရှိလာကာ အလောင်းအား အဆိုပါ ငါးကန်အတွင်းမှ ဆယ်ယူ၍ ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

"အလောင်းက ရေထဲမှာ ခေါင်းပေါ်နေတယ်၊ ဒါပေမဲ့ အလောင်းကို တော်တော်လေး ကြိုးစားဆယ်ယူလိုက်ရတယ်၊ အသင်းသူ၊ အသင်းသားတွေလည်း ခက်ခက်ခဲခဲ ဆယ်ယူခဲ့ကြရပြီး အခုတော့ ရင်ခွဲရုံကို ပို့ထားလိုက်ပါတယ်။ သေဆုံးသူကတော့ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးပါဘူး"ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက ပြောသည်။

သေဆုံးသူသည် အသက်(၄၀)နှစ်ဝန်းကျင်ရှိသော အမျိုးသားတစ်ဦးဖြစ်သော်လည်း၎င်းသည် ပန်အန်ကျေးရွာမှ မဟုတ်ကြောင်း၊ အမည်နှင့်နေရပ်ကိုလည်း မသိရှိရသေးကြောင်း နှင့်၎င်းသည် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ ရရှိထားခြင်းမရှိဘဲ သေဆုံးနေသည့်အတွက် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ်ကို စစ်ဆေးလျှက်ရှိပြီး တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၂၁/၂၀၁၆ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ဓာတ်ပုံ - #တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~